ဈေးကွက်ကောင်းမွန်ခိုင်မာသည့် စပျစ်ပင်ကို စိုက်ဧကများတိုးချဲ့စိုက်ပျိုးလာ

05/07/2021 11:00 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    စပျစ်သီးဈေးကွက် ကောင်းမွန်ခိုင်မာနေသည့်အတွက် ရှိရင်းစွဲ စပျစ်စိုက်ဧကများမှ ထပ်မံတိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရသည်။

ကျွန်တော်တို့ ရမည်းသင်းဒေသလောက်တော့ စပျစ်စိုက်ပျိုးမှု မများသေးပေမယ့်လည်း တခြားဒေသတွေမှာလည်း စပျစ်ကို နည်းနည်းချင်းစစိုက်လာကြပြီ။ အခုနောက်ပိုင်းဆိုရင် ပြည်ပမှာ အလုပ်သွားလုပ်နေသူတွေတောင် မြန်မာပြည်ပြန်လာတဲ့အခါ စပျစ်စိုက်ပျိုးရေးကို စီးပွားဖြစ်လုပ်ကိုင်ဖို့အတွက် စိတ်ပါဝင်စားလို့ အချိန်ယူလေ့လာကြတယ်။ စပျစ်စိုက်ပျိုးရေးကို အွန်လိုင်းကနေ တစ်နှစ်လောက် အချိန်ပေးလေ့လာကြတယ်။ ပြီးတော့မှ စိုက်ရက်ကို တွက်ဆပြီး မြန်မာပြည်ပြန်လာပြီး စိုက်ပျိုးကြမယ်။ အခုနှစ်ဆိုရင် စိုက်ပျိုးရာသီချိန်တောင် မရောက်သေးဘူး။ မျိုးကောင်းမျိုးသန့်တွေရဖို့အတွက် စာရင်းကြိုပေး မှာယူသူတွေတောင် ရှိပါတယ်။

ဟု မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ရွာတန်းဒေသရှိ လပြည့်ဝန်းစပျစ်စိုက်ပျိုးရေးခြံမှ စီမံအုပ်ချုပ်သူ ကိုမင်းဆက်ပိုင်က ပြောသည်။

    စပျစ်သီးပင်သည် နှစ်ရှည်ပင်အမျိုးအစားဖြစ်သည့်အပြင်၊ စပျစ်သီး အသီးဈေးကွက်အပြင် စပျစ်ဝိုင်ထုတ်လုပ်ရောင်းချသည့် ဈေးကွက်မှာလည်း ကောင်းမွန်ခိုင်မာနေသည့်အတွက် ကျန်တိုင်းဒေသကြီးတချို့မှလည်း စိတ်ပါဝင်စား စိုက်ပျိုးကြသူများ ရှိလာခြင်း ဖြစ်သည်။

စပျစ်သီးပင်ကို စီးပွားဖြစ် စတင်စိုက်ပျိုးဖို့အတွက်ဆိုရင် စိုက်နည်းစနစ်နားလည်ဖို့အပြင် မျိုးကောင်းမျိုးသန့် ရရှိဖို့လည်း လိုအပ်ပါတယ်။ ပျိုးပင်တွေကို ကျွန်တော်တို့ဒေသမှာက နိုဝင်ဘာလလောက်မှာ စပြီးပျိုးထောင်တယ်။ ပျိုးပင်ရင့်အောင် နှစ်လအချိန်ယူပြီး၊ ဒီဇင်ဘာ၊ ဇန်နဝါရီလတွေမှာမှ မျိုးတွေကိုဖြန့်ပေးတာပါ။ ကျွန်တော်တို့ဆီက မျိုးထုတ်လိုက်တာနဲ့ စစိုက်မယ့်လူတွေက တန်းစိုက်ပျိုးလို့ရပါပြီ။ ဈေးကွက်မှာတော့ ကျွန်တော်တို့ ရမည်းသင်းဒေသက စပျစ်မျိုးတွေက ဈေးနည်းနည်းပိုတယ်။ ဈေးကြီးလည်း ဈေးကြီးတဲ့အလျှောက် ဝယ်ယူကြပါတယ်။

ဟု ကိုမင်းဆက်ပိုင်က ဆက်လက်ပြောသည်။

    မြန်မာနိုင်ငံတွင် စပျစ်သီးပင်စိုက်ပျိုးရေးကို မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းဒေသတွင် စိုက်ဧကပမဏအများဆုံးဖြစ်သည်။ စပျစ်စိုက်ပျိုးရာတွင် အများစုမှာ မိရိုးဖလာ (စင်တင်စိုက်နည်းစနစ်) ဖြင့်သာ စိုက်ပျိုးခဲ့ကြပြီး ယခုနောက်ပိုင်းကာလများတွင် အတန်းလိုက် (ကြိုးတန်းစနစ်) စိုက်ပျိုးနည်းဖြင့် စမ်းသပ်စိုက်ပျိုးသူများလည်း များပြားလာကြောင်း သိရသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်