ကျွဲ၊ နွား များမှာလည်း အစာအဆိပ် ဖြစ်တတ်ပါတယ်

01/11/2019 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ယခုအခါတွင် လက်တွန်းထွန်စက်၊ လယ်ထွန်စက်များ အစားထိုး၍ ခေတ်မီလယ်ယာစိုက်ပျိုးရေးစနစ်ကို တိုးချဲ့ဆောင်ရွက်လာနိုင်ပြီဖြစ်သော်လည်း ကျွဲ၊ နွား သုံးစွဲမှုမှာမူ ရှိနေဆဲ တွေ့နေရဆဲ ဖြစ်ပါသည်။ သို့ဖြစ်၍ ခိုင်းကျွဲ၊ ခိုင်းနွားများ အစာကျွေးရာတွင် ကျွေးနေကျ၊ စားနေကျ ဖြစ်သော်လည်း အစာမှ အဆိပ်ဖြစ်တတ်ကြောင်း သိရှိထားရန် လိုအပ်ပေသည်။

မြန်မာနိုင်ငံသာမက ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကျွဲ၊ နွားများကို အဓိကအားဖြင့် ပြောင်းပင်၏ အရိုးများကို ကျွေးမွေးကြသည်။ ရှေးယခင်ကစ၍ ယနေ့ထက်တိုင်ကျွေးမွေးလျက် ရှိသည်။ ပြောင်းရိုးကျွေးမွေးရာတွင် ခုတ်စဉ်း၍ ကျွေးမွေးခြင်း၊ အခြားကောက်ရိုး၊ သစ်ရွက်များ၊ မြက်ခြောက်များ၊ မြက်စိုများ ရော၍ ကျွေးမွေးကြသည်။ ပြောင်းရိုးခြောက်များ ကျွေးရာတွင် အနှံထက်ပြီး ပြောင်းရိုးများ အခြောက်လှန်း၍ ကျွေးမွေးကြသည်။

သို့ဖြစ်၍ ကျွဲ၊ နွားပိုင်ရှင်များ အဆိပ်အတောက်ဖြစ်တတ်ခြင်းကို သတိမပြုမိပေ။ သို့သော် အရွယ်မရောက်သေးသော ပြောင်းပင်ပေါက် (အစို) များ စိုက်ပျိုးထားရာ စိုက်ခင်းများတွင် နွားများလွှတ်ကျောင်းရာမှ ဝင်ရောက်စားသုံးမှုပမာဏမျာစွာ စားသုံးမိလျှင် အဆိပ်ဖြစ်ပေါ်သေဆုံးကြောင်း၊ မိုးဦးကျ နွေရာသီ ချောင်းစပ်များတွင် ပြောင်းပင်ပေါက်စားပြီး အဆိပ်ဖြစ်သေဆုံးကြသည်ကို မကြာခဏ တွေ့ရပေသည်။ အချို့က ပိုးသတ်ဆေး ဖျန်းထားသော ပြောင်းခင်းထဲ ဝင်စား၍ သေသည်ဟု အယူအဆလွဲမှားကြသည်.။ ထိုသို့အဆိပ်ဖြစ်ခြင်းမှာ ပြောင်းပင်တွင် ပါဝင်သော "ဖရပ်ဆစ်အက်ဆစ်" ခေါ် ဓာတုဗေဒဓာတ်ပေါင်းတစ်မျိုးကြောင့် ဖြစ်ကြောင်းသိရသည်။ ယင်းဓာတ်ကို နောက်တစ်နည်းအားဖြင့် ဟိုက်ဒရိုဂျင်ဆိုင်ယာနိုက်" ဟုလည်း ခေါ်သည်။ အလွန်ပြင်းထန်သောအဆိပ်ဖြစ်သည်။ သို့ရာတွင် အကန့်အသတ်နှင့်ကျွေးပါက အန္တရာယ်မရှိကြောင်း သိရပါသည်

ပြောင်းပင်ပေါက်တွင် အဆိပ်ပါဝင်မှု ပို၍ များပါသည်။ ပြောင်းပင်အရွယ်ရင့်လာသည်နှင့်အမျှ အဆိပ်ပါဝင်မှု လျော့နည်းလာပြီးနေလှန်းခြောက်သွေ့သွားသောအခါ ထိုအဆိပ်ပါဝင်မှု လုံးဝမရှိတော့ကြောင်း၊ ပြောင်းပင်တစ်ပင်တည်းတွင် ပင်စည်ထဲ၌ အဆိပ်ပါဝင်မှု နည်းပါးပြီး ပြောင်းရွက်တွင် အဆိပ်ပါဝင်မှု ပို၍ များကြောင်း သိရသည်။ အရွက်များတွင်ပင် အဖျားပိုင်း၊ အရွက်နုများ၌ အဆိပ်ပါဝင်မှု ပို၍ များကြောင်းသိရသည်။ နှံစားပြောင်း၊ ဖူးပြောင်း နှစ်မျိုးစလုံးတွင် ငယ်စဉ်အဆိပ်ပါဝင်မှု အတူတူပင်ဖြစ်ကြသည်။ ထိုကြောင့် ပြောင်းပင်ပေါက်၊ ပြောင်းဖူးပင်ပေါက်များ တစ်တောင့်တစ်ထွာ အရွယ်တွင် အဆိပ်ပါဝင်မှု များ၍ ကျွဲ၊ နွားများ မကျွေးသင့်ပေ။ လွှတ်ကျောင်းနွားများ အခင်းပိုင်ရှင်မသိအောင် တစ်ဝကြီးစားသဖြင့် သေဆုံးမှုများ တွေ့ရသည်။

ပဲစိမ်းစားဥနှင့် ပဲထောပတ်ပင်တို့တွင် ထိုအဆိပ်ဓာတ်ပါဝင်ကြောင်း သိရသည်။ ထိုအပင်များရှိအရွက်တွင် အဆိပ်ပါဝင်မှုနည်းပြီး အဖျားပိုင်း၊ အညွှန့်ပိုင်းတွင် အဆိပ်ပါဝင်မှုပိုများကြောင်းတွေ့ရသည်။ အစေ့တွင်လည်း ထိုအဆိပ်ဓာတ်ပါဝင်ကြကြောင်း သိရသည်။ ပဲစိမ်းစားဥ စိုက်ခင်းများ၊ ထောပတ်စိုက်ခင်းများ ကျွဲ၊ နွားများ ဝင်ရောက်၍ အရွက် အညွှန့်များစားသော ကျွဲ၊ နွားများ သေဆုံးတတ်ကြောင်း သိရသည်။

ထို့ပြင် နွားစာမြက်များနှင့် ရော၍ ပေါက်လေ့ရှိသော ဘရက်ကင်ဖန်း (ခေါ်) ဒရင်ကောက်ပင်ကြောင့် အဆိပ်ဖြစ်နိုင်ကြောင်း သိရပါသည်။ ထိုအပင်ကို စားသုံးမိခြင်းကြောင့် ရုတ်တရက် အဆိပ်သင့်သေဆုံးခြင်း မရှိဘဲ နေ့စဉ်နည်းနည်းစီ စားမိရာမှ ကြာမြင့်လာသောအခါ Bovine Enzootic Hematuria ရောဂါဖြစ်လာကြောင်းသိရသည်။ ရောဂါလက္ခဏာသည် နှစ်ပေါင်းကြာမှ ဖြစ်တတ်၍ ယင်းဒရင်ကောက်ပင်များကို အမြောက်အများစားသုံးမိလျှင် တစ်လအတွင်း အောက်ဖော်ပြပါ လက္ခဏာများ ဖြစ်ပေါ်ကြောင်း တွေ့ရသည်။

ကျွဲ၊ နွားများ အင်အားချည့်နဲ့လာခြင်း၊ လမ်းလျောက်ရာတွင် ယိမ်းယိုင်လာခြင်း၊ အဖျားအပူချိန်ကြီးလာခြင်း၊ သွားရည်ယိုခြင်း၊ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တို့တွင် သွေးခြည်ဥလာကြောင်း သိရသည်။

ယင်းတို့လက္ခဏာပေါ်လာပြီးမှ ကုသလျှင် သေဆုံးနိုင်ကြောင်း ထို့ပြင် "ဘရက်ကင်ဖန်း" ခေါ် " ဒရင်ကောက်ပင်မျိုးနှင့် အခြားဒရင်ကောက်ပင်မျိုးတို့မှ အဆိပ်သည် ကျွဲ၊ နွားတို့၏ ဆီးအိမ်အတွင်းသို့ ရောက်ရှိသောအခါ ဆီးအိမ်၌ ကင်ဆာဖြစ်စေတတ်ကြောင်းသိရသည်။

ယင်းရောဂါကာကွယ်နိုင်သည့် ဆေးနှင့် ကုသဆေးမရှိသေးသဖြင့် ဒရင်ကောက်ပင်များရှိပါက အမြစ်ပြတ်ဖယ်ရှားနည်းကိုသာ အသုံးပြုသင့်ကြောင်း၊ မြန်မာပြည်တွင် အထူးသဖြင့် အေးသော မေမြို့၊ တောင်ကြီးစသည့် ရှမ်းပြည်နယ်ဘက်တွင် ပေါက်ရောက်ကြောင်းနှင့် အပူပိုင်းဒေသတွင်လည်း ဒရင်ကောက်ပင်များ ရှိနိုင်ကြောင်း သိရပါသည်။

နွားများနွေရာသီတွင် မြက်ခြောက်၊ ကောက်ရိုးခြောက်များကို ကျွေးရသည်။ ကောက်ရိုးကျွေးခြင်းဖြင့် နွားများဗိုက်ပြည့်ရုံ ဖြစ်ပြီး အာဟာရမရရှိပါ။ သို့ဖြစ်၍ ကောက်ရိုးကို ယူရီးယားဖြင့် ပြုပြင်ကျွေးမွေးခြင်းဖြင့် အာဟာရပြည့်ဝစွာ ရရှိသည်။ သို့သော်လည်း ယူရီးယားဖျန်းစဉ် မနှံ့ခြင်း၊ ယူရီးယားဖျော်စပ်ရာတွင် ယူရီးယားများသွားခြင်း၊ ဖျန်းပြီး ချက်ချင်းကျွေးလျှင် ယူရီးယားအဆိပ်သင့် ဝေဒနာ ခံစားရတတ်ပါသည်။ ရောဂါသဏ္ဍာန်မှာ ပါးစပ်မှ အမြုပ်ထွက်ခြင်း၊ ဗိုက်ဖောင်းလာခြင်း၊ အကြောဆွဲခြင်း၊ ဒယီးဒယိုင်ဖြစ်ပြီး သေဆုံးနိုင်သည်။ အချိန်မီ ရှာလကာရှည်ကို တစ်လီတာမှ နှစ်လီတာရေနှင့်ရောပြီး ဖြည်းဖြည်းချင်း တိုက်ကျွေးကုသနိုင်ပါသည်။

ထို့ကြောင့် ကျွဲ၊ နွားများကို သဘာဝအစာမှ လွဲ၍ ကျန်အစာ၊ ဆေးဝါးများ တိုက်ကျွေးပါက ကျွမ်းကျင်သူ အကူအညီ ရယူသင့်ကြောင်း အကြံပြုအပ်ပါသည်။

ထွန်းလှိုင် (မြိုင်)

ဒို့ကျေးရွာဂျာနယ်မှ ပြန်လည်ဖော်ပြပါသည်။

 

 

 

 

 

 

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်