အရိပ်ကျရောက်မှုကိုနှစ်သက်သည့် ဝဥပင်ကို နှစ်ရှည်ပင်အမျိုးအစားများနှင့် ကြားညှပ်စိုက်ပျိုးလာ

01/10/2020 10:30 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    အရိပ်ကျရောက်မှုကိုနှစ်သက်သည့် ဝဥပင်ကို နှစ်ရှည်ပင်အမျိုးအစားများဖြစ်သည့်ထောပတ်ပင်၊ ကော်ဖီပင်၊ လက်ဖက်ပင်များနှင့် ကြားညှပ်စိုက်ပျိုးလာကြောင်း ချင်းပြည်နယ်တောင်ပိုင်းရှိ ဝဥစီးပွားဖြစ်စိုက်ပျိုးနေသူများထံမှ သိရသည်။

အခုနောက်ပိုင်းမှာဆိုရင် ဝဥပင်ကို နှစ်ရှည်ပင်တွေကြားမှာ စိုက်ပျိုးလာကြပြီ။တောင်စောင်းနေရာမျိုးတွေမှာဆိုရင် ဝဥပင်ကို နှစ်ရှည်ပင်ဖြစ်တဲ့ ထောပတ်ပင်နဲ့ ကြားညှပ်ပြီးတော့ တောင်စောင်းကွန်တိုလိုင်းစနစ်နဲ့ စိုက်ပျိုးနိုင်ပါတယ်။ ဝဥပင်က အရိပ်နဲ့ အစိုဓာတ်ရရှိမှုကို အနည်းဆုံး (၄၀) ရာခိုင်နှုန်းအထိ လိုအပ်တဲ့ အပင်အမျိုးအစားဖြစ်နေလို့ပါ။

ဟု ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်၊ ဝမ္မသူးအုပ်စု၊ ခွီးရိန်ကျေးရွာမှ ဝဥပင်စီးပွားဖြစ်စိုက်ပျိုးသူ ဦးရှိန်းခယ် က ပြောသည်။

    ဝဥပင်ကို မိုးဦးမကျခင် ဧပြီလ၊ မေလများတွင် စတင်စိုက်ပျိုးကြပြီး၊ အောက်တိုဘာလ၊ နိုဝင်ဘာလများတွင် ရွက်သီးကောက်သိမ်း၍ ဒီဇင်ဘာလ၊ ဇန်နဝါရီလများတွင် ဝဥများတူးဖော်ကာ စျေးကွက်တင်ပို့ရောင်းချကြသည်။

ဝဥပင်က အရိပ်ရပင်တွေအောက်မှာ စိုက်ပျိုးသင့်တယ်။ ဒီလို ထောပတ်ပင်လို နှစ်ရှည်ပင်တွေနဲ့ ကြားညှပ်စိုက်ပျိုးပေးခြင်းအားဖြင့် ဝဥပင်အတွက် လိုအပ်တဲ့အစိုဓာတ်လည်းရသွားတယ်။ အပင်ရောဂါပိုးမွှားကျရောက်မှုကိုလည်း လျော့နည်းသွားစေပါတယ်။ ဝဥပင်ကို စီးပွားဖြစ်စိုက်ပျိုးမယ်ဆိုရင် အဓိကကတော့  မိုးဦးကျအမီ စိုက်ပျိုးပေးရပါမယ်။ မစိုက်မီ မြေပြင်ပေးရတယ်။ အနက် (၆) လက်မ (၈) လက်မလောက်တူးဆွ မြေပြင်ပြီး စိုက်ရတယ်။ စိုက်တဲ့အခါမှာ မြေကြီးကို အပေါ်ယံ (၂) လက်မ (၃) လက်မထက်ကျော်ပြီး မြေမဖုံးသင့်ပါဘူး။ ပုံမှန် (၂) လက်မ (၃) လက်မဆို အဆင်ပြေပါပြီ။

ဟု ဦးရှိန်းခယ် က ဆက်လက်ပြောသည်။

    ဝဥပင်ကို စီးပွားဖြစ်စိုက်ပျိုးပါက စတင်စိုက်ပျိုးချိန်မှ တူးဖော်ရောင်းချသည်အထိ (၃)နှစ်တာကာလအတွင်း တစ်ဧကစိုက်ပျိုးကုန်ကျစရိတ်စုစုပေါင်း (မျိုးဖိုး၊ သွင်းအားစု၊ အလုပ်သမားခများ အပါအဝင်) ကျပ်သိန်း (၄၀)မှ ကျပ်သိန်း(၅၀) အတွင်း ကုန်ကျကြောင်း သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်