ဧကနည်းလယ်သမားများအတွက် အသေးစားချေးငွေပေးနိုင်ရန် အမေရိကန်ဒေါ်လာ ရှစ်သန်းတန် စာချုပ်လက်မှတ်ရေးထိုး

08/04/2019 12:29 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာနိုင်ငံရှိ ဧကနည်းလယ်သမား တစ်သိန်းကျော်အတွက် လာမည့်ငါးနှစ်တာ ကာလအတွင်း ချေးငွေအလွယ် တကူရရှိနိုင်မည့် အစီအစဉ်တစ်ရပ်အဖြစ် အမေရိကန်ဒေါ်လာ ရှစ်သန်းတန်စာချုပ်ကို အမေရိကန်သံအမတ် ကြီး စကော့မာစီရယ်နှင့် နိုင်ငံရပ်ခြားရင်းနှီး မြှုပ်နှံမှု ကော်ပိုရေးရှင်း (OPIC) အကြီးအကဲ အဲရစ်ဂျုန်းစ်တို့ ဧပြီ ၃ ရက်က လက်မှတ်ရေးထိုး ခဲ့ကြသည်။

စည်ပင်စေမည်

"သူတို့အတွက် အတိုးနှုန်းနည်းနည်းနဲ့ချေး ငွေတွေကို တိုးချဲ့ထုတ်ချေးပေးခြင်းအားဖြင့်OPIC ရဲ့Proximity နဲ့ မိတ်ဖက်လုပ်ဆောင် မှုဟာ ဧကနည်းလယ်သမားများကိုသူတို့ လယ် တွေအထွက်တိုးလာအောင် လုပ်ပေးနိုင်သလို သူတို့လုပ်ငန်းကိုလည်းတိုးချဲ့နိုင် လာအောင် လည်း လုပ်ပေးနိုင်မယ်။ ပြီးတော့ သူတို့ရပ်ရွာ တွေလည်း စည်ပင်ဝပြောလာစေမယ်"ဟု ဥဏှုဃ ၏ ယာယီဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် ဒေးဗစ်ဘိုဟီဂျန်က ပြောဆိုသည်။

သတင်းအပြည့်အစုံဖတ်ရန်


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်