ဆည်ရေမရ၊ မိုးမရွာသဖြင့် ဝက်လက်နယ်တောင်သူများအခက်ကြုံနေ

30/09/2020 11:00 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    သဖန်းဆိပ်ဆည်မှ ဆည်ရေကို အလုံအလောက်မရှိသည့်အပြင် မိုးရွာသွန်းမှုလည်းမရှိသဖြင့် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းရှိ တောင်သူများ အခက်ကြုံနေရကြောင်း သိရသည်။

    မိုးစပါးစတင်စိုက်ပျိုးပြီးနောက်ပိုင်း မိုးရွာသွန်းမှုမရှိသည့်အပြင်၊ ပုံမှန်ရရှိနေကြ ဆည်ရေကိုပါ အချိန်မှန်မရရှိသဖြင့် အခက်အခဲများနှင့် ကြုံတွေ့ခံစားနေရခြင်းဖြစ်သည်။ 

ဆည်ရေပြတ်နေတော့ စပါးခင်းထဲမှာ ရေပြတ်ပြီး၊ ပေါင်းတွေလိုက်လာတယ်။ ပေါင်းနှုတ်ခတွေ ထပ်ကုန်ပါတယ်။ အခုက စပါးစိုက်ထားကြတဲ့အချိန်ပါ။ ရွှေဘိုဘေးကြားတို့ ဧရာပဒေသာတို့ စိုက်ကြတာပါ။ မိုးစပါးပေါ့။ တချို့လည်း အခြောက်ခင်းတွေအတွက် နှမ်းကြဲနေတာလည်း ရှိပါတယ်။ ခါတိုင်းဆို ဆည်ရေက အမြဲတမ်းလွှတ်နေတာ။ အခုကျတော့ ဘယ်လိုဖြစ်မှန်းကိုမသိဘူး။ ဆည်ထဲမှာလည်း ရေရှိသေးတယ်တော့ပြောတယ်။ ဆည်မြောင်းကိုမေးတော့လည်း သုံးရက်တစ်ခါ အလှည့်နဲ့ပေးတယ်ပြောတယ်။ အဲ့ဒါကလည်း ရေလာတဲ့အခါ စက်နဲ့စုပ်တင်ရတာမို့ ရေတင်ခပိုက်ဆံက ထပ်ကုန်သေးတယ်။ မိုးမရွာတာက တစ်လကျော်လာပြီ။ ဒီနှစ်မိုးက တစ်မိုးတည်း ကောင်းကောင်းကျခဲ့တယ်။ နောက်ပိုင်း ဆက်ကိုမရွာတော့ဘူး။

ဟု စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ရေထွက်ကျေးရွာမှ ဦးလှဝင်းဆွေ က ပြောသည်။

    ယခုကဲ့သို့ ရေပြတ်လပ်မှုများ ကြုံတွေ့နေရသည့်အတွက် စပါးအထွက်နှုန်းနှင့် အရည်အသွေးများကို ထိခိုက်မှုရှိလာနိုင်ကြောင်း တောင်သူများက ဆိုသည်။

ဒီနှစ် စပါးကတော့ အရည်အသွေးရော၊ ထွက်နှုန်းပါ မကောင်းလောက်တော့ဘူး။ စိုက်ပျိုးကုန်ကျစရိတ်တွေနဲ့ ပြန်ရလာမယ့် စပါးရောင်းရငွေနဲ့ တွက်ချေမကိုက်လောက်တော့ တောင်သူတွေ ဒီနှစ် အရှုံးပေါ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အခုပဲ ပေါင်းလိုက်ခတွေ ကုန်ကျနေပြီ။ ရေတင်တော့လည်း ရေစုပ်တင်ခ စက်ဖိုးတွေ ထပ်ပေးရပြန်တယ်။ ပုံမှန် စပါးစိုက်ပျိုးခအပြင် အပိုတွေထပ်ကုန်လာတာပါ။ ရေကောင်းကောင်းမရလို့ စပါးကလည်း အရည်အသွေးသိပ်မကောင်းလောက်တော့ဘူးလေ။ တချို့အခင်းတွေဆို ရေပေးချိန် ရေမပေးနိုင်လို့ မြေပက်ကြားအက်လာတာတွေတောင် ကြုံနေရပါတယ်။

ဟု ဦးလှဝင်းဆွေက ဆက်လက်ပြောသည်။

    အဆိုပါ သဖန်းဆိပ်ဆည်မှ ဆည်ရေများကို ဝက်လက်မြို့နယ် အနီးတဝိုက်အပါအဝင် စစ်ကိုင်းတိုင်း၊ ရွှေဘို၊ ခင်ဦး၊ ရေဦး အစရှိသည့် ဒေသအသီးသီးသို့ အလှည့်ကျစနစ်ဖြင့် ဖြန့်ဝေပေးနေခြင်းဖြစ်ကြောင်း သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်