ငါးမှုန်မှ ငါးသန်ပြုစုထုတ်လုပ်ရေးလုပ်ငန်းစဉ်အကြောင်း
ငါးမှုန်မှ ငါးသန်အဆင့်သို့ မွေးမြူနိုင်ရန်အဓိကအားဖြင့် ပြုစုကန်များ လိုအပ်ပါသည်။ ပြုစုကန်များဟုဆိုရာတွင် မြေကန်၊ အုတ်ကန်၊ ပလပ်စတစ်ကန်၊ ကွန်ကရစ်ကန်ဝိုင်း စသဖြင့် အဆင်ပြေသလို အသုံးပြုနိုင်ပါသည်။
(က) မြေကန်
၃၀'ᳵ၃၀'၊ ၅၀'ᳵ၅၀'၊ ၅၀'ᳵ၁၀၀' အရွယ်အစားရှိသည့် မြေကန်များကို မိမိနေရာကိုလိုက်၍ အသုံးပြုနိုင်ပါသည်။ နေရာလုံလောက်မှုရှိပါက ၁၀၀'ᳵ၁၀၀' ကန်အထိ အသုံးပြုနိုင်ပါသည်။ အဆိုပါ ကန်များတွင် ရေအနက် ၃' ရှိရပါမည်။ ငါးရိုင်းပေါများသည့်နေရာဖြစ်ပါက ကန်ဘောင်ပတ်လည်တွင် ယင်းလိပ်(သို့မဟုတ်) နိုင်လွန်ခြင် ဇကာအမြင့် ၁ ၁/၂' ကာရံပေးရန်လိုအပ်ပါသည်။ အောက်ခြေတွင် ငါးရိုင်းမဝင်နိုင်ရန် ဇာသားအား မြေကြီးထဲသို့ မြုပ်ထားရမည်။
မြေအမျိုးအစားမှာ ရေကိုကောင်းစွာထိန်းနိုင်သည့် ရွှံ့စေးမြေဖြစ်ရပါမည်။ သဲဆန်သောမြေ၊ အချဉ်ပေါက်နေသောမြေ၊ မြေဆွေးများစွာပါရှိသော မြေများကို ရှောင်ရှားရပါမည်။
(ခ) အုတ်ကန်
၅'ᳵ၁၀' မှ ၂၀'ᳵ၂၀' အထိ အရွယ်အစားရှိသည့် အုတ်ကန်များဖြစ်ပြီး ရေအနက် ၂'မှ ၃' ရှိရန် လိုအပ်ပါသည်။ အဆိုပါအုတ်ကန်များသို့ လေနှင့်ရေပိုက်လိုင်းများတပ်ဆင်ရန် လိုအပ်ပါသည်။ အုတ်ကန်အောက်ခြေနှင့် အတွင်းဘက်နံရံမှာ ချောမွေ့နေရမည်ဖြစ်ပါသည်။
(ဂ) ပလပ်စတစ်ကန်
မြေကြီးအားကျင်းတူးပြီး ပလပ်စတစ် အကာစဖြန့်ခင်း၍ လည်းကောင်း မြေပေါ်တွင် ပျဉ်ပြားအား လေးထောင့်ကျကျကာရံပြီး ပလပ်စတစ်ခင်း၍ လည်းကောင်း အသုံးပြုနိုင်ပါသည်။ အရွယ်အစားအားဖြင့် ၆'ᳵ၃'ᳵ၁ ၁/၂' အရွယ်ကန်များမှ နေရာရှိသလို တိုးချဲ့ပြုလုပ်နိုင်ပါသည်။ လေပေးစနစ်များ ရေပိုက်လိုင်းများ တပ်ဆင်ထားရန် လိုအပ်ပါသည်။ လွယ်ကူစွာ ဖြုတ်၍ ရွှေ့ပြောင်းနိုင်သဖြင့် များစွာ အကျိုးရှိသော နည်းဖြစ်ပါသည်။
(ဃ) ကွန်ကရစ်ကန်ဝိုင်း
ရေတွင်းတူးရာတွင် အသုံးပြုသည့် ၄' သို့မဟုတ် ၅' အချင်းရှိ ကျောက်ဂွေများအား အသုံးပြုနိုင်ပါသည်။ လေပေးစနစ်များ ရေပိုက်လိုင်းများ တပ်ဆင်ထားရန် လိုအပ်ပါသည်။ ကန်၏အတွင်းပိုင်းမှာ ချောမွေ့နေရပါမည်။
ပြုစုကန်များတွင် သြဇာဓာတ်ထည့်သွင်းခြင်းနှင့် ရေနှင့်လေပေးမှုစနစ်
မြေကန်ဖြင့် ငါးမှုန်ပြုလုပ်မည်ဆိုပါက ငါးမှုန်ငယ်လေးများအတွက် သဘာဝအစားအစာ ရေသြဇာဓာတ်ပေါများလာစေရန် ဆောင်ရွက်ပေးရပါမည်။ သြဇာဓာတ်အဖြစ် နွားချေး၊ ကြက်ချေး၊ ဘဲချေး၊ ဝက်ချေး စသည်များကို သုံးစွဲနိုင်ပါသည်။ ငါးမှုန်များအား မြေကန်သို့ထည့်ရန် အကောင်းဆုံး အချိန်မှာ နံနက်စောစောဖြစ်သည်။ ငါးမှုန်များလွှတ်ပြီးသည်နှင့် တပြိုင်နက် နို့မှုန့်(သို့မဟုတ်) ပဲဖတ်ရည်တို့အား ကန်အနှံ့ပက်ဖျန်းပေးရသည်။ ငါးမှုန်များထည့်ပြီး (၁၀) ရက်ခန့်အကြာတွင် (၁) ဧကလျှင် နွားချေးပိဿာ(၇၀-၈၀) ထည့်ပေးခြင်းဖြင့် ရေထဲ၌ သတ္တမျှောလှေများ ပေါက်ပွားလာမည်ဖြစ်ပါသည်။ ငါးမှုန်သယ်လာသည့်ရေနှင့် ပြုစုကန်အတွင်းရှိ ရေတို့၏ အပူချိန်မှာညီရန် ဂရုပြုရမည်ဖြစ်ပါသည်။
အုတ်ကန်များ လှောင်ကန်များနှင့် ကွန်ကရစ်ကန်များတွင် ရေအားအနည်းဆုံးတစ်ပတ်လျှင် (၂) ကြိမ်ခန့် လဲလှယ်ပေးရမည်။ ရေပေါသောဒေသဖြစ်ပါက ငါးများအစာကျွေးပြီး (၁)နာရီကြာလျှင် အစာကျန်နှင့် ငါးမစင်များကို ပိုက်ငယ်ဖြင့် စုပ်ထုတ်၍ ရေထပ်ဖြည့်ရမည်။
မြေကန်များထဲတွင် ရေညှိများ Plankton များ အဆမတန်ပေါက်ပွားလာလျှင်လည်းကောင်း ရေညစ်ညမ်းမှုရှိလာလျှင်လည်းကောင်း ရေကိုလဲလှယ်ပေးရမည် ဖြစ်ပါသည်။
မွေးမြူရေးကာလနှင့် ငါးသန်ထုတ်လုပ်မှု
မွေးမြူကာလ တစ်လမှ (၄၅) ရက်အတွင်း ငါးမှုန် (၁) သိန်းလျှင် ၃၀% ရှင်သန်မှုရှိပြီး ၁ လက်မ မှ ၁ လက်မခွဲအရွယ် ငါးသန်(၃) သောင်းခန့်ထုတ်လုပ်ရောင်းချနိုင်မည် ဖြစ်ပါသည်။
ဦးဇော် (dof)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ
U Yan • ဖြေကြားချက် 0 ခု
ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ
U Maung • ဖြေကြားချက် 1 ခု
ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ
U Yan • ဖြေကြားချက် 3 ခု
ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ
Ko Myo Tint • ဖြေကြားချက် 2 ခု
GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့ပါလဲေြဖေပးအုန်းပါဗျ
မင်မင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from ဦးဇော်(dof)
အားလုံး