""ငါးမှာ...ငါးသလောက်""

22/10/2019 11:45 AM တွင် ကမ္ဘာ့ငါးအဖွဲ့ ကမ္ဘာ့ငါးအဖွဲ့ မှ ရေးသား ပြီး WorldFish WorldFish မှ ပေးပို့ထားပါသည်။

   "အသီးမှာ...........သရက်၊ အသားမှာ..........ဝက်၊ အရွက်မှာ..........လက်ဖက်" ဟူ၍အဆိုရှိသကဲ့သို့  ငါးတွင်လည်း "မယားမှာ...........ဆံတောက်၊ ငါး မှာ............ငါးသလောက်"ဟူ၍ စာချိုးရှိကြပါသည်။

   ငါးသလောက်ငါးမှာ ရေပေါ်ရေလွှာနေငါး (pelagic fish) များဖြစ်ကြသည်။ ရေချို၊ ရေငန်နှစ်မျိုးစလုံးတွင် နေထိုင်ကြပြီး ငါးသလောက်မျိုးစိတ်အားလုံးသည် ရာသီဥတုအလိုက်နေရာဒေသပြောင်းရွှေ့ကျက်စားသော သဘာဝရှိပြီး နေရာမရွေး၊ အချိန်မရွေး သားပေါက်ဖွားလေ့ရှိပါသည်။

   ငါးသလောက်သက်တမ်းမှာ (၁-၃) နှစ် ဖြစ်ပါသည်။ ငါးသလောက်အမမှာ ဥပေါင်း (၃) သိန်းမှ (၁) သန်းထိ ဥဥနိုင်ကြပါသည်။ မျှောပိုက်ဖြင့် အဓိကဖမ်းဆီးကြပါသည်။ ပြည်ပပို့ကုန်အဖြစ် နာမည်ကြီးပြီး တန်ဖိုးမြင့်ငါးဖြစ်ပါသည်။

   ငါးသလောက်ငါးများမှာ အပင်မျှော (plankton) နှင့် ရေညှိရေမှော် (algae) များကို အများဆုံးစားသုံးကြပါသည်။ ငါးသလောက်များမှာ ကမ်းရိုးတန်းတလျောက်တွင် အုပ်စုဖွဲ့ကာနေထိုင်ကျက်စားသလို မြစ်အထက်ပိုင်းသို့လည်း ဆန်တက်နိုင်ကြသည်။ အသားမှာနူးညံ့ပြီး အနံ့အရသာထူးခြားကောင်းမွန်လှပါသည်။

   မြန်မာနိုင်ငံတွင်တွေ့ရသော ငါးသလောက်မျိုးစိတ်၂ မျိုး အင်္ဂလိပ်အမည်မှာ Hilsa shadနှင့် Toli shad ဖြစ်သည်။

မြန်မာနိုင်ငံတွင်တွေ့ရသော ငါးသလောက်ငါးမှာ -

Phylum မျိုးပေါင်းစု-  Chordata

Class    အမျိုးအစား-Pisces

Order    မျိုးစဉ်  -    Clupeiformes

Family  မျိုးရင်း  -    Clupeidae

Genus  မျိုးစု     -    Tenualosa

Species(1)မျိုးစိတ်-၁-Tenualo sailisha

Species(2)မျိုးစိတ်-၂-Tenualosatoli တို့ဖြစ်ကြသည်။

   ငါးသလောက်ငါးကို အရိုးနူးပေါင်းစားခြင်း၊ ငါးသလောက်ကင်၊ ငါးသလောက်ကြော်၊ ငါးသလောက်အစပ်ဟင်း၊ ငါးသလောက်သုပ် စသဖြင့် ပြုလုပ်၍စားသုံးကြသည်။

Source - AQUADAPT-Myanmar


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်