ငါးပုဏ္ဏားမှာ အကြေးခွံပါသောငါးဖြစ်ပြီး နှုတ်ခမ်းမွှေးရှည်ရှည်နှင့် အသားနူးညံ့တဲ့ငါးဖြစ်ပါသည်။ ငါးရဲ့အရောင်က ရွှေနီရောင်သန်းနေပြီး နှုတ်ခမ်းမွှေးကအမြီးထိရှည်သည်။
ရေချိုပိုင်းတွင် အများဆုံးတွေ့ရပြီး ရေချိုရေငန်စပ်၊ ရေငန်ပိုင်းတွင်လည်း တွေ့ရသည်။ကရင်ပြည်နယ်၊ သံလွင်မြစ်ကြောင်းတွင်လည်း သိပ္ပံအမည် polynemus paradiseus ငါးပုဏ္ဏားမျိုးစိတ်ကို တွေ့ရှိရသည်။ မျိုးပေါင်းစု (phylum)-Chordata မှဆင်းသက်လာပြီး အင်္ဂလိပ်အမည်- Mango fish or Paradise Threadfin ဟုသိရသည်။
ငါးပုဏ္ဏားမှာ အများအားဖြင့် အလျား၉လက်မခန့် ထိရှိကြပြီး တန်ဖိုးမြင့်ငါးတွင် ပါဝင်သည်။ ပုစွန်၊ ငါးငယ်စသည်တို့ကို သူတို့ရဲ့အစာအဖြစ်စားကြသည်။
အရိုးနည်းပြီး အသားနူးညံ့သည်။ သူ့တွင် အသားဓါတ်၊ ရေငွေ့ဓါတ် ပါရှိပြီး ထူးခြားချက်မှာ ခေါင်းကိုမဖြတ်ပဲကြော်စားပါက အလွန်နူးညံ့ပြီး ကျက်လွယ်သဖြင့် ကြွပ်ရွပြီးစား၍အလွန်ကောင်းသည်။ ငါးပုဏ္ဏားမှာ အင်အားဖြစ်စေသည်ဟု ယုံကြည်မှုရှိကြ၍ ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုတွေကို ဓါတ်စာအနေဖြင့်လည်း ကျွေးကြသည်။
မွန်ပြည်နယ်၊ မော်လမြိုင်ဘက်တွင် ငါးပုဏ္ဏားဆူဆီဟင်းမှာ နာမည်ကြီးသည်။ ငါးပုဏ္ဏားဆူဆီဟင်းမှာ ငါးပုဏ္ဏားကိုကြော်ပြီး ပြန်နှပ်ထားသော ဟင်းတစ်မယ်ဖြစ်သည်။
ငါးပုဏ္ဏားတစ်ပိသာကျပ် (၁၀၀၀၀-၁၃၀၀၀) ဝန်းကျင်ရှိကြပြီး ငါးပုဏ္ဏားအကြွပ်ကြော်၊ဆီပြန်၊ ဆူဆီ၊ အိုးကပ်စသဖြင့်စားသုံးကြသည်။
နှင်းဖြူဖြူ (dof)
Source- AQUADAPT Myanmar
Farm Link Co.,Ltd
ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more