အစာငတ်မွတ်ပြီး လေးစက္ကန့်ပြည့်တိုင်း လူတစ်ယောက် သေဆုံးနေရဟုဆို

26/09/2022 11:00 AM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

လေးစက္ကန့်တိုင်းမှာ ကမ္ဘာပေါ်က လူတစ်ယောက် ဆာလောင်မွတ်သိပ်မှုကြောင့် သေဆုံးနေရကြောင်း အန်ဂျီအိုအဖွဲ့အစည်း ၂၀၀ ကျော်က  စက်တင်ဘာ ၂၀ ရက်က ထုတ်ပြန်သတိပေးခဲ့ပြီး အတော မသတ်နိုင်တဲ့ ဒီငတ်မွတ်ခေါင်းပါးမှုအကျပ်အတည်းကို အဆုံးသတ်နိုင်ရေး နိုင်ငံတကာရဲ့ တိကျ ပြတ် သားတဲ့ အစီအမံတွေ ချမှတ်ဖော်ဆောင်ဖို့ပါ တောင်းဆိုလိုက်ပါတယ်။

နယူးယောက်မြို့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ စုဝေးရောက်ရှိနေကြတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေထံ လိပ်မူတဲ့ ဒီအိတ်ဖွင့်ပေးစာထဲမှာ Oxfam၊ Save the Children နဲ့ Plan International တို့အပါအဝင် အဖွဲ့အစည်း ၂၃၈ ခုက တစ်ရှိန်ထိုးတက်နေတဲ့ ငတ်မွတ်မှုနှုန်းနဲ့ ပတ်သက်ပြီး မခံမရပ်နိုင်ဖြစ်ရကြောင်း ထုတ်ဖော်ပြသခဲ့ကြပါတယ်။

" မယုံနိုင်လောက်စရာဖြစ်တဲ့ လူဦးရေ ၃၄၅ သန်းခန့်ဟာ ယခုအခါ အလွန်စိုးရိမ်ဖွယ်ရာ ငတ်မွတ်မှုနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီကိန်းဂဏန်းဟာ ၂၀၁၉ ခုနှစ်ကထက် နှစ်ဆကျော် ပိုများလာတာပါ" လို့ သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

"၂၁ ရာစုထဲမှာ အငတ်ဘေးကြီး ထပ်မံမဖြစ်စေရဘူးလို့ ကမ္ဘာ့ခေါင်းဆောင်တွေ ဘယ်လိုပဲ ကတိပေးခဲ့ကြပေမဲ့ ဆိုမာလီယာနိုင်ငံမှာ အငတ်ဘေး ပြန်ဆိုက်ဖို့ နီးနေပါတယ်။ ကမ္ဘာတစ်ဝန်းမှာ နိုင်ငံပေါင်း ၄၅ နိုင်ငံက လူဦးရေ သန်း ၅၀ လောက်ဟာ အစာရေစာ ပြတ်လပ်ဖို့ တဲတဲကလေးသာ လိုတော့တဲ့အခြေအနေမှာ ရှိနေပါတယ်" လို့ ရေးသားထားပါတယ်။

နေ့စဉ် အစာငတ်မွတ်မှုကြောင့် လူပေါင်း ၁၉၇၀၀ အထိ သေဆုံးနေတာကို ထောက်ပြခဲ့ပြီး ဒါဟာ လေးစက္ကန့်ကို တစ်ယောက်နှုန်း သေဆုံးတာနဲ့ ညီမျှကြောင်း အန်ဂျီအိုအဖွဲ့တွေက ပြောပါတယ်။

"စိုက်ပျိုးရေးနည်းပညာတွေ၊ ရိတ်သိမ်းမှုနည်းစနစ်တွေ ဒီလောက် ထွန်းကာနေတဲ့ ၂၁ ရာစုထဲမှာ အငတ်ဘေးနဲ့ ပတ်သက်ပြီး ပြောဆိုနေရတယ်ဆိုတာ ကမ်းကုန်အောင် ဆိုးရွားလွန်းလှပါတယ်" လို့ ပေးစာထဲမှာ ပါဝင်လက်မှတ်ရေးထိုးတဲ့ တစ်ဖွဲ့ဖြစ်တဲ့ Yemen Family Care Association က တာဝန်ရှိ Mohanna Ahmed Ali Eljabaly က ပြောထားပါတယ်။

"တစ်နိုင်ငံတည်း ဒါမှမဟုတ် တိုက်ကြီးတစ်တိုက်ထဲမှာ ဖြစ်နေတာမဟုတ်ပါဘူး။ ငတ်မွတ်မှုဖြစ်တာမှာ အကြောင်းတရားတစ်ခုတည်းကြောင့် ဘယ်တော့မှ မဟုတ်ပါဘူး။ ဒါဟာ လူလောကတစ်ခုလုံးရဲ့ မတရားမှုကြောင့် ဖြစ်ပါတယ်" လို့ ၎င်းက ပြောပါတယ်။

"အသက်ကယ်အစားအစာတွေ ချက်ချင်း ပံ့ပိုးဖို့နဲ့ ရေရှည်အထောက်အပံ့ ပေးအပ်ဖို့ တဒင်္ဂလေးမှ စောင့်ဆိုင်းနေလို့ မရတော့ပါဘူး။ ဒါမှသာ people တွေဟာ သူတို့အနာဂတ် သူတို့ တာဝန်ယူနိုင်ပြီး ကိုယ်တိုင်အတွက်နဲ့ မိသားစုအတွက် လိုအပ်တာတွေ ပံ့ပိုးပေးနိုင်မှာပါ" လို့ ၎င်းက ပြောပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: One person dying of hunger every four seconds: NGOs -AFP

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်