အဝယ်ဒိုင်တချို့ ပိတ်သိမ်းထားသဖြင့် ပလောပီနံစိုက်ပျိုးသူများ အခက်ကြုံတွေ့နေ

10/07/2020 10:30 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    ဧရာဝတီတိုင်းတွင် ဖွင့်လှစ်ထားသည့် ပလောပီနံ အဝယ်ဒိုင်တချို့ ပိတ်သိမ်းသဖြင့် ပလောပီနံစိုက်ပျိုးသူများ အခက်ကြုံတွေ့နေကြောင်း သိရသည်။

    ၂၀၁၉ ခုနှစ်က ပလောပီနံအမှုန့် တစ်ပိဿာလျှင် ၁,၂၀၀ ကျပ်၊ ၂၀၂၀ ခုနှစ် မေလအကုန်ပိုင်းတွင် ပလောပီနံအမှုန့် တစ်ပိဿာလျှင် ၈၅၀ ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားခဲ့ကြပြီး ယခုအခါ ဈေးကွက်မသေချာသည့်အခြေအနေကို တောင်သူများကြုံတွေ့နေရသည်။

ကျုံပျော်မှာ လာဖွင့်ထားတဲ့ ပလောပီနံဒိုင်ကလည်း အဝယ်ပိတ်ထားပါတယ်။ ဒီဖြစ်ရပ်က Covid-19 နဲ့ အများကြီး သက်ဆိုင်နေပါတယ်။ ပလောပီနံအမှုန့်ဈေးတွေ လုံးဝမကောင်းတော့ဘူး။ တစ်ပိဿာကို ကျပ် ၇၀၀ ဈေးနဲ့ ရောင်းပေးမယ်ဆိုတာတောင် အဝယ်ဒိုင်က မဝယ်တော့ပါဘူး။ အိမ်မှာဆို အိတ် ၁,၀၀၀ လောက် မရောင်းရဘဲကျန်နေပါတယ်။

ဟု ဧရာဝတီတိုင်း၊ ကျုံပျော်မြို့၊ အင်းရဲကျေးရွာရှိ ရွှေပုစွန်ပလောပီနံစက်မှ ဦးသန်းလတ် (ခ) ကိုလတ်ကြီး က ပြောသည်။

    ပလောပီနံစိုက်ပျိုးပါက တစ်ဧက စိုက်ပျိုးစရိတ် ပျမ်းမျှ (၃၀၀,၀၀၀)ကျပ် ကုန်ကျပြီး တစ်ဧကလျှင် ကလောဥ (၄,၅၀၀) ပိဿာ ထွက်ရှိသည်။ အဆိုပါ ကလောဥမှ ထုတ်လုပ်သည့် ကလောအမှုန့်ကို စားသောက်ဖွယ်ရာများ ပြုလုပ်ရာတွင် အသုံးပြုကြောင်း သိရသည်။

ကလောဥ(ပလောဥ)ပိဿာတစ်ရာကို ကလောအမှုန့် အချိန် ၃၀ ထွက်ပါတယ်။ လာမယ့်နှစ်တော့ ဈေးကွက်အခြေအနေက ဘယ်လိုလာဦးမလဲ မသိသေးဘူး။ ဒီဒေသတဝိုက်မှာက ကလောစိုက်ပျိုးသူလည်း များတယ်။

ဟု ဦးသန်းလတ်က ဆက်လက်ပြောသည်။

    ပလောပီနံကို ဧရာဝတီတိုင်းဒေသကြီးရှိ ကျုံပျော်၊ ကျောင်းကုန်း၊ အထောင် ဒေသများတွင် အများဆုံး စိုက်ပျိုးနေပြီး စိုက်ပျိုးသူများမှ ပလောပီနံဥကိုအခြောက်ခံကာ အမှုန့်ပြုလုပ်၍ ရန်ကုန်ရှိပွဲရုံများသို့ တင်ပို့ရောင်းချခြင်းဖြစ်သည်။

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်