မုန်တိုင်းကာလ သတင်းတု၊ သတင်းယောင် သတိပြု

11/05/2023 19:00 PM တွင် Okkar Okkar မှ ရေးသား

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသောမုန်တိုင်းငယ်( Deep Depression) သည် ဆိုင်ကလုန်းမုန်းတိုင်း (Cyclonic Storm)  မိုခါ(MOCHA) အဖြစ်သို့ရောက်ရှိသွားပြီး မြန်မာနိုင်ငံရှိအချို့သော ဒေသများသို့ ဝင်ရောက်မည်ဖြစ်ပါသည်။

ယခုလို သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်သောကာလများတွင် လူမှုမီဒီယာများ၊ အထူးသဖြင့် မြန်မာနိုင်ငံရှိ ပြည်သူများ အသုံးအများဆုံးဖြစ်သည့်  Facebook, Viber, Telegram များတွင် သတင်းတု၊ သတင်းယောင်များပျံ့နှံတတ်ပါသည်။ 

တချို့သော မီဒီယာအယောင်ဆောင်ထားသည့် လူမှုမီဒီယာ Page များ၊ Group များနှင့် Channel များသည် တကယ်ဖြစ်ပျက်နေသော သတင်းအကြောင်းအရာများကို ၎င်းတို့၏ Page များ၊ Group များလူကြည့်များစေရန် ထင်ယောင်ထင်မှားဖြစ်စေသောအကြောင်းအရာ အမှားများဖြင့် တွဲဖက်၍ ဖြန့်ဝေကြလေ့ရှိသည်။

ထိုကဲ့သို့ သတင်းတု၊ သတင်းယောင်များကြောင့် တကယ်ဖြစ်ပေါ်နေသော အခြေအနေများကို လူအများမသိရှိနိုင်ဘဲ သတင်းများဝေဝါးစေပါသည်။

လူအများအနေဖြင့် မိမိတို့အသုံးပြုသော လူမှုမီဒီယာများတွင် သတင်းများဖတ်ရှုရာ၌ ယုံကြည့်စိတ်ချရသော သတင်းစာမျက်နှာများ၊ website များတွင်သာ ဝင်ရောက်ဖတ်ရှုကြရန် သတိပေးနှိုးဆော်လိုက်ရပါသည်။

ဥပမာ -

မိုးလေဝသတင်းများကိုကြည့်ရှုနိုင့်သည် website များနှင့်  page များ

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဉီးစီးဌာန website link

https://www.moezala.gov.mm/my

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဉီးစီးဌာန Facebook Page 

https://www.facebook.com/dmhmoezalanaypyitaw

အစိမ်းရောင်လမ်း website link

https://greenwaymyanmar.com/

အစိမ်းရောင်လမ်း Facebook Page 

https://www.facebook.com/greenwaymyanmar )

မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင် Facebook Page

https://www.facebook.com/uwinnaing

ပြည်သူများအားလုံးဘေးအန္တရာယ်ကင်းကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်