ငါးမွေးမြူရေးနှင့် ရေအရည်အသွေးစီမံခန့်ခွဲမှု အပိုင်း(၂)

13/05/2022 10:30 AM တွင် Rio Amora Rio Amora မှ ရေးသား

ငါးမွေးမြူသည့်ကာလအတွင်းရေအရည်အသွေးကို ပြောင်းလဲစေနိုင်သည့် အရေးကြီးသည့်အချက်များ

(၁) ရေအပူချိန်

(၂) မြေဩဇာထည့်သွင်းခြင်း

(၃) အစာကျွေးခြင်း

(၄) လေပေးခြင်း

(၅) ကန်ရေလဲလှယ်ခြင်း

 

(၁) ရေအပူချိန်

 

*ရေ၏အပူချိန်သည် 28°C မှ 30°C အတွင်းရှိရမည်။

 

*ရေအပူချိန်လျော့ကျလာလျှင် ငါးများ၏အစာစားနှုန်းကျဆင်းလာသည်။

 

*အပူချိန်တအားများလာလျှင်လည်း ငါးများအတွက်မကောင်းပေ။

 

*ငါးထည်သွင်းနှုန်းလျော့နည်းသောကန်များသည် ငါထည့်သွင်းနှုန်းများသော ကန်များထက်အပူချိန်ဒဏ်ကို ပိုမိုခံနိုင်သည်။

 

*အောက်ဆီဂျင်ဓာတ်သည် အပူချိန်မြင့်မားလာသည့်အခါ ရေတွင်ပျော်၀င်မှု လျော့နည်းလာသည့်အတွက် ညအခါတွင် အောက်ဆီဂျင်ပြတ်မှုများ ဖြစ်ပေါ်လာနိုင်သည်။

 

(၂) မြေဩဇာထည့်သွင်းခြင်း

 

* မြေဩဇာထည့်သွင်ခြင်းသည် ကန်ထဲတွင်ရှိသော ရေဩဇာများတိုးပွားလာရန် အတွက်ဖြစ်သည်။

 

* မြေဩဇာနှစ်မျိုးရှိသည်။ သဘာ၀မြေဩဇာနှင့် ဓါတုမြေဩဇာတို့ဖြစ်သည်။

 

*သဘာ၀မြေဩဇာအုပ်စုတွင် နွားချေး၊ ကြက်ချေး၊ ၀က်ချေး၊ စသည့်တို့ပါ၀င်သည်။

 

* သဘာ၀မြေဩဇာများသည် ဓာတုမြေဩဇာများလောက်အားမပြင်းသည့်အတွက် အသုံးပြုရန်သင့်လျှော်သော်လည်း ရောဂါပိုးများပါ၀င်လာတတ်သည်။

 

* ယခုအခါတွင် မွေးမြူရေးကြက်ခြံများမှ တားမြစ်ထားသောဆေးဝါးများ ပါ၀င်လာသည့်အတွက် သတိထားရန်လိုအပ်သည်။

 

* ဓါတုမြေဩဇာများတွင် ယူရီးယားနှင့်တီဆူပါတို့ ပါ၀င်သည်။

 

* ယူရီးယားသည် ရေတွင်အလွယ်တကူပျော်၀င်သည့်အတွက် လိုအပ်သလောက် အကြိမ်ကြိမ်ခွဲ သုံးစွဲသင့်သည်။

 

* တီစူပါသည် ရေတွင်အနည်းငယ်သာ ဖြည်းဖြည်းချင်း ပျော်၀င်ပါသည်။

 

* ဓါတုမြေဩဇာများသည် ကန်အောက်‌ခြေမြေသားများနှင့် အလွယ်တကူဓာတ်ပြုနိုင်၍ လျင်မြန်စွာ ဆုံးရှုံးနိုင်သည်။

 

* အသုံးပြုမှုများသွားလျှင်လည်း ရေဩဇာများအတက်များသွားပြီး ကန်၏ ရေအရည်‌အသွးကို အကြီးအကျယ်ဒုက္ခပေးနိုင်သည်။

 

(၃) အစာကျွေးခြင်း

 

* ငါးအစာကျွေးများခြင်းသည် ကန်၏ရေအရည်အသွေးအား လျင်မြန်စွာ ကျဆင်းစေပါသည်။

 

* ငါးအစာအလေအလွင့်များပြိုကွဲရာမှ မလိုအပ်သော ဓာတုဓာတ်ပြုမှုများ ဖြစ်ပေါ်လာနိုင်သည်။

 

* ငါများစွန့်ထုတ်သော မစင်များမှလည်း အမိုးနီးယားဓာတ်ငွေ့များထွက်လာပြီး ငါများကိုဒုက္ခပေးပါသည်။

 

* ထို့ကြောင့်အစာကို ငါးများစားနိုင်သလောက်သာ သေချာတွက်ချက် ကျွေးမွေးရန် လိုအပ်ပါသည်။

 

(၄) လေပေးခြင်း

 

‌*ငါးမွေးမြူရေးကန်များတွင် လေပေးခြင်းဖြင့် ငါးကန်၏ အောက်ဆီဂျင်ကို ပိုမိုပေါကြွယ်၀စေပါသည်။

 

*ကန်ကြပ်မွေးသည့်ငါးကန်များတွင် လေပေးဒလက် တပ်စေခြင်းဖြင့် အစာကျန်များနှင့် အညစ်အကြေးများကို ကန်အလယ်တွင်စုပုံစေပြီး ငါးအစာကျွေးသည့်နေရာအား သန့်စင်စေပါသည်။

 

(၅) ကန်ရေလဲလှယ်ခြင်း

 

*ကန်ရေလဲလှယ်ခြင်းသည် ကန်ရေ၏ အပူချိန်ကို ထိန်းချုပ်နိုင်သည်။

 

*ကန်ရေကိုလှုပ်ရှားစေသည့်အတွက်လည်း အောက်ဆီဂျင်ကို ပေါကြွယ်၀စေသည်။

 

*နိုက်ထရိတ်နှင့် နိုက်ထရိုက်ကဲ့သိုသောအန္တရာယ်ရှိသောအ‌ခြေအနေများအားကြိုတင်ကာကွယ်ပြီးသား ဖြစ်စေသည်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်