မုန်တိုင်းကာလ သတင်းတု၊ သတင်းယောင် သတိပြု

11/05/2023 19:00 PM တွင် Okkar Okkar မှ ရေးသား

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသောမုန်တိုင်းငယ်( Deep Depression) သည် ဆိုင်ကလုန်းမုန်းတိုင်း (Cyclonic Storm)  မိုခါ(MOCHA) အဖြစ်သို့ရောက်ရှိသွားပြီး မြန်မာနိုင်ငံရှိအချို့သော ဒေသများသို့ ဝင်ရောက်မည်ဖြစ်ပါသည်။

ယခုလို သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်သောကာလများတွင် လူမှုမီဒီယာများ၊ အထူးသဖြင့် မြန်မာနိုင်ငံရှိ ပြည်သူများ အသုံးအများဆုံးဖြစ်သည့်  Facebook, Viber, Telegram များတွင် သတင်းတု၊ သတင်းယောင်များပျံ့နှံတတ်ပါသည်။ 

တချို့သော မီဒီယာအယောင်ဆောင်ထားသည့် လူမှုမီဒီယာ Page များ၊ Group များနှင့် Channel များသည် တကယ်ဖြစ်ပျက်နေသော သတင်းအကြောင်းအရာများကို ၎င်းတို့၏ Page များ၊ Group များလူကြည့်များစေရန် ထင်ယောင်ထင်မှားဖြစ်စေသောအကြောင်းအရာ အမှားများဖြင့် တွဲဖက်၍ ဖြန့်ဝေကြလေ့ရှိသည်။

ထိုကဲ့သို့ သတင်းတု၊ သတင်းယောင်များကြောင့် တကယ်ဖြစ်ပေါ်နေသော အခြေအနေများကို လူအများမသိရှိနိုင်ဘဲ သတင်းများဝေဝါးစေပါသည်။

လူအများအနေဖြင့် မိမိတို့အသုံးပြုသော လူမှုမီဒီယာများတွင် သတင်းများဖတ်ရှုရာ၌ ယုံကြည့်စိတ်ချရသော သတင်းစာမျက်နှာများ၊ website များတွင်သာ ဝင်ရောက်ဖတ်ရှုကြရန် သတိပေးနှိုးဆော်လိုက်ရပါသည်။

ဥပမာ -

မိုးလေဝသတင်းများကိုကြည့်ရှုနိုင့်သည် website များနှင့်  page များ

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဉီးစီးဌာန website link

https://www.moezala.gov.mm/my

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဉီးစီးဌာန Facebook Page 

https://www.facebook.com/dmhmoezalanaypyitaw

အစိမ်းရောင်လမ်း website link

https://greenwaymyanmar.com/

အစိမ်းရောင်လမ်း Facebook Page 

https://www.facebook.com/greenwaymyanmar )

မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင် Facebook Page

https://www.facebook.com/uwinnaing

ပြည်သူများအားလုံးဘေးအန္တရာယ်ကင်းကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်