အပူပိုင်းဇုန်မှ တောင်သူအတွက် ရာသီဥတု ဖောက်ပြန်မှုများကို ကာကွယ်နိုင်ရန် ပြင်ဆင်မှုများ လုပ်ဆောင်သွားမည်

11/02/2019 13:35 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အပူပိုင်းဇုန်တွင် နေထိုင်သည့် တောင်သူလယ်သမားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးနှင့် ရာသီဥတု ဖောက်ပြန်မှုများကို ကြံ့ကြံ့ခိုင် ရင်ဆိုင်ကျော်လွန်နိုင်ရေးတို့အတွက် ထိရောက်မှုရှိသည့် အစီအမံများ ချမှတ်လုပ်ဆောင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ သတင်းရရှိသည်။

မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းဇုန်တွင် ပါဝင်သည့် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ် ကိုင်းတိုင်းဒေသကြီးတို့တွင် အဓိကလုပ်ဆောင်သွားမည်ဖြစ်ပြီး လက်ရှိအဆိုပါ ဒေသများတွင် ရာသီဥတု ဖောက်ပြန်မှုများကြောင့် သီးနှံများ ဆုံးရှုံးရခြင်း၊ မိုးရေချိန် မမှန်ခြင်းကြောင့် သီးနှံများ ဖြစ်ထွန်းမှုထိခိုက်ခြင်း၊ သ ဘာဝဘေးအန္တရာယ်ကြောင့် လူမှုစီးပွားဘဝများ ထိခိုက်ရခြင်း စသည်တို့အတွက် ထိရောက်စွာ ဆောင်ရွက် မည့် စိုက်ပျိုးရေးအစီအမံများ လိုအပ်လျက်ရှိနေပြီး လယ်ယာကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအရ အပူပိုင်းဇုန် ဒေသများတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစားပေးကဏ္ဍအလိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ၏ အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော်က ပြောသည်။

ဆောင်းပါးအပြည့်အစုံဖတ်ရန်


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်