စိုက်ပျိုးစီးပွားရေးကို လုပ်နေကြတဲ့ တောင်သူလုပ်ငန်းရှင်ကြီးတွေကို ခေါင်းနည်းနည်းလောက် စားပါရစေ။ စီးပွားရေးလုပ်တဲ့အခါမှာ အရင်းကျေဈေးနှုန်းဆိုတာ ရှိပါတယ်။ အဲဒါကတော့ ကိုယ်ထုတ်တဲ့ထုတ်ကုန်နဲ့ ဆက်စပ်ကုန်ကျစရိတ်တွေကို ပြန်ရနိုင်ဖို့ လိုအပ်တဲ့ ဝင်ငွေ၊ ဒါမှမဟုတ် ဈေးနှုန်းပေါ့။
ဥပမာ စပါးတစ်ဧက စိုက်တယ်။ မျိုးစေ့၊ မြေသြဇာ၊ ပိုးသတ်ဆေး၊ အလုပ်သမား စတဲ့ ကုန်ကျစရိတ်တွေကို အကုန်ပေါင်းလိုက်လို့ ၄ သိန်းခွဲ ကုန်တယ်။ ထွက်နှုန်းက တင်း (၁၀၀) ထွက်တယ်။ အဲဒါဆိုရင် အရင်းကျေ ဈေးနှုန်းက တစ်တင်းကို (၄၅၀၀) ရဖို့လိုအပ်ပါတယ်။ တစ်တင်း (၄၅၀၀) အောက်ဈေးရောက်သွားပြီဆိုရင် ရောင်းဖို့က တော်တော် စဉ်းစားရတော့မယ်။ ကိုယ်က စိုက်ပျိုးရေးကို စီးပွားရေးအနေနဲ့ လုပ်နေတာကိုး။
ဒီတော့ အခြားတောင်သူတွေလည်း ဗဟုသုတရအောင် (🤫🤫🤫 ရူး.... တိုးတိုး )ဒီစာကို ကုန်သည်တွေ/ပွဲစားတွေတွေ့ရင်လည်း ဈေးညှိပြီးသားဖြစ်အောင် ကိုယ်စိုက်တဲ့သီးနှံအလိုက် ဘယ်လောက်ဈေးရမှ အရင်းကျေမလဲဆိုတာ ဆွေးနွေးရအောင်လား?
တကယ်တော့ အစိမ်းရောင်လမ်းဆော့ဝဲလ်ထဲက အစိမ်းရောင်မှတ်တမ်း သုံးတဲ့တောင်သူဆို ပိုမြန်မယ်ထင်တယ်။ အဲဒီမှာ ကုန်ကျစရိတ်တွေကို အကုန်လုံးကို အတိအကျမှတ်ထားနိုင်ပြီး စိုက်ရာသီပြီးရင် အရှုံးအမြတ်ပါ တစ်ခါတည်း တွက်ထားပေးတော့ စမတ်ကျကျ ပြန်ဆွေးနွေးလို့ ရတာပေါ့နော်။
ဒါကတော့ စိုက်ပျိုးကျေင်းဆင်းစိုက်တဲ့ မှတ်တမ်းနော်။ ကျောင်းဆင်းမို့ မြတ်မယ်မထင်နဲ့ ရှုံးပါတယ်။ စိုက်ပျိုးစီးပွားရေးကအတွေ့အကြုံတွေ ကျွမ်းကျင်မှုတွေ၊ မှတ်တမ်းတွေ၊ ဈေးကွက်ချိတ်ဆက်မှုတွေပါ ထည့်ရတာမို့ တော်တော်ခက်တဲ့စီးပွားရေးလုပ်ငန်းအမျိုးအစားလို့ ပြောရမှာပါ။ တော်ရုံစိတ် တော်ရုံဇွဲနဲ့တော့ စိုက်ပျိုးစီးပွားရေးလုပ်လို့ မရဘူးဗျို့။