မြန်မာ့ပန်းဈေးကွက် တစ်ပြည်လုံးအတိုင်းအတာဖြင့် အရောင်းအဝယ် အေးစက်နေကြောင်း တောင်သူများက ပြောသည်။
အခမ်းအနားတွေမရှိတော့တဲ့အတွက် ဈေးကွက်က သိသိသာသာကျသွားတာပါ။ ပုံမှန်က တစ်နေ့ကို စံပယ်ပန်း အဖူးရေ ၂သိန်းလောက်ထွက်တာ။ အခုက အဖူးရေ ၂ သောင်း၊ ၃ သောင်းလောက် ဖြုန်းဖို့အရေး မနည်းလုပ်နေရတယ်။ လက်လီရောင်းသူတွေ ရောင်းမကောင်းတော့ ဖောက်သည်ကြီးတွေလည်း ရောင်းမကောင်းဘူး။ ရန်ကုန်ဈေးကွက်ကတော့ ပိုဆိုးပါတယ်။ နောက် ၂ လ၊ ၃ လ လောက်အထိ ဖြစ်နေမယ်ဆိုရင်တော့ တောင်သူတွေအတွက် မလွယ်ဘူး။ ပန်းနဲ့ပတ်သက်တဲ့ အရောင်းအဝယ်မှန်သမျှ အကုန်အေးကုန်တာပါ။ ဈေးကွက်ပျက်တာပဲ။
ဟု ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ စံပယ်ပန်းစိုက်ပျိုးရေးခြံမှ တောင်သူ ဦးခင်မောင်မြင့်က ပြောသည်။
နယ်မြို့အသီးသီးမှ တင်ပို့သည့် ကားများ အဝင်အထွက်နည်းပါးခြင်း၊ ဈေးများ အချိန်အကန့်အသတ်ဖြင့် ဖွင့်လှစ်ရောင်းချခြင်း စသည်တို့ကြောင့်လည်း ပန်းဈေးကွက်ကျဆင်းလာခြင်း ဖြစ်သည်။
ပန်းတင်ပို့တဲ့ကားတွေ အသွားအလာနည်းသွားတယ်။ ဈေးကလည်း ရောင်းလို့မရဘူး။ ပန်းလိုက်ရောင်းတဲ့ ဖောက်သည်လေးတွေလည်း ခြံတံခါးဝကနေပဲ လှမ်းရောင်းရတယ်။ ဝယ်သူတွေကလည်း ရောဂါကူးမှာ ကြောက်တာပေါ့လေ။
ဟု ၎င်းက ဆက်လက်ပြောသည်။
မြန်မာနိုင်ငံတွင် ပန်းစိုက်ပျိုးရေးကို ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် တို့တွင် အဓိက စိုက်ပျိုးထုတ်လုပ်ကြောင်း သိရသည်။
နန်းထက်ထက်ချစ်
ယခုသတင်းက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ အသုံးဝင်ပါတယ်/အသုံးမဝင်ပါ ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ
Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more
Greenovator