ငရုတ်သီးခြောက်စျေးနှုန်းများတည်ငြိမ်နေ

08/05/2020 13:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာ့ငရုတ်သီးအစိုများမှာ စျေးကောင်းနေပေမယ့်လည်း ငရုတ်သီးခြောက်စျေးနှုန်းမှာ တည်ငြိမ်နေကြောင်း မြန်မာ့ငရုတ်သီးစျေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရပါတယ်။

ငရုတ်အစိုမှာ ပြည်ပမှ ဝယ်လိုအားကောင်းနေပြီး စျေးများကောင်းနေသော်လည်း ငရုတ်အခြောက်စျေးနှုန်းမှာ ပြည်တွင်းမှာ တည်ငြိမ်နေလျက်ရှိကြောင်း မြန်မာ့ငရုတ်သီးစျေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဥက္ကဌ ဒေါ်ဥမ္မာကျော်က ပြောပါတယ်။

အစိုကတော့ တရုတ်ကဝယ်လိုအားရှိတော့ စျေးကတော့ တက်လာပါတယ်။ အခြောက်ကတော့ ပုံမှန်အတိုင်းပါပဲ။ စျေးနှုန်းတည်ငြိမ်နေပါတယ်။ ငရုတ်သီးခြောက်တစ်ပိဿာကို ၃၄၀၀ နဲ့ စျေးနှုန်းတည်ငြိမ်နေတာဖြစ်ပါတယ်။

မြန်မာ့ငရုတ်သီးကို မြန်မာနိုင်ငံအထက်ပိုင်းဒေသများနဲ့ အောက်ပိုင်းဒေသများမှာ အများဆုံးစိုက်ပျိုးတာဖြစ်ကြောင်း အဆိုပါအသင်းမှ သိရပါတယ်။

မြန်မာ့ငရုတ်သီးကို တရုတ်နိုင်ငံကို အဓိကထားတင်ပို့နေတာဖြစ်ကြောင်းလည်း မြန်မာ့ငရုတ်သီးစျေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရပါတယ်။

တိုးတိုးခိုင်(ABM)


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်