အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကလေးငယ်များနှင့် နို့တိုက်မိခင်များအတွက် အာဟာရပြည့် ငါးမှုန့်ပြုလုပ်နည်း

ကလေးငယ်များနှင့် နို့တိုက်မိခင်များအတွက် အာဟာရပြည့် ငါးမှုန့်ပြုလုပ်နည်း

Green Way
Green Way • 26/10/2022

 

အရှေ့တောင်အာရှနိုင်ငံများ (ကမ္ဘောဒီးယား၊ ဘင်္ဂလားဒေ့၊ တီမော၊ အိန္ဒိယ) နိုင်ငံများတွင် ငါးအမှုန့်များကို (၆ လမှ ၂ နှစ်သား) ကလေးငယ်များအတွက် အာဟာရဖြည့်ပေးရန် လုပ်ဆောင်လျက်ရှိပါသည်။ ကမ္ဘာ့ငါးလုပ်ငန်းမှ မြန်မာပြည်အတွင်း ကလေးငယ်များအား (၂) နှစ်သားအတွင်း အသားဓာတ်များရရှိရန် ငါးမှုန့်များကို ထုတ်လုပ်၍ အသုံးပြုနိုင်ရန် စတင်ဆောင်ရွက်နေပါသည်။ ဤနည်းဖြင့် အသားဓာတ်ကို ကလေးများအား နေ့စဉ်ဖြည့်စွက် ကျွေးမွေးပေးနိုင်သည့်အပြင် အာဟာရချို့တဲ့မှုများကိုပြုပြင်ပေးနိုင်သည်။

ငါးမှုန့်ပြုလုပ်နည်း

  •  ငါးသေးသေးလေးများကို ဆားနှင့်နယ်ပြီး (၁၀) မိနစ်ထားပါ။
  •  ရေဖြင့် (၁) ကြိမ်ဆေး၊ အူဖယ်ထုတ်ပြီး ပြန်ဆေးပါ။
  •  ဆန်ခါတွင် ရေစစ်ပြီး ယင်မနားစေရန် ပိတ်ပါး (သို့) ဆန်ခါဖြင့် ဖုံးအုပ်ထားပါ။
  •  ဒယ်အိုးကို အပူပေးပြီး ဆီထည့်ကာ ဆီပူမှငါးများထည့်ပါ။
  •  မီးမြှင်းမြှင်းထားပြီး ယောင်းမဖြင့် ခဏခဏမွှေပေးပြီး အညိုနုရောင်ပြောင်းသည်အထိ ထားပါ။
  •  လှော်ပြီးငါးများကို ပန်းကန်ပြားတွင်ထားပြီး အအေးခံပါ။
  •  အေးသွားပါက ငရုတ်ဆုံတွင်ထောင်းပါ။
  •  ခြောက်သွေ့ပြီး အေးမြသောနေရာတွင် ဘူးများဖြင့်ထည့်ပြီး ထားသိုပါ။
  • ဆန်ပြုတ်၊ ငပိချက်များ၊ ဟင်းချိုများချက်ရာတွင် ငါးမှုန့်ကိုထည့်ပြီး ကလေးငယ်၊ နို့တိုက်မိခင် နှင့် ကိုယ်ဝန်ဆောင်များအား တိုက်ကျွေးနိုင်ပါသည်။
  • အရသာနှင့် အာဟာရတိုးစေရန် ဖရုံသီး၊ ဒန့်ဒလွန်ရွက်များ ရော၍လည်း စားသုံးနိုင်ပါသည်။

၁ နှစ်အထက်ကလေးငယ်များအတွက်ဆိုပါက..

အထက်ပါ နည်းလမ်းများ ၁၀ ချက်အတိုင်း ငါးအခြောက်မှုန့်ပြုလုပ်ပါ။

  • ကြက်သွန်ဖြူ/နီ အခြောက်များကို ထပ်ကြိတ်ပြီး ငါးအမှုန့်နှင့်ရောပါ။
  • ၁၂ လနှင့်အထက် ကလေးငယ်များကို ထမင်းနှင့် ဟင်းသီးဟင်းရွက်များဖြင့်ရောပြီး ကျွေးနိုင်ပါသည်။
  • ငါးအမှုန့်မပြုလုပ်မီ လက်ကိုစင်ကြယ်စွာဆေးပြီးမှ ပြုလုပ်ရန်လိုအပ်ပါသည်။

“Fedwell” Dehydrated & Delicious မှထုတ်ဝေသော လက်ကမ်းစာစောင်မှ ကောက်နုတ် ဖော်ပြခြင်း ဖြစ်ပါသည်။

2
သာအေး

သာအေး

လွန်ခဲ့သော ၃ နှစ် က

လယ်သိမ်ပြီးရင်နေကြာနဲ့ပဲပုတ်စိပ်ရင်မသင့်တော်ဘူးလားနောက်ကြသွားပြီလားအကျံပေးပါအုံး

သာအေး

သာအေး

လွန်ခဲ့သော ၃ နှစ် က

အခုလိုဆောင်းယာသီမာပါသီးနံစိပ်ရင်ကောင်းမာလဲ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ကျနောရဲ့လယ်ကွက်ထဲကမြက်ကြိမ်ပင်အမြစ်နှင့်အငုပ်တွေကအရွ‌က်မရှိဘူးဆရာဂလိုင်ဖိုဆေ့့ဖြန်ရင်သေနိုင်မလားဘာလုပ်ရင်ကောင်းမလဲ။လက်နှင့်ကောက်ရင်မဖြစ်နိုင်လို့ပါ။

U Win Zaw • ဖြေကြားချက် 1 ခု

ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ

U Yan • ဖြေကြားချက် 4 ခု

ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ

U Maung • ဖြေကြားချက် 3 ခု

ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ

U Yan • ဖြေကြားချက် 3 ခု

ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ

Ko Myo Tint • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။