မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အတွင်း ခရမ်းသီးစိုက်ပျိုးရေး တွင်ကျယ်စွာလုပ်ဆောင်နေကြ

18/05/2021 15:00 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အတွင်း ခရမ်းချဉ်သီး ရာသီချိန်အပြီး၌ ခရမ်းသီး(အစိမ်းရောင်)စိုက်ပျိုးရေးကို တွင်ကျယ်စွာလုပ်ဆောင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။

ခရမ်းချဉ်သီး စိုက်ပျိုးရာသီချိန်က ပြီးခဲ့တဲ့လက ပြီးခဲ့တယ်။ အခုကာလကျတော့ ရာသီဥတုက တအားပူပြင်းလွန်းလို့ ခရမ်းချဉ်သီးစိုက်လို့ မသင့်တော်တော့ဘူး။ ခရမ်းချဉ်ပင်တွေ ဖျက်အပြီးမှာ ကျွန်တော်တို့ အခု စိုက်နေကြတာကတော့ ခရမ်းသီးအရှည်(အစိမ်းရောင်)ပါ။ နှပ်စားတဲ့ ခရမ်းသီးမျိုးပါ။ အလုံးအရှည်က ခုနှစ်လက်မ၊ ရှစ်လက်မလောက် ရှည်တဲ့အမျိုးပါ။ သူက ဈေးကွက်ကောင်းတယ်။ တစ်နှစ်ပတ်လည်လုံး စိုက်လို့ရတယ်။ တစ်နိုင်တပိုင် နိုင်သလောက်စိုက်နေကြတာပါ။ ထွက်လာတဲ့ခရမ်းသီးတွေကိုတော့ ပွင့်ဖြူမြို့ကဈေးတွေကို တင်ပို့ရောင်းချကြပါတယ်။

ဟု မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မှ စားဖိုဆောင်သီးနှံစုံ စိုက်ပျိုးထုတ်လုပ်နေသူ ကိုအောင်ချမ်းသာက ပြောသည်။

    နွေခရမ်းစိုက်ပျိုးရေးကို ဇန်နဝါရီလဝန်းကျင်တွင် စတင်စိုက်ပျိုးကြပြီး၊ ဆောင်းခရမ်းစိုက်ပျိုးရေးကို အောက်တိုဘာလဝန်းကျင်တွင် စတင်စိုက်ပျိုးလေ့ရှိကာ နှစ်ပတ်လည်လုံး မပြတ်စိုက်ပျိုးနိုင်ကြောင်း သိရသည်။

ဇန်နဝါရီ၊ ဖေဖော်ဝါရီလက စတင်စိုက်ပျိုးပြီးရင် ဧပြီလကျော်၊ မေလပိုင်းလောက်ဆို ခူးဆွတ်ရောင်းချလို့ရပါပြီ။ စိုက်သက်တမ်းက နှစ်လခွဲပဲ ကြာတော့ ငွေပေါ်တာလည်း မြန်ပါတယ်။ စိုက်ပြီးတာနဲ့ နောက်ထပ် ခြောက်လလောက် ဆက်တိုက်ခူးရောင်းသွားရုံပါပဲ။ ဆောင်းခရမ်းမပေါ်ခင်အချိန်အထိပေါ့။ ခရမ်းစိုက်ပျိုးတာက ပိုးကျများတာကြောင့် ပိုးကိုတော့ နိုင်အောင်လုပ်ရတယ်။ သွင်းအားစုစရိတ်တော့ ကုန်ကျနိုင်ပါတယ်။ ပိုးသတ်ဆေးနဲ့ ကွန်ပေါင်းမြေဩဇာကို ကိုယ်ခြံရဲ့အနေအထားအလိုက် လေးရက်တစ်ပတ်၊ ငါးရက်တစ်ပတ် စသဖြင့် သတ်မှတ်ထားတဲ့အတိုင်း ကျွေးမွေးပေးရတယ်။ ပမာဏနည်းနည်းစီ ပုံမှန်ကျွေးမွေးပေးသွားတာမျိုးဆိုရင်လည်း ကောင်းပါတယ်။

ဟု ကိုအောင်ချမ်းသာက ဆက်လက်ပြောသည်။

    အဆိုပါ ခရမ်းသီးရှည်(အစိမ်းရောင်) စိုက်ပျိုးရေးအတွက် ဧကတစ်ဝက်စာ(0.50%) စိုက်ပျိုးစရိတ်မှာ မျိုးဖိုး၊ သွင်းအားစုစရိတ်တို့အပါအဝင် စုစုပေါင်း (၈) သိန်းကျပ်ဝန်းကျင် ကုန်ကျကြောင်း သိရသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်