ထမင်းခြောက်ကို သုံးပြီး စွမ်းအင်ဖြည့်ဘား ပြုလုပ်နည်း

03/04/2025 15:00 PM တွင် ဒေါ်သက်သက်နွယ် ဒေါ်သက်သက်နွယ် မှ ရေးသား

Energy Bar (စွမ်းအင်ဖြည့်ဘား) ပြုလုပ်နည်းကို အိမ်တွင်လွယ်ကူစွာပြင်ဆင်နိုင်ပြီး အောက်ပါ ပါဝင်ပစ္စည်းများနဲ့ လုပ်ဆောင်နိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ထမင်းခြောက် ၁ ခွက် 
  • မြေပဲထောပတ်  ၂ ဇွန်း
  • သစ်သီးခြောက်များ (ဥပမာ - စပျစ်သီးခြောက်၊ ဟင်းနုနွယ်ခြောက်၊  ကြက်သွန်နီခြောက်)
  • အခွံမာသီး (ဗာဒံစေ့၊ သီဟိုဠ်စေ့)၊ မြေပဲ ပဲလုံးကြော်၊ နှမ်းလှော် စသဖြင့် 
  • ချောကလက်ခဲ မရှိလျှင်ပျားရည်  (သို့) မပျစ်သော သစ်သီးသကာရည် ၁ ၁ွက်
  • သစ်ကြံပိုးခေါက် အနည်းငယ် (အရသာထည့်လိုပါက)

ပြုလုပ်နည်းအဆင့်ဆင့်

  • ဒယ်အိုးတစ်လုံးတွင် ထမင်းခြောက်ကို ဆီမထည့်ဘဲ လှော်ပါ (အနံ့မွှေးပြီး ရွှေရောင်သန်းလာသည်အထိ)။           
  • လှော်ထားသော ထမင်း၊ အခွံမာသီး၊ သစ်သီးခြောက်များကို ခွက်တစ်ခုတွင် ရောထည့်ပါ။ ပျားရည် (သို့) သကာရည်၊ မြေပဲထောပတ် ဆားအနည်းငယ်တို့ကို ထည့်ပြီး သမအောင် မွှေပေးပါ။
  • ပြင်ဆင်ထားသော အနှစ်ကို မုန့်ဖုတ်မည့်ပန်းကန် (သို့) စက္ကူခင်း၍ ညီညာစွာဖြန့်ပါ။
  • လက်ဖြင့် ဖိညှပ်ပြီး လိုသလောက် ပုံဖော်ပါ။
  • ရေခဲသေတ္တာထဲတွင် အနည်းဆုံး ၂ နာရီထားပါ (မာလာပါက လွယ်ကူစွာ လှီးနိုင်သည်)။ လိုအပ်သလို ပုံစံ လှီးပြီး သိုပါကင်ထုတ်ပိုး လှောင်နိုင်ပါသည်။

မှတ်ချက်

သကြားလျှော့စားလိုပါက ပျားရည်အစား သဘာဝသစ်သီးစိမ်းများ (ငှက်ပျောသီး၊ ပန်းသီး) ထည့်နိုင်ပါသည်။ ပရိုတင်းဓာတ်တိုးချင်လျှင် Protein Powder အနည်းငယ်ထည့်နိုင်ပါသည်။

သစ်သီးခြောက်တွေမရှိလျှင် ဟင်းသီးဟင်းရွက်ခြောက်များ ထည့်နိုင်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်