မျိုးသန့်ရရှိမှု၊ စိုက်နည်းစနစ် မှန်ကန်မှုတို့ရှိမှသာ မိုးစပါးအထွက်နှုန်းပြည့်မီမည်

25/08/2021 15:03 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    မျိုးကောင်းမျိုးသန့် ရရှိမှုအပြင်၊ စိုက်နည်းပျိုးနည်း စနစ်ကျမှန်ကန်ပါမှသာ ပန်းတိုင်အထွက်နှုန်း ပြည့်မီရရှိမည်ဖြစ်ကြောင်း မိုးစပါး စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်သူများက ပြောသည်။

စိုက်ပျိုးချိန်မှာ မျိုးကောင်းမျိုးသန့် စပါးမျိုးရရှိဖို့ အရေးကြီးသလို၊ ဒေသ ရာသီဥတုနဲ့ကိုက်ညီတဲ့ စပါးမျိုးဖြစ်ဖို့၊ သန့်စင်တဲ့စပါးမျိုးဖြစ်ဖို့ လိုပါတယ်။ သန့်စင်မှုမရှိဘူးဆိုရင် ဆန်နီတို့ ဘာတို့ ရောပါလာတတ်ပြီး ဆန်ကောင်းကောင်း မထွက်နိုင်ပါဘူး။ နောက်တစ်ခုကတော့ စိုက်ပြီးပြီဆိုတာနဲ့ အပင်သက်တမ်းအလိုက် ပေါင်းမြက်တွေနှိမ်နင်းဖို့၊ သူ့အချိန်အလိုက်သူ အစာကျွေးမွေးဖို့လည်း အရေးကြီးတယ်။ ပေါင်းမြက်တွေကို အစောပိုင်းမှာကတည်းက မနှိမ်းနင်းထားရင် အပင်ပွားမရတော့ဘဲနဲ့ အထွက်နှုန်းကို တော်တော်လေး ထိခိုက်နိုင်လို့ပါ။

ဟု ပဲခူးတိုင်းဒေသကြီး၊ ဇေယျဝတီမြို့၊ ဖြူးမြို့နယ်မှ မိုးစပါးစိုက်ပျိုးသူ ကိုအောင်ခိုင်မင်းက ပြောသည်။  

    မိုးစပါးစိုက်ပျိုးကြရာတွင် ရှေးယခင်အခါက ရက်ပေါင်း (၁၆၀) ဝန်းကျင်သက်တမ်းရှိသည့် သက်ကြီးစပါးမျိုးများကို စိုက်ပျိုးမှုများခဲ့သော်လည်း ယခုနောက်ပိုင်းကာလများတွင် ရာသီဥတုအခြေအနေ ပြောင်းအလဲကြောင့် သက်လတ်စပါးများကို ပိုမိုစိုက်ပျိုးလာကြသည်။ 

စပါးမျိုးစေ့မကြဲပက်ခင် တစ်ဧကကို (၁၅) ပတ်လည် အိတ်ဝက်နဲ့ ပိုတက်အိတ်ဝက်ရောပြီး ထွန်စက်ထိုးရင်းနဲ့ မြေခံထည့်ပေးတယ်။ နောက် (၇) ရက်လောက်မှာ စပါးမျိုးကြဲတယ်။ စပါးမျိုး ကြဲပြီး (၁၅) ရက်သားမှာတော့ ပေါင်းသတ်ဆေးဖျန်းတယ်။ (၂၅) ရက်သားမှာ တစ်ဧကကို ပုလဲ အိတ်ဝက်နဲ့ (၁၅)ပတ်လည်အိတ်ဝက် တစ်ခါထပ်ကျွေးတယ်။ စပါးသက်တမ်း (၇၅) ရက် အကြာမှာ တစ်ဧကကို (၁၅)ပတ်လည် အိတ်ဝက်နဲ့ ပိုတက်အိတ်ဝက် တစ်ခါထပ်ကျွေးပေးတယ်။ စပါး အနှံစထွက်ချိန်မှာတော့ တစ်ဧကကို (၁၅) ပတ်လည် အိတ်ဝက်နှုန်း တစ်ခါထပ်ကျွေးပေးပါတယ်။ ပိုးသတ်ဆေးကတော့ သုံးရခဲပါတယ်။ မသုံးကြတာများတယ်။

ဟု ၎င်းက ဆက်လက်ပြောသည်။ 

    ဇွန်၊ ဇူလိုင်လ မိုးစပါးစိုက်ရာသီတွင် မိုးရေကို အဓိကအားပြုစိုက်ပျိုးကြသော်လည်း၊  မိုးခေါင်ရေရှားသည့် ဒေသများတွင်မူ ဆည်ရေနှင့် တွင်းရေများ သီးသန့်ပေးသွင်း၍ စိုက်ပျိုးလေ့ရှိကြသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်