မြန်မာ့လျှော်ဖြူကို ပြည်ပစျေးကွက်သစ်နိုင်ငံများကို တင်ပို့ရောင်းချနေ

04/02/2020 10:16 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ယခုနှစ်အတွင်း မြန်မာ့လျှော်ဖြူကို ပြည်ပစျေးကွက်သစ်နိုင်ငံများကို တင်ပို့ရောင်းချနေတာဖြစ်ကြောင်း မြန်မာနိုင်ငံ လျှော်ဖြူစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှသိရပါတယ်။ 

လျှော်ဖြူကို ဒီနှစ်အတွင်းမှာ အခြားပြည်ပစျေးကွက်သစ် နိုင်ငံတွေဖြစ်တဲ့ ကိုရီးယား ၊ဂျပန်နိုင်ငံတွေကို တင်ပို့နေတာဖြစ်တယ်လို့ မြန်မာနိုင်ငံလျှော်ဖြူစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ အတွင်းရေးမှူး ဦးဟိန်းထက်ကပြောပါတယ်။ 

မြန်မာ့လျှော်ဖြူကို ပို့တာကတော့ တရုတ်ကိုအဓိကထား တင်ပို့နေတာပါ။ ဒါပေမယ့် အခုဒီနှစ်မှာကျတော့ ပြည်ပစျေးကွက်သစ်အနေနဲ့ တင်ပို့နေတာတွေရှိတယ်။ ကိုရီးယားနဲ့ ဂျပန်နိုင်ငံတွေကို တင်ပို့နေတာတွေတော့ ဒီနှစ်မှာစျေးကွက်သစ်အနေနဲ့ရှိတာပေါ့

မြန်မာ့လျှော်ဖြူကို တရုတ်နိုင်ငံကို အဓိကထားတင်ပို့နေပြီး အခြားပြည်ပစျေးကွက်သစ်များဖြစ်တဲ့ အိန္ဒိယ၊ ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့ကို တင်ပို့နေတာဖြစ်ကြောင်းလည်းသိရပါတယ်။ မြန်မာလျှော်ဖြူစျေးနှုန်းမှာလည်း အရင်နှစ်ကထက် စျေးနှုန်းကျဆင်းမှုကြောင်း ရှိကြောင်း မြန်မာနိုင်ငံလျှော်ဖြူစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။ 

တိုးတိုးခိုင်(ABM)

 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်