ယခုရက်ပိုင်းအတွင်း ကြက်သွန်နီဈေးနှုန်းများ တက်လာကြောင်း မြန်မာနိုင်ငံ ကြက်သွန်ဖြူ ၊ ကြက်သွန်နီနှင့် စားဖို ဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။
အခုရက်ပိုင်းအတွင်း ကြက်သွန်နီကုန်တင်ကားများ အဝင်နည်းလာတာကြောင့် ဈေးနှုန်းများ တက်လာတာဖြစ်တယ်လို့ မြန်မာနိုင်ငံကြက်သွန်ဖြူ ၊ ကြက်သွန်နီနှင့် စားဖိုဆောင်သီးနှံစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ ဥက္ကဌ ဦးခင်ဟန်ကပြောပါတယ်။
“ မိုးရွာတော့ အရင်တစ်ပတ်လောက်ကတည်းက ကြက်သွန်နီကုန်တင်ကား အဝင်နည်းလာတယ်။ ထက်ဝက်ကျော်လောက်နီးပါး လျော့သွားတော့ ဈေးနှုန်းကတက်သွားတာပါ။ ဒီနေ့တော့ ကားကပုံ မှန်ပြန်ဖြစ်လာပါပြီ။ ဈေးနှုန်းကတော့ တစ်ပိဿာကို ၂၀၀ ကျပ်ဝန်းကျင်လောက်တော့ တက်သွားတယ်”
ယခင်ရက်ပိုင်းအတွင်း ကြက်သွန်နီ ဆိပ်ဖြူရှယ် တစ်ပိဿာကို ၅၇၅ ကျပ်မှ ၆၇၅ ကျပ်တက်လာကြောင်း၊ မုံရွာရှယ်တစ်ပိဿာကို ၅၇၅ ကျပ် မှ ၇၀၀ ကျပ် တက်လာကြောင်း ၊ ပခုက္ကူရှယ်တစ်ပိဿာကို ၆၅၀ ကျပ် မှ ၇၀၀ ကျပ် တက်လာကြောင်း အဆိုပါအသင်းမှ သိရပါတယ်။
နယ်အစုံမှ ကြက်သွန်နီကားအစီးရေ (၃၀) ကျော် ပုံမှန်ဝင်ရောက်နေသော်လည်း အခုရက်ပိုင်းအတွင်း ကြက်သွန်နီကားအစီးရေမှာ (၁၅) စီး ဝန်းကျင်သာ ဝင်ရောက်ကြောင်း မြန်မာနိုင်ငံကြက်သွန်ဖြူ ၊ ကြက်သွန်နီနှင့် စားဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။
တိုးတိုးခိုင်(ABM)
Farm Link Co.,Ltd
ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more