ယခုနှစ်အတွင်း ထိုင်းနိုင်ငံကို အစေ့ထုတ်ပြောင်း တန်ချိန်လေးသိန်းထိ တင်ပို့ထားပြီးပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ပြောင်းစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။
မြန်မာ့အစေ့ထုတ်ပြောင်းကို အခုနှစ် ဧပြီလမှစတင်ကာ ထိုင်းနိုင်ငံမှ စတင်ဝယ်ယူမှုများ ရှိလာတဲ့ အတွက် အခုလက်ရှိအချိန်ထိ တန်ချိန်လေးသိန်းခန့် တင်ပို့နိုင်ခဲ့တာဖြစ်တယ်လို့ မြန်မာနိုင်ငံ ပြောင်းစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ ဥက္ကဌ ဦးမင်းခိုင် ကပြောပါတယ်။
“ တရုတ်ဘက်က သူတို့ပေါ်လစီကြောင့် ဝယ်ယူမှုမရှိခဲ့တာကြာပါပြီ။ အခု ဒီနှစ်မှာ ထိုင်းနိုင်ငံနဲ့ အစေ့ထုတ်ပြောင်းတင်ပို့ဖို့ ဆွေးနွေးခဲ့တယ်။ ဧပြီလမှာ စပြီးတင်ပို့ခဲ့တာပါ။ ဒီလကုန်ထိပဲ တင်ပို့ရတော့မယ်။ ဟိုဘက်မှာကျတော့ နောက်လဆို ပြောင်းထွက်တဲ့ရာသီ ရောက်နေပြီဆိုတော့ မဝယ်တော့ဘူး။ အခုလက်ရှိထိဆို တန်ချိန်လေးသိန်းခန့်လောက် တင်ပို့ပြီးသွားပြီ”
မြန်မာ့အစေ့ထုတ်ပြောင်းကို ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အဓိကထားစိုက်ပျိုးလျက်ရှိနေပြီး ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ အခြားပြည်နယ်များတွင်လည်း စိုက်ပျိုးလျက်ရှိကြောင်း အဆိုပါအသင်းမှသိရပါတယ်။
အစေ့ထုတ်ပြောင်းကို တရုတ်နိုင်ငံကို အဓိကထားစိုက်ပျိုးလျက်ရှိနေပြီး အခုလက်ရှိမှာ ထိုင်းနိုင်ငံကို တင်ပို့နေတာဖြစ်ကြောင်းလည်း မြန်မာနိုင်ငံ ပြောင်းစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။
တိုးတိုးခိုင်(ABM)
Farm Link Co.,Ltd
ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more