မြန်မာ့သရက်သီးကို တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်ကာ ပြည်ပနိုင်ငံများကို တင်ပို့နေကြောင်း မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရပါတယ်။
မြန်မာ့သရက်ကိုအခြောက်ခံပြီး တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပြည်ပနိုင်ငံများကို တင်ပို့နေတာ ဖြစ်တယ်လို့ မြန်မာ့သရက် ဈေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေး အသင်းမှ အလုပ်အမှုဆောင် ဦးကျော်စွာဟိန်း ကပြောပါတယ်။
“ သရက်သီးတွေဝယ်ပြီးတော့ တန်ဖိုးမြှင့်ထုတ်ကုန်တွေထုတ်လုပ်ပြီး ရရှားတို့ တရုတ်တို့ကို တင်ပို့ နေပါတယ်။ သရက်သီးမှည့်ခြောက် ၊ သရက်သီးအနှစ်တွေကို တင်ပို့နေတာပေါ့။ အခြားပုံစံမျိုးနဲ့ တန်ဖိုးမြှင့်ထုတ်ကုန်တွေအဖြစ်လည်း တင်ပို့နေတာတွေရှိပါတယ်”
ရုရှားနိုင်ငံကို မြန်မာ့သရက်သီး တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် အများဆုံးတင်ပို့နေတာဖြစ်ကြောင်းအဆိုပါအသင်းမှ သိရပါတယ်။
မြန်မာ့သရက်များဖြစ်တဲ့ စိန်တလုံး၊ ပတ္တမြားငမောက်၊ ရွှေင်္ဟသာ၊ မယ်သီ နဲ့ သုံးနှစ်သရက်သီးများကို ပြည်ပဈေးကွက်များကို တင်ပို့နေတာဖြစ်ကြောင်း မြန်မာ့သရက်ဈေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုး တက်ရေးအသင်းမှသိရပါတယ်။
တိုးတိုးခိုင်(ABM)
Farm Link Co.,Ltd
ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more