ပြည်ပတင်ပို့မှုများတဲ့ ပင်လယ်မျှော့အကြောင်း
ပင်လယ်မျှော့ ခေါ် ပင်လယ်သခွားသီး (Sea Cucumber) များကို ကမ္ဘာအနှံ့အပြားရှိ ပင်လယ်ရေအောက်ကြမ်းပြင် (sea floor) နှင့် သန္တာကျောက်တန်းများ (coral reefs) ကြားမှာ တွေ့ရှိနိုင်ပါတယ်။ ပင်လယ်မျှော့ (ခေါ်) ပင်လယ်သခွားသီးတွေဟာ ကျောရိုးမဲ့ရေနေသတ္တဝါ (Marine Invertebrate) အုပ်စုဝင်များဖြစ်ကြပြီး ကြယ်ငါး၊ သံပခြုပ်၊ သဲဒေါ်လာကောင်တို့လို Echinoderms အုပ်စုဝင် တစ်မျိုးဖြစ်ကြပါတယ်။ သိပ္ပံအမည်မှာ Holothuroidea ဟု အမည်တွင်ပါတယ်။
မျှော့နှင့်ဆင်တူလို့ မြန်မာလို ပင်လယ်မျှော့ လို့ ခေါ်ကြတဲ့ sea cucumber တွေဟာ မျှော့မဟုတ်ကြပါ။ မျှော့က အဆစ်ပါ တီကောင်မျိုးပေါင်းစု-Annelida မှာပါဝင်ပြီး မျှော့တွေက မြေတီကောင်တွေနဲ့ ပိုအမျိုးနွယ်ပါလိမ့်မယ်။ Sea Cucumber တွေက မျိုးပေါင်းစု-Echinodermata မှာပါဝင်ကြလို့ မြန်မာမှုပြုတဲ့အခါ Sea cucumber ကို ပင်လယ်မျှော့ လို့ခေါ်တာထက် အင်္ဂလိပ်နာမည်ကို တိုက်ရိုက်ဘာသာပြန်ထားတဲ့ ပင်လယ်သခွားသီး ဆိုတဲ့ နာမည်ကပိုပြီး ပီပြင်ကွဲပြားလိမ့်မယ်လို့ ဆိုကြပါတယ်။
Sea Cucumber တွေရဲ့ ခန္ဓာကိုယ်က ရှည်မျောမျောလေးဖြစ်နေပြီး သူတို့ရဲ့ သားရေတွေနဲ့တူတဲ့ အရေပြား အဖုထစ် အချွန်အတက်တွေက ကိုယ်ပျော့ရေနေသတ္တဝါလိုဖြစ်နေပါတယ်။ Sea Cucumber တွေဟာ သူတို့ရဲ့ ကိုယ်ထည်ကို ဖယောင်းလိုပျော့ပျောင်းသွားစေအောင်လုပ်နိုင်သလို စက္ကန့်ပိုင်းအတွင်း မာတောင့်သွားအောင်လည်း လုပ်နိုင်ပါတယ်။ ဒါကြောင့်လည်း ကျောက်ကြိုကျောက်ကြားတွေထဲ ကျုံ့ဝင်သွားပြီးနောက် ဆွဲထုတ်လို့မရအောင် မာတောင့်ထားတတ်ကြတယ်။ ဒီလိုလုပ်နိုင်တာဟာ သူ့အရေခွံကြောင့်ပါ။

Sea Cucumber တွေဟာ ရန်သူနဲ့တွေ့တဲ့အခါ သူတို့ရဲ့ကိုယ်တွင်းအဂ်ါများကို အန်ထုတ်ပြီး အစာအဖြစ် ချကျွေးကာ ထွက်ပြေးတတ်ကြပါတယ်။ သို့သော် ၁ပါတ် ကနေ ၅ပါတ် အတွင်းမှာ သူတို့ရဲ့ ကိုယ်တွင်းအင်္ဂါအသစ်တွေ ပြန်ပြီးဖြစ်ပါ်လာကြပါတယ်။
Sea Cucumber တွေရဲ့ခန္ဓာကိုယ်မှာ သွေးများမရှိကြပါ။ သွေးလည်ပတ်မှုစနစ်ဖြင့် အသက်ရှင်ခြင်းမဟုတ်ဘဲ Water Vascular System ဖြင့်ရှင်သန်ကြတယ်လို့ သိရပါတယ်။
Sea Cucumber တွေဟာ ရေညှိရေမှော်၊ ကျောရိုးမဲ့ရေသတ္တဝါ၊ အပင်မျှော စသည်တို့ကို သူတို့ရဲ့ခြေချောင်းသေးသေးလေးတွေ ဝန်းရံနေတဲ့ ပြွန်ပုံသဏ္ဍန်ပါးစပ်ကနေ စားကြပါတယ်။
ပင်လယ်မျှော့ (ခေါ်) ပင်လယ်သခွားသီးတွေကို တနင်္သာရီကမ်းရိုးတန်းတစ်လျောက်က ဒေသခံတွေနဲ့ ဆလုံလူမျိုးတွေက အဓိကဖမ်းဆီးကြပြီး နိုင်ငံခြားစျေးကွက်သို့ တင်ပို့လေ့ရှိကြပါတယ်။
ပင်လယ်မျှော့ ဖမ်းဆီးခြင်းလုပ်ငန်းမှာ သန္တာကျောက်တန်း၊ ကျောက်ဆောင်(coral reefs)များကြား ည(၇) နာရီမှ ညသန်းခေါင်ယံအချိန်ထိ ဖမ်းဆီးကြပြီး လှေတစ်ခေါက်ထွက်လျှင် ပင်လယ်ပြင်၌ ၁လခန့် ကြာမြင့်တတ်တယ်လို့ ဒေသခံရေလုပ်သားများက ဆိုကြပါတယ်။
ပင်လယ်မျှော့ကို တရုတ်နိုင်ငံက အများဆုံးဝယ်ယူကြပြီး အိန္ဒိယရှိ နာမည်ကြီးဟိုတယ်များ၌ စျေးအကြီးဆုံး ပင်လယ်စာဟင်းလျှာအဖြစ် ချက်ပြုတ်ရောင်းချကြတယ်လို့သိရပါတယ်။
ပင်လယ်မျှော့မှာ ဝါးလိုက်လျှင် ပျော့တော့တော့ ပျင်းတွဲတွဲ ထုတ်ထုတ်ထုတ် ဖြစ်နေပြီး အရသာမှာ မချိုမငန်ဖြစ်တယ်လို့ သိရပါတယ်။ ကိုရီးယားနိုင်ငံမှာ ပင်လယ်မျှော့ကို အစိမ်းအတိုင်း အချဥ်နှင့်တို့ပြီး ဆိုဂျူး(ကိုးရီးယားအရက်)နှင့် မြည်းလေ့ရှိကြပါတယ်။ အစိမ်းမှာ အနည်းငယ်မာ၍ ငန်ကျိကျိအရသာကြောင့် အခြောက်ကိုပြန်ချက်တာလောက် စားမကောင်းကြပေ။
ပင်လယ်မျှော့မှာ အသားဓါတ် (Protein) ကြွယ်ဝစွာပါဝင်လို့ ပုံမှန်စားသုံးပါက သွေးတိုးရောဂါကိုကာကွယ်ပေးပြီး အဆီကိုလည်း ကျစေပါတယ်။ ဒါ့အပြင် ကင်ဆာဆဲလ်တွေကို မတိုးပွားအောင် ထိန်းညှိပေးခြင်း၊ သွေးအားကောင်းခြင်း၊ နာတာရှည်လူနာများနှင့် မသန်စွမ်းသူများ၏ ကြွက်သားများ ညောင်းညာမှု၊ စိတ်ဖိစီးမှုကို ပြေလျော့စေခြင်း၊ အနာဖြစ်ပါက အနာကျက်မြန်ခြင်း စတဲ့ ကျန်းမာရေးကောင်းကျိုးတွေလည်း ရရှိနိုင်ပါတယ်။
Ref; Wikipedia
ဆက်စပ်မေးခွန်းများ
ဘာရောဂါလဲ ဘာဆေးဖျန်းရမလဲ ရှေ့တစ်ပတ်က hexaconazole mancozeb carberdazin ဖျန်းထားတယ်ဗျ
nay • ဖြေကြားချက် 4 ခု
ကွမ်းကသိပ်အတက်မကောင်းလို့ဗျဘာတွေလိုနေတာလဲပြောပေးပါဦးဆရာတို့
တောသားလေး • ဖြေကြားချက် 2 ခု
မှော်ဘီ၂ဘယ်စျေးပေါက်လဲဗျ
thiha • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းသက်လတ်စပါးသက် 77ရက်ရှိပါပီ။ဒီလ 13/14 ရက်က ဆစ်ပိုးကာကွယ်ဖို့ Profenofos+Lambda cyhalothrin ဆေးတွဲကို ဖြန်းခဲ့ပါတယ် ဒါမဲ့ ခုဆစ်ပိုးက လောက်ကောင်အဆင့်ရောက်ပီး ပင်စည်တွင်းဝင်ရောက်ဖျက်စီးနေကြလို့ပါ။ Acetamiprid20%+Fipronil 20% ပါတဲ့ဆေးထပ်ဖြန်းမလို့ပါဗျ။ သင့်တော်လားဗျ။တစ်ပတ်စောင့်ပီးမှဖြန်းရမလားဗျ။ဖြန်းဆေးဖြန်းပီး နဲ့ 3Gနဲ့ပိုတက် ရောပက်သုံးရင်ရော ပိုပီးအာနိသင်ထိနိုင်လားဗျ။
ko naing phyo wai • ဖြေကြားချက် 1 ခု
ယင်ဖြူ အရမ်းများနေပါတယ် ဖြုတ်စိမ်းလဲရှိတယ် Thiamethoxam -20 WDG (10 g) + Lambda Cyhalothrin -5W/ V(15 cc)ဖျန်းပါတယ် ယင်ဖြူ မပျောက်ဘူးဖြစ်နေပါတယ် Abamectin -1.8% W/ V (20cc) လဲဖျန်းပါတယ် ယင်ဖြူ အမြစ်ပျက် နှိပ်နှင်းရန် ဆေးနဲ့ မိုစေ့ ဗိုင်းရပ် ကာကွယ်ဆေးလေးသိချင်ပါတယ်ဗျာ
စည်သူလွင် • ဖြေကြားချက် 6 ခု
နောက်ဆုံး ဆောင်းပါးများ
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ဆီအုန်းနှင့် ကျန်းမာရေးအတွက်စားသုံးဆီ (အပိုင်း-၂)
15/09/2026
More from နှင်းဖြူဖြူ
အားလုံး
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....