ခွာပုပ်ခြင်း
ကျွဲနွားများတွင် ခွာပုပ်ခြင်းရောဂါမှာ ဖြစ်လေ့ဖြစ်ထရှိသော ရောဂါတစ်မျိုးဖြစ်သည်။
ရောဂါဖြစ်ရသည့် အကြောင်းအရင်းများ
၁။ ရေစိုနေသောနေရာများတွင် ကျွဲ၊ နွားများကိုထားပါက ထိုရောဂါကျရောက်နိုင်ခြင်း။
၂။ ဘက်တီးရီးယား (သို့) မှိုကပ်ပါးများ ကျရောက်ခြင်းတို့ကြောင့်ဖြစ်သည်။
ရောဂါလက္ခဏာများ
၁။ ခွာမှ အနံ့ဆိုးများထွက်လာတတ်သည်။
၂။ ခွာကြားတွင် ပြည်(ပြီ) များ ထွက်လာတတ်သည်။
၃။ ခြေဖျားပိုင်း ရောင်လာတတ်သည်။
၄။ အသားအချို့ပျက်စီးပြီး အရောင်မဲလာသည်။
၅။ ကျွဲ၊ နွားများမှာ မြေပေါ်တွင် ခြေထောက်မထောက်နိုင်ကြပေ။ အကယ်၍ ကျွဲ၊ နွားများ၏ပါးစပ်တွင် အနာများတွေ့ရှိပါက ကူးစက်ရောဂါတစ်မျိုးဖြစ်သော ခွာနာ၊ လျှာနာဖြစ်နေပြီးဖြစ်၍ တိရစ္ဆာန်ဆရာဝန်ဖြင့် ကုသရပါမည်။
ကာကွယ်ခြင်း
၁။ ကျွဲ၊ နွားများကို ခြောက်သွေ့သောနေရာတွင် ထားပါ။
၂။ ကျွဲ၊ နွားများ၏ခြေထောက်တွင် ကပ်နေသော ရွှံ့များကို ဆေးထုတ်ပစ်ရန် ရေမြောင်းတစ်ခုပြုလုပ်ထားပါ။
၃။ ကျွဲ၊ နွားများ၏ ခြေဆေးရည်အတွင်း ဆပ်ပြာကဲ့သို့ ရောဂါမပြန့်ပွားဆေးတစ်မျိုးမျိုး ထည့်ထားပေးပါ။
ခွာပုပ်ရောဂါ ကာကွယ်ရန်
ကျွဲ၊ နွားများ၏ ခြေနင်းနေရာ၌ အောက်ပါ ရောဂါမပြန့်ပွားဆေးများ ပက်ဖျန်းထားသင့်ပါသည်။
၁။ ထုံးမှုန့် (သို့) ကွမ်းစားထုံးဖြူးထားပေးခြင်း။
၂။ ဒုတ္ထာ (ကော့ပါးဆာလ်ဖိတ်) လက် (၂ – ၃) ဆုပ် ကို ရေ (၃-၄) ဂါလံဖြင့်ဖျော်ပြီး ကျွဲ၊ နွားခြေနင်းနေရာတွင် ပက်ဖျန်းထားပေးခြင်း။
၃။ တမာရွက် (၃) ကီလို မှ (၅) ကီလိုကို ထောင်းသုံးခြင်း။
၄။ ရေနံဆီ (၂-၃) လီတာခန့် ပက်ဖျန်းထားပေးခြင်းတို့ ဖြစ်ပါသည်။
ကုသခြင်း
ကျွဲ၊ နွားများ၏ ခွာနှင့် ခြေကို ကောင်းစွာဆေးကြောပါ။ မကောင်းသော၊ ပျက်စီးနေသောအသားစများကို ဖယ်ပစ်ပါ။ ကျွဲ၊ နွားများကို ခြောက်သွေ့သောနေရာတွင်ထားပြီး အောက်ပါဆေးနည်းများဖြင့် ကုသပါ။
၁။ ဩဇာရွက်၊ ဇောင်းလျားသီး၊ ထောပတ်သီးအရွက်တို့ကို ဆတူရောစပ်ပြီး ရေ(၁၀) ဆဖြင့်ပြုတ်ပါ။ ပြုတ်ရည်ကို အအေးခံပြီး အဝတ်စ (၁) ခုကို ထိုပြုတ်ရည်တွင်နှစ်ပြီး အနာကို တစ်ရက် (၅) ကြိမ် သုတ်ပေးပါ။
၂။ ကျွဲ၊ နွားများ၏ ခြေထောက်များဝင်နိုင်သော တွင်းတူးပါ။ ထိုတွင်းထဲသို့ ကျွဲ၊ နွားများ၏ခြေကိုထည့်ပြီး တစ်နေ့လုံးနေပူခံထားသော သဲ (သို့) ထိုအပူချိန်ရသည်အထိ လှော်ထားသောသဲကို တွင်းထဲသို့လောင်းထည့်ပါ။ (၁၀) မိနစ်မှ မိနစ် (၂၀) အထိထားပါ။ တစ်ရက်တစ်ကြိမ် ညနေတိုင်းတွင် ရောဂါပျောက်သည့်အထိ ပြုလုပ်ပေးပါ။
၃။ အကယ်၍ အနာတွင် လောက်များတွေ့ရှိပါက ဩဇာရွက်နှင့် တမာရွက်ကို ဆတူယူပြီး ထောင်းပါ။ ရရှိသောကြိတ်ဖတ်ကို အနာပေါ်သို့ တစ်ရက် (၂) ကြိမ် (၃) ကြိမ် ရက်ဆက်ထည့်ပေးပါ။ ထိုဆေးကြိတ်ဖတ်များ အနာတွင်မြဲစေရန် ပတ်တီးစည်းထားပါ။
၄။ ဘိစပ်ပင် လက်(၃)ဆုပ်၊ ပိတောက်ခေါက် လက် (၃) ဆုပ်၊ ဆား စားပွဲတင်ဇွန်း (၂) ဇွန်း ထိုသုံးမျိုးကို ရေဖြင့် အရည်ပျစ်ပျစ်ရသည်အထိ ကျိုပါ။ အနာရှိရာနေရာကို တစ်ရက်လျှင် (၃) ကြိမ်နှုန်းဖြင့် (၇) ရက်ဆက်တိုက် ထည့်ပေးပါ။
ဦးဇော် (dof)
Ref : တိရစ္ဆာန်ရောဂါ ရိုးရာကုထုံးများစာအုပ်မှ ကောက်နှုတ်တင်ပြပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ
U Yan • ဖြေကြားချက် 0 ခု
ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ
U Maung • ဖြေကြားချက် 1 ခု
ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ
U Yan • ဖြေကြားချက် 3 ခု
ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ
Ko Myo Tint • ဖြေကြားချက် 2 ခု
GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့ပါလဲေြဖေပးအုန်းပါဗျ
မင်မင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from ဦးဇော်(dof)
အားလုံး