စိုက်ပျိုးသူတောင်သူများနှင့်တောတွင်းရှာဖွေရောင်းချသူများ ဝဥဈေးကောင်းနေ၍ အဆင်ပြေနေကြဟုဆို

11/09/2018 12:43 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးဒေသနှင့် တမူးဒေသ တို့မှထွက်ရှိ သည့်ဝဥများကို မုံရွာ၊ မန္တလေးနှင့်မူဆယ်ဘက်မှပွဲစား များလာရောက်၍ ကလေးမြို့တွင် အထိုင်ချကာ ဈေးပြိုင်စနစ်ဖြင့်ဝယ်ယူ နေမှုကြောင့် ဒေသတွင်း ဝဥစိုက်ပျိုးသူတောင်သူများနှင့် တောတွင်း ဝဥရှာဖွေရောင်းချသူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိကာ အဆင်ပြေနေကြကြောင်း ချင်းပြည်နယ် မွာလ်ပီးရွာမှ ဝဥစိုက်တောင်သူ ဦးပေါင်ဇနန်က ပြောဆို သည်။

ဝယ်ယူသူများပြား

 

"ဝဥကို အလုံးအကြီးအသေးပေါ်မူတည်ပြီး ဈေးကွဲပြားမှုရှိပါတယ်။ ဝဥအခြောက်ကလည်း အရောင်အသွေး၊ လှီးထားတဲ့အပြား အကြီး အသေး၊ အကျိုးအပဲ့အကြေစသဖြင့်ပေါ့။ သူ့ဟာနဲ့သူ အစားစားရောင်း ရတယ်။ ဝဥဝယ်ယူနေတဲ့သူတွေများတော့ ဈေးပိုတဲ့နေရာ၊ အလေးမှန်၊ ကတ္တားမှန်တဲ့ပွဲရုံမှာ ရောင်းတယ်။ ပြီးခဲ့တဲ့နှစ်တွေတုန်းက အရောင်း အဝယ်တော့ဖြစ်တယ်၊ အခုလိုဈေးမရဘူး။ အခုတော့ တရုတ်နယ်စပ် ဘက်မှာ အရောင်းအဝယ်ပြန်ဖြစ်တဲ့အတွက် ကလေးမြို့မှာ ဝဥ ဝယ်သူ တွေများတယ်လို့သိရပါတယ်"ဟု ဝဥလာရောက်ရောင်းချသူ တမူးမြို့နယ် ခွဲ ခမ်းပတ်မှ ဦးမင်းမင်းက ပြောဆိုသည်။

ဆက်လက် ဖတ်ရှု့ရန်................


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်