ကြက်သွန်နီစျေးနှုန်းများတက်လာ

13/11/2019 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ယခုလအတွင်း ကြက်သွန်နီစျေးနှုန်းများမှာ ဝယ်လိုအားများလာတဲ့အတွက် မြင့်တက်လာကြောင်း မြန်မာနိုင်ငံ ကြက်သွန်နီ ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။

ဘင်္ဂလာဒေ့ရ်ှနိုင်ငံမှ မြန်မာ့ကြက်သွန်ကို ဝယ်ယူမှုများလာတာကြောင့် ပြည်တွင်းကြက်သွန်နီစျေးနှုန်းမှာ မြင့်တက်လာကြောင်း မြန်မာနိုင်ငံ ကြက်သွန်နီ ၊ ကြက်သွန်ဖြူနှင့်စားဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ ဥက္ကဌ ဦးခင်ဟန်ကပြောပါတယ်။

ဘင်္ဂလားဒေ့ရ်ှနိုင်ငံက ကြက်သွန်နီကို တောက်လျှောက်ဝယ်ယူနေတဲ့အတွက် စျေးတက်လာတာပါ။ ဝယ်နေတာလည်း နှစ်လလောက်ရှိပြီဆိုတော့။ အဓိကကတော့ ဝယ်လိုအားရှိတဲ့အတွက် စျေးတက်လာတာပါ

ဒီကနေ့မှာ နယ်အစုံမှ ကြက်သွန်နီကားအစီးရေ (၁၆) စီးခန့်ဝင်ရောက်ပြီး ယခင်ရက်ပိုင်းများထက် ကားအစီးရေ ဝင်ရောက်မှုလျော့နည်းသွားကြောင်းလည်း အဆိုပါအသင်းမှ သိရပါတယ်။

မြန်မာ့ကြက်သွန်နီ လတ်ချော တစ်ပိဿာ ၁၄၀၀ ကျပ် ၊ ကြက်သွန်နီ လတ်သန့် တစ်ပိဿာကို ၂၀၀၀ ကျပ် မှ ၂၃၀၀ ကျပ်မြင့်တက်လာကြောင်း ၊ ကြက်သွန်နီ လတ်ကြီး တစ်ပိဿာကို ၂၂၀၀ ကျပ် မှ  ၂၅၀၀ ကျပ်မြင့်တက်လာကြောင်း ၊ ကြက်သွန်နီ ရှယ် တစ်ပိဿာကို ၂၃၀၀ ကျပ်မှ ၂၆၀၀ ကျပ် ဖြင့် စျေးနှုန်းများတက်လာကြောင်း မြန်မာနိုင်ငံကြက်သွန်နီ ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းရဲ့ စျေးနှုန်းများအရ သိရပါတယ်။

တိုးတိုးခိုင်(ABM)

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်