facebook ကိုလုံခြုံအကျိုးရှိစွာ အသုံးပြုခြင်းနည်းလမ်းများ (၂)

25/06/2023 15:00 PM တွင် Okkar Okkar မှ ရေးသား

မင်္ဂလာပါ

အရင်အပတ်မှာ စာဖတ်သူများကို Facebook မှာ Profile Lock လုပ်ပုံအဆင့်ဆင့်ကို ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ဆိုတော့ ဒီတစ်ပတ်မှာ Facebook ကို လုံခြုံအောင် အသုံးပြုလို့ရမယ့် Settings များကိုဆက်လက်ဖော်ပြပေးသွားပါမယ်။

Facebook ကဲ့သို့ လူမှုမီဒီယာများကိုအသုံးပြုတဲ့အခါမှာ ကိုယ်ပိုင်အကောင့်တစ်ခုလိုအပ်ပါတယ်။ အကောင့်ကိုဖန်တီးပြီး ဝင်ရောက်အသုံးပြုတဲ့အခါမှာ အသုံးပြုသူရဲ့ အကောင့်ကို တခြားသူများ ဝင်ရောက်အသုံးမပြုနိုင်အောင် လုံခြုံရေးလျို့ဝှက်နံပါတ်( Password) အမြဲထားရရှိရပါတယ်။

အသုံးပြုသူက ၎င်းရဲ့ လူမှုမီဒီယာအကောင့်ကို တခြားသူများ ဝင်ရောက်အသုံးပြုနေတယ်လို့ သံသယရှိပါက လုံခြုံရေးလျို့ဝှက်နံပါတ်ကို ချက်ခြင်းပြောင်းရန်လိုအပ်ပါတယ်။

Facebook တွင်လျို့ဝှက်နံပါတ်ပြောင်းပုံအဆင့်ဆင့်ကို ပုံတွင်တကွအောက်တွင်ဖော်ပြထားပါတယ်။

ပုံ (၁) တွင်ပြထားသည့်အတိုင်း Settings & privacy အောက်တွင်ရှိသော Settings ကိုနှိပ်ပါ။

ပုံ (၂) တွင်ပြထားသည့်အတိုင်း Password and security ကိုနှိပ်ပါ။ Meta accounts center  ထဲသို့ဝင်သွားပါလိမ့်မည်။ ထို့နောက် Password and security ကိုထပ်နှိပ်ပါ။

ပုံ (၃) တွင်ပြထားသည့်အတိုင်းရောက်ရှိသွားပါမည်။

ပုံ (၄) တွင်မြင်ရသည့်အတိုင်း လက်ရှိအသုံးပြုနေသာ password နှင့် ပြောင်းလို့သော password ကိုထည့်၍ Facebookအကောင့် ၏လျို့ဝှက်နံပါတ်ကို ပြောင်းလဲနိုင်သည်။

 Facebook ရဲ့လျို့ဝှက်နံပါတ်ပြောင်းလဲပုံအဆင့်ဆင့်ကို သိသွားပြီဆိုရင်တော့ လျို့ဝှက်နံပါတ်ကို ဘယ်လိုထားသင့်လဲဆိုတာထပ်မံပြောပြပေးသွားပါမယ်။

လျို့ဝှက်နံပါတ်ဆိုတာ တခြားသူများမသိအောင်၊ မခန့်မှန်းနိုင်အောင် ထားရမယ့်အရာဖြစ်ပါတယ်။

တခြားသူတွေက မိမိရဲ့ လျို့ဝှက်နံပါတ်ကိုအလွယ်တကူ ခန့်မှန်းနိုင်နေမယ်ဆိုရင် လုံခြုံမှုရှိတော့မှာ မဟုတ်ပါဘူး။

ဒါကြောင့် လုံခြုံခိုင်မာတဲ့လျိုဝှက်နံပါတ်ကိုထားမယ်ဆိုရင် 

  • ကိုယ်ရေးကိုယ်တာအချက်အလက်များမပါဝင်ရ။

(ဥပမာ - မိမိနာမည်၊ မွေးသက္ကရာဇ်၊ မှတ်ပုံတင်နံပါတ်၊ ဖုန်းနံပါတ်၊ လိုင်စင်နံပါတ် စသည်ဖြင့်)

  • ကိုယ့်မိသားစုဝင်၊ မိတ်ဆွေ၊ ချစ်သူတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်များ မပါဝင်ရ ။
  • ကိုယ်ရဲရှေ့ လူသိများတဲ့ အမှတ်တရနေ့ရက်များ၊ နေ့စွဲများမပါဝင်ရ။

(ဥပမာ - ချစ်သူဖြစ်နေ့တဲ့၊ မင်္ဂလာဆောင်တဲ့နေ့)

  • အစဉ်လိုက်အက္ခရာ များ ၊ ဂဏန်းများ မပါဝင်ရ ။

(1,2,3,4,5,6,7 , a,b,c,d,e,f,g, z,y,x,w,v)

  • လျိုဝှက်နံပါတ်ပေးတဲ့အခါ နာမည်တွေဂဏန်းတွေညှပ်ပေးရင်ပိုကောင်းပါတယ်။ အထူးသဖြင့် Special Characters များထည့်ရင်ပိုကောင်းပါတယ်။

(ဥပမာ - !@#$%^&*()_+)

လျို့ဝှက်နံပါတ်ဘာတွေထားရမယ်ဆိုတာ သိသွားပြီဆိုတော့ စာဖတ်သူများနောက်ဆို Facebook မှာဘဲဖြစ်ဖြစ်၊ တခြားသော နေရာတွေမှာ လျို့ဝှက်နံပါတ်ထားမယ်ဆိုရင် အပေါ်ကအချက်လေးတွေကို မေ့မထားဖို့ မှာချင်ပါတယ်ဗျ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဆွေးနွေးချက်များ

ဆွေးနွေးရန်