တောင်သူတွေကိုယ်တိုင် သီးနှံတွေလာရောက်ရောင်းချနိုင်တဲ့ အစိမ်းရောင်လမ်းရဲ့ စျေးတန်းကြီး 

19/09/2021 20:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

     လက်ရှိကာလ အချို့ဒေသတွေက တောင်သူတွေဆိုရင် သီးနှံထွက်ချိန်မှာ ဈေးမရလို့ သီးနှံတွေကို လွှင့်ပစ်ကြရတာမျိုးတွေ၊ သွင်းအားစုတွေက ဈေးကြီး၊ လောင်စာဆီ ဈေးတက်လို့ သယ်ယူပို့ဆောင်ခတွေကလည်းစျေးကြီး၊ အလုပ်သမားခတွေကလည်း မြင့်လာလို့ အရင်းတောင် ပြန်မရတော့ပဲ အရှုံးပေါ်နေကြတဲ့ ဒီလို အခြေအနေတွေကို ကြုံတွေ့နေရပါတယ်။

     တောင်သူတွေရဲ့အခက်အခဲတွေကို တစ်ထောင့်တစ်နေရာကနေ ကူညီပေးနိုင်ဖို့အတွက် အစိမ်းရောင်လမ်းရဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်တဲ့ ဈေးတန်းကြီးနဲ့ မိတ်ဆက်ပေးပါရစေ။ ဈေးတန်းကြီးဆိုတာကတော့ တောင်သူတွေရဲ့ စိုက်ခင်းကနေ ထွက်ရှိတဲ့ သီးနှံတွေကို ဝယ်လက်တွေနဲ့ တိုက်ရိုက်ချိတ်ဆက်နိုင်အောင်၊ ကုန်သည်တွေအနေနဲ့လည်း အစိမ်းရောင်လမ်းဆော့ဝဲလ်ထဲမှာ ပို့စ်တင်ပြီး တောင်သူတွေဆီကနေ သီးနှံတွေဝယ်ယူနိုင်အောင် ရိုးရှင်းစွာနဲ့ အလွယ်ကူဆုံး ပြုလုပ်ထားတဲ့ လုပ်ဆောင်ချက် တစ်ခုဖြစ်ပါတယ်။

     သီးနှံ အရောင်းအဝယ် ပြုလုပ်နိုင်ရန် ဖော်ပြထားတဲ့အတိုင်း လိုက်ပါလုပ်ဆောင်နိုင်ပါတယ်။

အဆင်ပြေကြပါစေဗျ။