ယခုနှစ်အတွင်း မြန်မာ့ကော်ဖီ တန်ချိန် (၅၀၀)တင်ပို့သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံကော်ဖီအသင်းမှ သိရပါတယ်။
ပြင်ဦးလွင် နဲ့ရွာငံမှ မြန်မာ့ကော်ဖီ တန်ချိန် (၅၀၀)ကို မေလကုန်မှ စတင်ကာ တင်ပို့သွားမှာဖြစ် ကြောင်း မြန်မာနိုင်ငံကော်ဖီအသင်းမှ ဒုတိယဥက္ကဌ ဦးစိုင်းဝမ်ကပြောပါတယ်။
“ ကော်ဖီရာသီပို့ချိန်ရောက်တော့မှာဆိုတော့ ဒီမေလကုန်ကနေ စတင်ပြီး တင်ပို့သွားဖို့လုပ်ဆောင်နေပါတယ်။ ပြင်ဦးလွင်နဲ့ ရွာငံက ကော်ဖီတန်ချိန်စုစုပေါင်း (၅၀၀) ဝန်းကျင် လောက်ကို ဒီနှစ်ထဲမှာ တင်ပို့ဖို့မှန်းထားပါတယ်”
မြန်မာ့ကော်ဖီကို အမေရိက ၊ ဂျာမနီ ၊ ဂျပန် ၊ ကိုရီးယား ၊ ဘယ်လ်ဂျီယံ ၊ ဒူဘိုင်း ၊ စင်ကာပူ နဲ့ ရုရှား နိုင်ငံအပါအဝင် နိုင်ငံ(၁၃)နိုင်ငံကို တင်ပို့နေတာဖြစ်ကြောင်းလည်းသိရပါတယ်။
ယခင်ဘဏ္ဍာနှစ်ကလည်း မြန်မာ့ကော်ဖီတန်ချိန် (၅၀၀)ဝန်းကျင်တင်ပို့နိုင်ခဲ့ပြီး ကော်ဖီတစ်တန်ကို အမေရိကန်ဒေါ်လာ (၄၅၀၀) မှ အမေရိကန်ဒေါ်လာ (၇၀၀၀)ဝန်းကျင်ထိ ရရှိခဲ့ကြောင်းလည်း မြန်မာနိုင်ငံကော်ဖီအသင်းမှသိရပါတယ်။
တိုးတိုးခိုင် (ABM)
Farm Link Co.,Ltd
ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more