ကုန်ချောထွက်ရာခိုင်နှုန်းမှာ ၂၅% မှ ၃၅% ဖြစ်သည်။
၁။ လတ်ဆတ်သော ရေချို၊ရေငံငါးများ ရွေးချယ်လက်ခံခြင်း
၂။ ငါးအေကြးထိုး၊ အူထုတ်သန့်စင်ခြင်းနှင့် ကိုင်တွယ်ခြင်း(ငါးအကောင်လိုက်၊ ထက်ခြမ်းခွဲ၊ အမြှောင်းလိုက်၊ ငါးအသားတုံး)
၃။ သန့်ရှင်းသောရေဖြင့်ဆေးခြင်းနှင့် ၁၅ မိနစ်မှ နာရီဝက်ခန့်ရေစစ်ခြင်း။(ငါးအကောင်ကြီးပါက အချိန်ကြာမြင့်စွာ ရေစစ်ရပါမည်)
၄။ သန့်ရှင်း၍ဆားပွင့်သေားသော ဆား ၅% မှ ၁၀% ဖြင့် အခြောက်နယ်ခြင်း သို့မဟုတ် ဆားရည်ပျစ်ပျစ်စိမ်ခြင်း
၅။ ပလတ်စတစ်ခြင်းတွင် အလေးဖိ၍ တစ်ရက် သို့မဟုတ် တစ်ရက်ခွဲခန့်ထားခြင်း
၆။ ဆားအငန်ပေါ့သွားစေရန် ရေဆေးခြင်းနှင့် ရေစစ်ခြင်း။
၇။ အခြောက်လှမ်းစင်ပေါ်တွင် မိုးရေကာဖျင်စ သို့မဟုတ် ပလတ်စတစ်အခင်း ခင်း၍ နေပူတွင် ၂ ရက်မှ သုံးရက်ခန့် နေလှန်းခြင်း( နေလှန်းနေစဉ် ၂ နာရီ၊ ၃ နာရီခြားတခါ အခြောက်ညီစေရန် လှန်းပေးရပါမည်။
၈။ အမျိုးအစား၊ အရွယ်အစားတူရာရွေး၍ ပီနံအိတ် သို့မဟုတ် မြွေရေခွံအိတ်အတွင်းသို့ ပလတ်စတစ်အိတ်ခဲ၍ ထုပ်ပိုးခြင်း။
၉။ အေး၍ခြောက်သွေ့သောနေရာတွင် သိမ်းဆည်းထားခြင်း။

အသုံးပြုနိုင်သော ကုန်ကြမ်းအမျိုးအစားများ
ရေချို၊ ရေငန် ငါးမျိုးစုံ- ငါးရံ့၊ ကက္ကူရံ၊ ကသမျှင်၊ ငါးကျည်း၊ ငါးနုသန်း၊ ငါးတန်၊ ငါးခုံးမ၊ ငါးနှပ်(အာြဗဲ)၊ ငါးကွန်းရှပ်၊ ငါးမဲလုံး၊ ငါးကျီးကန်း၊ ငါးတံခွန်၊ ငါးစင်ရိုင်း၊ ငါးလိပ်စွန်၊ ငါးလိပ်ကျောက်၊ ငါးမြီးတံသွယ်၊ ငါးပုတ်သင်၊ နတ်ကတော်၊ ငါးတီ၊ ငါးနီတူ၊ ငါးဘတ်၊ ငါးကုန်းညို၊ ငါးမြွေထိုး၊ ငါးပုလွေ၊ ကသပိုး။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Farm Link Co.,Ltd
ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more