အစာကျွေးချိန်မှာ ငါးကျန်းမာရေးအခြေအနေစစ်ဆေးခြင်း

21/03/2022 16:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

အစာကျွေးချိန်မှာ ငါးတွေထင်သလောက်မတွေ့ရှိပါက ကျွေးတဲ့အစာကို မကြိုက်ကြတာ ဖြစ်ပါလိမ့်မယ်။  ထိုအခြေအနေနဲ့ကြုံပါက......

 

(၁) ကျွေးတဲ့အစာကို ပြောင်းလဲအစားထိုးကျွေးသင့်ပါတယ်။

 

(၂) ငါးအစာနည်းတဲ့အကြောင်းအရင်းက  ရေအရည်အသွေးမကောင်းခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ငါးကျန်းမာရေးထိခိုက်ခြင်းနဲ့ ငါးအတွက် မနှစ်သက်ဖွယ် အခြေအနေကျရောက်ခြင်းတို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

 

(၃) ငါးတွေ ကျန်းမာသန်စွမ်းမှုရှိ မရှိ အခြေအနေကို ငါးနမူနာကောက်ယူတဲ့ အချိန်မှာ စစ်ဆေးကြည့်ရှု့နိုင်ပါတယ်။

 

(၄) ငါးဦးခေါင်းပိုင်းက ကိုယ်ပိုင်းထက်ကြီးနေတဲ့ အနေအထားတွေ့ရှိပါက အစာပြတ်လပ်မှု၊ အစာမလုံလောက်မှု တို့ကြောင့် ဖြစ်ကြောင်းသိရှိနိုင်ပါတယ်။

 

(၅) အရည်အသွေးညံ့တဲ့အစာ ( ဗီတာမင်၊ သတ္တုဓာတ် နဲ့ အခြားအဟာရဖြစ်စေတဲ့ ကုန်ကြမ်းတွေမပါဝင်တဲ့ ငါးစာ) တွေကိုသာ စားသုံးရသဖြင့် သန်စွမ်းမှုမရှိခြင်းကြောင့် အစာစားခြင်း ရပ်တန့်သွားနိုင်ပါတယ်။ 

ခန္ဓာကိုယ်နဲ့ အမြီးကောက်ကွေးနေခြင်း၊ ဦးခေါင်းပိုင်း နိမ့်ဆင်းနေခြင်း စတဲ့လက္ခဏာတွေက ငါးတွေကျန်းမာသန်စွမ်းမှုရှိ မရှိ အခြေအနေကို ဆုံးဖြတ်ရာမှာ ထည့်သွင်း စဉ်းစားရမယ့် အချက်ပဲဖြစ်ပါတယ်။

 

Ref: ငါးမွေးမြူရေးဆိုင်ရာ အာဟာရ ပြည့်ဝသည့် ငါးအစာ ပြုလုပ် ထိန်းသိမ်းကျွေးမွေးခြင်း စီမံခန့်ခွဲမှု အိတ်ဆောင်စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

  


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်