ငါးစည်သွပ်ဘူးပြုလုပ်နည်း

23/04/2024 17:00 PM တွင် ကိုမောင်မောင်(သုဝဏ္ဏ) ကိုမောင်မောင်(သုဝဏ္ဏ) မှ ရေးသား

ငါးစားသုံးမှု၏ ၁၀ ရာခိုင်နှုန်းမှာ ဆီသွပ်ဘူးများ ထုတ်လုပ်ခြင်းဖြစ်ပါသည်။ စည်သွပ်ဘူးပြုလုပ်ရာတွင် ငါးအမျိုးမျိုး၊ ဂဏန်း၊ ခရု၊ ကမာ၊ ကင်းမွန်နှင့် ပုစွန်တို့ကို စည်သွပ်ဘူးပြုလုပ်၍ စားသုံးကြသည်။ မြန်မာနိုင်ငံတွင် ငါးသေတ္တာ၊ စည်သွပ်ဘူးကို အထူးနှစ်ခြိုက်၍ စားသုံးလေ့ရှိသည်။ ငါးသေတ္တာများဖြစ်သော (Mackerel အမျိုးအစား) ငါးများမှာ ပလာတူး၊ ငါးကုန်းညို၊ ငါးသလောက်၊ ငါးချဉ်ပေါင် (ပြည်တော်သာ) ငါးများကို စည်သွပ်ဘူးပြုလုပ်ရာတွင် အထူးအသုံးပြုသည်။ စည်သွပ်ဘူး အရွယ်အစားများမှာ (cylinden ပုံ) ဘူးအပြား (Flat) ပုံများကို အသုံးပြု၍ ဂရမ်အလေးချိိန် ၂၅၀ - ၃၀၀ ခန့်ထည့်ပါသည်။

စည်သွပ်ဘူး အဆင့်ဆင့်ပြုလုပ်ခြင်း

(က) အထက်ဖော်ပြပါ ငါးသေတ္တာငါးများကို သန့်ရှင်းလတ်ဆက်၍ ကိုယ်ခန္ဓာ၊ ကျိုးကြေမှုကင်းရှင်းသော အကောင်းတုံးငါးများကို ရွေးချယ်ရမည်။ စည်မသွပ်မီ ရေသေချာဆေးကြော သန့်ရှင်းစေပြီး ရေခဲဖုံးအုပ်ထားသော စတို (Chilled Store) များအတွင်း သိုလှောင်ထားရမည်။

(ခ) ရွေးချယ်ထားသော ငါးများကို အခွံချွတ်ခြင်း၊ ခေါင်းဖြတ်ခြင်း၊ အူထုတ်ခြင်းပြုလုပ်၍ ၃၀ ကျပ်သားခန့်ရှိသော အတုံးကလေးများပြုလုပ်ထားရမည်။ ငါးကုန်းညို ဖြစ်ပါက ၉ ကောင်ကို တစ်ဘူးနှုန်းထားရမည်။ pressing ပြုလုပ်ပြီးပါက ရေဆေး၍ ၁၀ မိနစ်ခန့် ဆားရည်တွင် စိမ်ထားရမည်။ အသားတင်စားရန်ဖြစ်သည်။

(ဂ) စည်သွပ်ဘူးအတွင်း ငါးများအံဝင်ဂွင်ကျ ထည့်သွင်းပြီးပါက မလိုအပ်သော အရည်များနှင့် အငွေ့များထွက်သွားစေရန် မိနစ် ၂၀ ခန့်ပေါင်းတင်ထားရမည်။

(ဃ) ပြုပြင်၍ ပေါင်းခံခြင်းပြီးဆုံးသွားသောအခါ စည်သွပ်ဘူးများအတွင်းသို့ ပူသောဆီ၊ ခရမ်းချဉ်ရည်၊ ဆား၊ ငရုတ်ကောင်း၊ သကြားအနည်းငယ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ (အရည်)၊ ဟင်းလတ်မှုန့်၊ ရှာလကာရည်များ ထည့်သွင်းရမည်။

(င) ဘူးအတွင်းသို့ ငါးနှင့် ဟင်းခတ်အမွှေးကြိုင်ခရမ်းချဉ်ရည်များ၊ ထည့်ပြီးလျှင်ဘူးကို အဖုံးပိတ်ရမည်။

(စ) အဖုံးပိတ်ပြီးသော စည်သွပ်ဘူး ၁၀ ပေါင်ကို pressure cooker အတွင်း မိနစ် ၈၀ မှ ၉၀ ကြား ဒုတိယအကြိမ်ပေါင်းရမည်။

(ဆ) စည်သွပ်ဘူးများ ပေါင်းခံခြင်းပြီးဆုံးပါက ချက်ချင်းအအေးခံရမည်။ Oven cooking မဖြစ်စေရပါ။

(ဇ) အားလုံးပြီးစီးပါက စည်သွပ်ဘူးများကို Label တပ်ခြင်း ထုတ်ပိုးခြောက်သွေ့သော နေရာများတွင်သိုလှောင်ထားရမည်။

(ဈ) စည်သွပ်ဘူးအတွင်းရှိ ငါးများကို အသားထွက်နှုန်းမှာ ၆၀ - ၇၀ % ရရှိပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်