မှိုစိုက်နည်းမကျွမ်းကျင်ပါက အရှုံးပေါ်နိုင်

25/02/2020 10:30 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ကောက်ရိုးမှို စိုက်ပျိုးနည်းစနစ်ကို စနစ်တကျမတတ်ကျွမ်းပဲ စိုက်ပျိုးသူများမှာ မှန်းချက်နှင့်နှမ်းထွက် မကိုက် အရှုံးပေါ်နိုင်ကြောင်း စီးပွားဖြစ်စိုက်ပျိုးနေသူများက ဆိုသည်။

စိုက်ပျိုးပြီး (၉)ရက်မှ (၁၄)ရက်အတွင်း ငွေပြန်ပေါ်သည့် မှိုစိုက်ပျိုးရေးလုပ်ငန်းကို လက်တလော စိတ်ပါဝင်စားသူ များပြားသော်လည်း စနစ်တကျမစိုက်ပျိုးတတ်ခြင်းကြောင့် အရှုံးပေါ်သူများလည်း ရှိနေသည်။

မှိုစိုက်ပျိုးသူတွေ ကြုံနေရတာတော့ အမျိုးမျိုးပါဘဲ။ တစ်ဦးနဲ့တစ်ဦး မတူညီကြပါဘူး။ စိုက်ပျိုးရာမှာ အလေးထားသင့်တဲ့ အချက်တွေကို အလေးမထားခဲ့တဲ့အတွက် တက်လာတဲ့ပြဿနာတွေကို ခါးစည်းခံနေရသူတွေလည်း တွေ့ရပါတယ်။ အဆိုးဆုံးကတော့ စိုက်ပျိုးနည်းစနစ် အတိမ်အနက်ကို တစ်ခုမှ ရေရေရာရာမသိသေးပဲ စိုက်နေကြတာရယ်၊ သိသယောင်ထင်တာရယ်ကြောင့် အရှုံးပေါ်ကြတာပါ

ဟု စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ ကံပြားလေးမှိုခြံမှ ကောက်ရိုးမှိုစီးပွားဖြစ် စိုက်ပျိုးသူ ကိုသိန်းသန်းမောင်မောင်က ပြောသည်။

ကောက်ရိုးမှိုစိုက်ပျိုးရာတွင် အဓိကကြုံတွေ့ရသည့် စိုက်ပျိုးနည်းဆိုင်ရာ အခက်အခဲများမှာ 

(၁)မှိုမျှင်မဆင်းခြင်း၊ (၂)မှိုသန္ဓေ မခဲခြင်း၊ (၃)မှိုဥများ ရိရော်ခြင်း၊ (၄)မှိုဥများ မဲခြင်း၊ (၅)မှိုဥများ ဖော့လိုပေါ့ခြင်း၊ (၆)မှိုဥများ သေးငယ်ခြင်း (၇)မှိုထွက်နှေးခြင်း စသည်တို့ ဖြစ်ပြီး၊ အရင်းအနှီး စိုက်ထုတ်နိုင်သည့် အင်အားမရှိခြင်းနှင့် စျေးကွက်သို့ အလျှင်မီအောင်မပို့နိုင်ခြင်း စသည့် အခက်အခဲများကိုလည်း ကြိုတင်တွက်ဆ စိုက်ပျိုးသင့်ကြောင်း ကိုယ်တိုင်စိုက်ပျိုးနေသူများထံမှ သိရသည်။

နန်းထက်ထက်ချစ်(ABM)


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်