ယခုရက်ပိုင်း မိုးရွာသွန်းမှုကြောင့် မိုးနှမ်းစတင်စိုက်ပျိုးထားသူများ အခက်အခဲ ကြုံတွေ့ရကြောင်း စစ်ကိုင်းတိုင်းရှိ နှမ်းစိုက်တောင်သူများက ဆိုသည်။
မိုးနှမ်းစိုက်ပျိုးထားပြီးနောက် မိုးရွာသွန်းမှုကြောင့် နှမ်းရွက်များ အထွတ်ထွတ်ထကာ အပင် ရှေ့ဆက်မတက် (မကြီးထွား) ခြင်း၊ အပင်ယိုင်ခြင်းများကို ကြုံတွေ့နေရခြင်း ဖြစ်သည်။
ပိုးကတော့ စုပ်စားပိုးကျတာလို့ ပြောတာပဲ။ အခု ဆေးပက်နေကြရတယ်။ အဆင်မပြေဘူး။ စိုက်ပျိုးရေးဦးစီးဌာနကတော့ တစ်ခုခုဖြစ်ရင် အကြောင်းကြားဖို့ ပြောပါတယ်။
ဟု စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ရေထွက်ကျေးရွာမှ ဦးလှဝင်းဆွေ က ပြောသည်။
စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်တွင် ဧပြီလ (၃၀) ရက်တွင် တစ်ကြိမ်၊ မေလ (၂) ရက်နေ့တွင် တစ်ကြိမ် မိုးကြီးရွာသွန်းခဲ့ပြီး နှမ်းစိုက်တောင်သူများ ယခုကဲ့သို့ ကြုံတွေ့ရခြင်းဖြစ်သည်။
ဒီကြားထဲလည်း မိုးက နည်းနည်း တဖြောက်ဖြောက်တော့ ကျနေသေးတယ်။ အခု ၂ ရက်၊ ၃ ရက်လောက်မှ ဆက်မကျတော့ပဲ ပြန်လင်းသွားတော့တာ။ နှမ်းခင်းတွေကလည်း ဒီပုံစံအတိုင်းသာဆို ပျက်ကုန်လောက်တယ်။ အပင်ပေါက်စလေးတွေနဲ့ မိုးကျကုန်တာဆိုတော့လေ။ အပင်လေးတွေက လိပ်ပြီး ခွေသွားတာ။
ဟု နှမ်းစိုက်တောင်သူ ဦးဝေလင်းမောင် က ပြောသည်။
မြန်မာနိုင်ငံတွင် နှမ်းကို စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် အများဆုံး စိုက်ပျိုးကြပြီး၊ မိုးနှမ်းကို မေလဆန်းတွင် စတင်စိုက်ပျိုးကြသည်။
Farm Link Co.,Ltd
ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more