မူဆယ်(၁၀၅)မိုင်မှတဆင့် တရုတ်နိုင်ငံသို့တင်ပို့ရောင်းချနေသည့် ဖရဲ၊ သခွားမွှေးသီး ဈေးနှုန်းများ တဟုန်ထိုးမြင့်တက်

03/12/2020 10:45 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    မူဆယ်(၁၀၅)မိုင်မှတဆင့် တရုတ်နိုင်ငံဈေးကွက်သို့ တင်ပို့ရောင်းချနေသည့် ဖရဲ၊ သခွားမွှေးသီးဈေးနှုန်းများ တဟုန်ထိုးမြင့်တက်နေကြောင်း မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။

    တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သည့် Corona Virus ရောဂါပိုး ကူးစက်ပျံ့နှံ့မှုကြောင့် တရုတ်နိုင်ငံတွင်း ပြည်နယ်တစ်ခုနှင့်တစ်ခု၊ မြို့တစ်ခုနှင့်တစ်ခု ကူးလူးဆက်ဆံမှုများ ပိတ်ဆို့ဖြတ်တောက်ခဲ့ပြီးနောက် ကုန်သွယ်မှုများ ရပ်ဆိုင်းသွားခဲ့ပြီး တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးဆောင်ရွက်လျက်ရှိသည့် မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီ ကုန်သွယ်ရေးစခန်းများ၌လည်း ကုန်သွယ်မှုလုပ်ငန်းအများစု ထိခိုက်နစ်နာခဲ့သည်။

    ထို့သို့သော အကြောင်းအရပ်ရပ်ကြောင့် မြန်မာတောင်သူများအနေဖြင့် ဖရဲ၊ သခွားမွှေး ဈေးကွက်ကျဆင်းမည်ကို စိုးရိမ်၍ စိုက်ဧကအများအပြားလျှော့ချစိုက်ပျိုးခဲ့သဖြင့် ဝယ်လိုအားနှင့်ရောင်းလိုအား မမျှတဘဲ ဖရဲ၊ သခွားမွှေးသီးဈေးနှုန်းများ တဟုန်ထိုးမြင့်တက်သွားရခြင်း ဖြစ်သည်။

မနှစ်က COVID-19 ကြောင့် ထိခိုက်နစ်နာခဲ့တော့ တောင်သူတွေကစိုးရိမ်ပြီး စိုက်ပျိုးမှုတွေ လျော့ချခဲ့တယ်။ အရင်တုန်းက တရုတ်ပြည်ကနေ မြန်မာနိုင်ငံထဲ လာဝင်စိုက်တာလည်း အများကြီးပဲရှိခဲ့တယ်။  အခုကျတော့ လမ်းပန်းဆက်သွယ်မှုမကောင်းတော့ တရုတ်ပြည်ကလည်း လာမစိုက်ကြဘူးလေ။ ဒီလိုတွေမစိုက်ကြတော့ ဖရဲစိုက်ဧကက သုံးချိုးတစ်ချိုးလောက်ပဲ ရှိတော့တာပေါ့။ စိုက်တဲ့လူ အရမ်းနည်းတော့ မူဆယ်ကိုတင်ပို့တဲ့ ကားအစီးရေလည်း နည်းသွားတာပေါ့။ အရင်က ဖရဲ၊ သခွားမွှေး ကားအစီးရေ ၄၀၀ လောက်ထွက်တယ်ဆို၊ အခုက အစီးရေ ၄၀ လောက်ပဲထွက်နိုင်တယ်။ ဝယ်လိုအားများပြီး ရောင်းလိုအားနည်းတော့ ဈေးတွေထိုးတက်လာတာပါပဲ။

ဟု မြန်မာနိုင်ငံ ဖရဲ၊သခွားမွှေးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဌ ဦးနိုင်ဝင်းက ပြောသည်။

    စက်တင်ဘာလအတွင်းက စိုက်ပျိုးခဲ့ကြသည့် ဖရဲ၊ သခွားမွှေးများ ထွက်ရှိလာသည့်အတွက် ဈေးကွက်တင်ပို့ရောင်းချကြရာတွင် ယခုကဲ့သို့ ဈေးကောင်းများ ရရှိနေခြင်းဖြစ်သည်။

အခုက တစ်သက်နဲ့တစ်ကိုယ် မကြားဖူးတဲ့ဈေး၊ ဖရဲလောကကြီးတစ်ခုလုံးမှာ တစ်ခါမှမရဖူးတဲ့ဈေးအထိ တက်နေတာပေါ့။ တစ်တန်ကို ၇,၂၀၀ ယွမ်လောက်ရနေတာ။ အရင်တုန်းက ဒီအချိန်မှာဆို တစ်တန်ကို ၃,၀၀၀ ယွမ်လောက်ပဲ ရတာ။ တရုတ်ငွေတစ်ယွမ်ကို ၁၉၆ ကျပ်ဝန်းကျင် ပေါက်ဈေးရှိနေတော့ ၁၇ တန် ဖရဲကားတစ်စီးကို မြန်မာငွေ သိန်း ၂၀၀ ဝန်းကျင်လောက်ကို ရနေတယ်။ COVID-19 ကြောက်ပြီး ဒီနှစ်မှာ စိုက်ဧကလျော့စိုက်လိုက်တဲ့ တောင်သူတွေကတော့ ဈေးကောင်းနဲ့လွဲသွားတာပေါ့။

ဟု ဦးနိုင်ဝင်းက ဆက်လက်ပြောသည်။

    ဖရဲ၊ သခွားမွှေးတစ်ဧကလျှင် ပျမ်းမျှစိုက်ပျိုးစရိတ် မြန်မာငွေကျပ် သိန်း (၃၀) မှ (၄၅) သိန်းအတွင်း ကုန်ကျပြီး၊ စိုက်ပျိုးထုတ်လုပ်ရသည့်သက်တမ်းမှာ စိုက်ပျိုးသည့်မျိုးစေ့အလိုက် (၆၅) ရက်မှ ရက် (၉၀) အတွင်း အချိန်ကြာမြင့်ကြောင်း သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်