နာနတ်ပင်ကို အော်ဂဲနစ်စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်သူများ နာနတ်သီးတင်ပို့ရောင်းချရာ တွင် ဈေးကောင်းရရှိနေကြောင်း သိရသည်။
နာနတ်သီးဈေးကွက်ကတော့ လတ်တလောမှာ ဈေးမဆိုးပါဘူး။ အော်ဂဲနစ်နာနတ်က ပုံမှန်နာနတ်သီးထက် ဈေးနှုန်းပိုရရှိနေပါတယ်။
ဟု မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ ဆင်လမ်းကျေးရွာမှ အော်ဂဲနစ်နာနတ်စိုက်ပျိုးသူ ဦးထွန်းထွန်းညွှန့်က ပြောသည်။
လက်ရှိဈေးကွက်တွင် ပုံမှန်နည်းစနစ်ဖြင့် စိုက်ပျိုးထွက်ရှိသည့် နာနတ်သီးတစ်လုံးလျှင် အနိမ့်ဆုံးဈေး (၁၀၀) ကျပ်မှ အမြင့်ဆုံးဈေး (၂၅၀) ကျပ် ဈေးရရှိနေပြီး၊ အော်ဂဲနစ် စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်ထားသည့် နာနတ်သီးတစ်လုံးလျှင် အနိမ့်ဆုံးဈေး (၄၀၀) ကျပ်မှ (၁၀၀၀) ကျပ် အထိ ဈေးရရှိနေသည်။
သာမာန်ရိုးကျတောင်သူကတော့ ပိုးသတ်ဆေး၊ ဓာတုမြေဆီတွေ သုံးတာပေါ့။ အော်ဂဲနစ်စနစ်နဲ့ စိုက်တဲ့တောင်သူကျတော့ စိုက်ပျိုးထုတ်လုပ်တဲ့ ဖြစ်စဉ်တလျှောက်မှာ သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ စားသုံးသူဘေးကင်းစေရေးတွေကို အဓိကထား စိုက်ပျိုးကြတယ်။ အစစအရာရာ ပိုပြီး ဂရုစိုက်ရတာပေါ့။
ဟု ဦးထွန်းထွန်းညွှန့်က ဆက်လက်ပြောသည်။
နာနတ်ပင်ကို မေလတွင် စိုက်ပျိုးလေ့ရှိပြီး၊ စိုက်ပျိုးပြီး လပေါင်း (၃၀) အကြာတွင် ဈေးကွက်တင်ပို့ရောင်းချနိုင်ကြောင်း သိရသည်။
Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️
❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော်
✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more
Greenovator