ဈေးကွက် ထိုးဖောက် ချဲ့ထွင်မယ်

23/06/2020 11:30 AM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အောင်မြင်တဲ့ စိုက်ပျိုး စီးပွားရေး တစ်ခုလုပ်မယ်ဆိုရင် ဘယ်သူ့ကို ရောင်းမှာလဲ နဲ့ သူတို့က ဘာလို့ ဝယ်ချင်တာလဲ ဆိုတဲ့ အချက်တွေကို သိကိုသိရမှာ ဖြစ်ပါတယ်။

အရင်ဆုံး ဈေးကွက်ကို ခွဲခြမ်းစိတ်ဖြာကြည့်ကြမယ်။ ကိုယ်ရောင်းနေရတဲ့ ဈေးကွက် အခြေအနေက ဘယ်လိုမျိုးရှိလဲဆိုတာ ဘယ်လိုမျိုး လိုချင်လဲ ဆိုတာကို လေ့လာကြည့်ပါ။

• တစ်ဦးတစ်ယောက်ချင်းစီကို ရောင်းမှာလား

• လုပ်ငန်းစုကိုရောင်းမှာလား

• ဘယ်နေရာဒေသ ကိုရောင်းမှာလဲ

• တစ်နှစ်ကို ဝင်ငွေ ဘယ်လောက်လောက်ရနိုင်မလဲ

• သူတို့ ဘယ်ချိန်တွေမှာ ဘယ်လို ဝယ်ကြသလဲ

• တန်ဖိုး ဘယ်လောက်ထိ မြှင့်လို့ရမလဲ

စတဲ့ အချက်တွေကို အရင်ဆုံး လေ့လာရမှာ ဖြစ်ပါတယ်။

အဲ့ အချက်တွေ သိပြီဆိုရင် နောက်မှာ ကိုယ်က နှာတစ်ဖျား သာနေအောင် လုပ်ဖို့ အဆင့် ၂ ခု ထပ်ရှိပါတယ်။ နေရာယူခြင်းနဲ့ ကုန်တံဆိပ်သတ်မှတ်ခြင်းတွေပါ။

နေရာယူခြင်း

တစ်ခြား တစ်ခြား စိုက်ခင်းတွေထက် တစ်ခြား တစ်ခြားသော လုပ်ငန်းတွေထက် ကိုယ်တွေက ဘာတွေသာတယ်ဆိုတာကို ဝယ်သူတွေကို ပြသဖို့ ဖြစ်ပါတယ်။ အဲ့လို လုပ်ဖို့အတွက်ဆိုရင်

• ပြိုင်ဖက်တွေက ဘာတွေလုပ်နေလဲ ဆိုတာကို သိဖို့လိုပါတယ်။

• ကိုယ့်လုပ်ငန်းက ဘာတွေ အားနည်းနေလဲ ဘာတွေ အားသာနေလဲ ဆိုတာကို ပြန်ပြီးတော့ သုံးသပ်ကြည့်ပါ။

• ကိုယ့်ဆီလာတဲ့ ဝယ်လက်တွေက သူများတွေကို ကျော်ပြီး ကိုယ့်ဆီကို ဘာကြောင် လာဝယ်တာလဲဆိုတာကို ဖော်ထုတ်ပါ။

အဲ့ကနေ အဖြေထွက်လာပြီးတော့ ကိုယ်က မသာသေးဘူးဆို သာအောင်လုပ်မယ် သာနေတယ်ဆို ထိန်းထားမယ်။ သူများထက် သာအောင် နေရာယူထားတာပါ။

နောက်တစ်ခုက ကုန်အမှတ်တံဆိပ်

ကုန်အမှတ်တံဆိပ် တပ်မယ်ဆို ပါရမလဲဆိုရင်

• အမည်နာမ

• ဆောင်ပုဒ်

• သင်္ကေကေတ

• အရောင်အတွဲအစပ်

• ထုပ်ပိုးမှု

• အညွှန်းစာသား

• ကြော်ငြာ

စတာတွေ ပါပါတယ်။

ဒါတွေက ကုန်ပစ္စည်းဆိုတာကြီး အမှတ်တံဆိပ်ကြီးနဲ့ ထွက်လာမှ မဟုတ်ပါဘူး။ ကိုလှမောင် စပါးခင်းကြီး သန့်တယ်။ မအေးညွှန့်ဆီက ကန်စွန်းက အရမ်းသန့်တာ။ ဈေးညာဖက် အသည်က ဝယ် သူ့ဆီက လတ်တယ် ဆိုတာ ကိုယ့်ကုန်အမှတ်တံဆိပ်ပါပဲ။ အဲ့လိုဆိုတော့ ကိုယ့် အမှတ်တံဆိပ်ကို ဘယ်လိုဖော်ဆောင်မလဲဆိုတာနဲ့ ပတ်သတ်ပြီး အများကြီး မပြောတော့ပါဘူး။

တောင်သူဦးကြီးတွေအနေနဲ့ စိုက်ပျိုးရေးကို စီးပွားရေးတစ်ခုအဖြစ် လုပ်မယ်ဆိုရင် အောက်က ဈေးကွက်ရောနှောမှုကိုလည်း သိထားရပါမယ်။ အဓိက အခြေခံအကြောင်းကတော့ (ခုဖြစ်ပါတယ်။

ပထမ တစ်ခုက ထုတ်ကုန်ပါ။ ထုတ်ကုန်ကောင်းရင် ဘယ်မှာ ရောင်းရောင်း အဆင်ပြေပါတယ်။

ဒုတိယတစ်ခုက ဈေးနှုန်းပါ။ တစ်ခါတစ်လေမှာ ဈေးနှုန်းထက် စားရတဲ့ အရည်အသွေးကို ပိုကြိုက်တာမျိုး ရှိပါတယ်။ အော်ဂဲနစ်က အော်ဂဲနစ်ဈေးပေါ့။

တတိယက နေရာဒေသပါ။ နေပြည်တော်က မုန့်က ရန်ကုန်က လူတွေလည်းစားချင်တာပဲ။ ရန်ကုန်ကိုရောက်လာမယ် လို့ သတင်းကြားရင် လိုက်ဝယ်စားကြမှာပဲ။ ရွှေဘိုပေါ်ဆန်းစစ်စစ် အညာဆုံဆီစစ်စစ် ဘယ်ကလာတာ လို့ဆိုလိုက်ရင် ဝယ်ကြတာပဲ။

စတုတ္ထ က အရောင်းမြှင့်တင်ခြင်း ပါပဲ။

တစ်လုံး ၃၀၀ ၂ လုံးဝယ်ရင် ၅၀၀ ကျပ် ဆိုတာက အမြဲတမ်းတွေ့နေကြပါ။ အရောင်းမြှင့်တင်ရေးလို့ ဆိုတိုင်းလည်း ဈေးလျော့ရောင်းတာမျိုးမဟုတ်ပဲ။ အလုံးကြီးသေး ရွေးတာလိုမျိုး လုပ်ငန်းစဉ်တွေ ပါပါတယ်။

ဘာပဲဖြစ်ဖြစ် လုပ်နိုင်တာ လုပ်ကြရမှာပဲ။ ဆိုတော့ကာ လုပ်သမျှ အကျိုးစီးပွားဖြစ်ထွန်းကြပါစေ လို့ ဆုတောင်းပေးလိုက်ရပါတယ်။

ထွန်းဝင်းကျော်

Reference

https://www.google.com/url?sa=t&source=web&rct=j&url=http://www.fao.org/3/ca4601en/ca4601en.pdf%3Ffbclid%3DIwAR2_wwg7FzmbgNclVA8AeaJPZJqwmuAU5J94Xnc8UcTf8DWQHBc01Y0pYQ0&ved=2ahUKEwjlpo2UsvTpAhVggUsFHbYMDVMQFjAAegQIBBAB&usg=AOvVaw0Kl-3Wm8sA_pfxIySTKSTH

(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်