ငါးမုန့်ခြောက်ကို လူတိုင်း တရင်းတနှီးစားဖူးကြပေမယ့် ငါးမုန့်လုပ်နည်းလေးကို သိကြသူ နည်းပါလိမ့်မယ်။ ဒါ့ကြောင့် ငါးမုန့် (Fish Cracker) ပြုလုပ်နည်းလေးကို ပြောပြပေးပါမယ်။
ငါးမုန့် ပြုလုပ်ဖို့အတွက် -
၁။ ငါးခြစ် တစ်မျိုးမျိုး (ငါးကွမ်းရှပ်၊ ပလာတူးငါးကို အသုံးများကြပါတယ်)
၂။ ဆိုဒါ၊ ကော်မှုန့်
၃။ ကြက်ဥ
၄။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း တို့လိုအပ်ပါတယ်။
ပြုလုပ်နည်းမှာ -
၁။ ပထမဦးစွာ ငါးတစ်မျိုးမျိုးကို အသားချည်းခြစ်ယူပြီး ရေခဲသေတ္တာထဲ ထည့်ထားပါ။

၂။ ချင်း၊ ကြက်သွန်ဖြူ / နီကို ညက်နေအောင်ထောင်းပါ။ ဆိုဒါ နှင့်ကော်မှုန့်တို့ကို ရောဖျော်ထားပါ။
၃။ ပြီးစီးပါက ရေခဲသေတ္တာထဲက ငါးခြစ်ကိုထုတ်ယူပြီး ကြက်ဥနှင့် ထောင်းထားသော ချင်း၊ကြက်သွန်ဖြူ/နီတို့ဖြင့် သမအောင်နယ်ပါ။
၄။ သမအောင်နယ်ပြီးပါက ဆိုဒါ၊ ကော်မှုန့်အရည်တို့ဖြင့် ထပ်နယ်ပါ။
၅။ နယ်ပြီးလျှင် အလုံးရှည်ရှည်လေးဖြစ်အောင် ပြုလုပ်ပါ။
၄။ ပြုလုပ်ပြီးပါက ပေါင်းအိုးဖြင့် (၄၅) မိနစ်ခန့်ပေါင်းပါ။
၅။ ပေါင်းပြီးလျှင် ရေခဲသေတ္တာထဲတွင် ၂ နာရီခန့်ကြာ အအေးခံပါ။
၆။ (၂) နာရီပြည့်လျှင် ထုတ်ယူပြီး အဝိုင်းပါးပါးလေးဖြစ်အောင် လှီးပါ။
၇။ လှီးပြီးပါက နေပူထဲတွင် ခြောက်သွားအောင် လှန်းထားပါ။

၈။ ခြောက်သွားလျှင် ငါးမုန့်အဝိုင်းလေးတွေကို ဆီများများထဲတွင် အနေတော်လေး ထည့်ကြော်ပြီးပါက အရသာရှိရှိ သုံးဆောင်လို့ရပါပြီ။
ပင်လယ်ပြာ(ငါးဦးစီး)
Ref: ဂမုန်း၏ “ငါးမုန့်ခြောက် လုပ်နည်း”။
Farm Link Co.,Ltd
ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more