ယခုလဆန်းပိုင်းအတွင်း မြန်မာ့ဖရဲစျေးနှုန်းများမှာ မြင့်တက်လာကြောင်း မြန်မာနိုင်ငံဖရဲ၊ သခွားစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။
တရုတ်ဘက်မှ ဝယ်လိုအားလိုက်လာတာကြောင့် မြန်မာ့ဖရဲစျေးနှုန်းများမှာ အရင်လထက်မြင့်တက်လာတာဖြစ်တယ်လို့ မြန်မာနိုင်ငံ ဖရဲ၊ သခွားစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ ဥက္ကဌ ဦးနိုင်ဝင်းကပြောပါတယ်။
တရုတ်ဘက်က ရာသီချိန်မဟုတ်တော့ဘူး။ အထွက်နည်းသွားတဲ့အတွက် ဒီဘက်မှာ ပြန်ပြီးတော့ ဝယ်လိုအားလိုက်လာတယ်။ အရင်လတွေကထက် ယွမ် ၁၀၀၀ လောက်တက်လာတယ်။ သူတို့ဘက်က အဝယ်လိုက်လာတော့ စျေးကတက်လာတာပါ
မြန်မာ့ဖရဲစျေးနှုန်းများမှာ အရင်လများထက် ဖရဲတစ်တန်ကို ယွမ် ၁၅၀၀ ဝန်းကျင်ရှိရာမှ ယွမ် ၂၅၀၀ ဝန်းကျင် တက်လာကြောင်း အဆိုပါအသင်းမှ သိရပါတယ်။
မြန်မာ့ဖရဲကို တရုတ်နိုင်ငံကိုအဓိကထားတင်ပို့နေကြောင်း မြန်မာနိုင်ငံဖရဲ၊ သခွားစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။
တိုးတိုးခိုင်(ABM)
Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️
❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော်
✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more
Greenovator