ပြည်ပနိုင်ငံများကို အခြားသရက်သီးမျိုးများတင်ပို့နေ

08/07/2019 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ယခုနှစ်အတွင်း ပြည်ပနိုင်ငံများကို စိန်တလုံးသရက်အပြင် အခြားသရက်မျိုးများပါ ပိုမိုတင်ပို့နေရကြောင်း မြန်မာ့သရက် ဈေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရပါတယ်။

အခုနှစ်မှာက စိန်တလုံးသရက်မျိုးအပြင် ပတ္တမြားငမောက်၊ ရွှေဟင်္သာ စတဲ့အခြားသရက်မျိုးများ ပြည်ပနိုင်ငံများက ဝယ်ယူလာတဲ့အတွက် ပိုမိုတင်ပို့နိုင်တာဖြစ်တယ်လို့ မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ အလုပ်အမှုဆောင် ဦးကျော်စွာဟိန်း ကပြောပါတယ်။ 

“ ဒီနှစ်က အရင်နှစ်တွေနဲ့မတူဘူး။ သရက်သီးတန်ချိန်တွေလည်း အရင်နှစ်ကထက် ပိုမိုတင်ပို့နိုင်တယ်။ အရင်နှစ်ကဆို စိန်တလုံးကိုပဲ အဓိကတင်ပို့နိုင်ခဲ့တာ။ အခုက ပြည်ပနိုင်ငံတွေက ပတ္တမြားငမောက်၊ ရွှေဟင်္သာ အဲဒီမျိုးတွေပါ ဝယ်လာတာတွေရှိလာတော့ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်”

ယခုနှစ်အတွင်း စိန်တလုံး၊ ပတ္တမြားငမောက်၊ ရွှေဟင်္သာ၊ မယ်သီနဲ့ သုံးနှစ်သရက်သီးအမျိုးအစားများကို ပြည်ပနိုင်ငံများမှ ဝယ်ယူမှုများရှိလာကြောင်း အဆိုပါအသင်းမှသိရပါတယ်။

မြန်မာ့သရက်ကို တရုတ်၊ စင်ကာပူနဲ့ ရှရှားနိုင်ငံများကို အသီးအပြင် တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်တင်ပို့မှုများ ရှိနေတာဖြစ်ကြောင်း မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေး အသင်းမှသိရပါတယ်။ 

တိုးတိုးခိုင်(ABM)


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်