စိုက်ပျိုးမှုများပြားလာသည့်အတွက် ဒန့်သလွန်ဈေးကျဆင်း

12/08/2020 10:30 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    စိုက်ပျိုးမှုများပြားလာသည့်အတွက် ဒန့်သလွန်ဈေးကျဆင်းနေကြောင်း ဒန့်သလွန်စိုက်တောင်သူများထံမှ သိရသည်။

ဒန့်သလွန်ပင်ကို အခုစိုက်နေတာက နယ်စုံနေပြီ။ ရန်ကုန်သီရိမင်္ဂလာစျေးကြီးကို ဒန်သလွန်သီးနဲ့ တံတိုင်းကာလို့ရမယ်။ စိုက်တဲ့အရေအတွက်ကများပြီး ဝယ်လိုအားကနည်းတယ်လေ။ မျိုးစေ့ရောင်းတဲ့ သူတွေကလည်း ခိုင်မာတဲ့စျေးကွက်မပေးနိုင်ဘူး။ ရန်ကုန်စျေးကွက်တစ်ခုတည်းနဲ့တော့ ဘယ်လိုမှအဆင်မပြေဘူး။ နိုင်ငံခြားစျေးကွက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဒန့်သလွန်ထွက်လာပြီဆိုရင် တောင်သူတွေ ကိုက်လောက်မယ့်စျေးနဲ့ ဘယ်သူမှဝယ်မပေးနိုင်ဘူးလေ။

ဟု မန္တလေးတိုင်း၊ မြင်းခြံမြို့မှ ဒန့်သလွန်စိုက်တောင်သူ ဦးစံရွှေမြင့်က ပြောသည်။

    ဆေးဖက်ဝင်၍ လူကြိုက်များသည့် သီးနှံတစ်ခုဖြစ်သော်လည်း ပြည်တွင်းပြည်ပဈေးကွက် တောင့်တင်းခိုင်မာမှု မရှိသေးသည့်အတွက် အရှုံးပေါ်သူများလည်း ရှိလာသည်။

စိုက်ပျိုးရေးလုပ်တာက အလွဲအမှားမခံနိုင်ဘူးလေ။ လုပ်အားခ၊ သွင်းအားစု ကုန်ကျစရိတ်နဲ့ မကိုက်ဘူး။ မျိုးစေ့နဲ့ ပျိုးပင်ရောင်းသူကတော့ ကိုက်တယ်။ စိုက်ပျိုးရေး တောင်သူအစစ်တွေက အပြောကောင်းရင် ယုံလွယ်တယ်။ သူတို့ဘဝမှာ တစ်နှစ်လွဲမှားရင် သွားပြီ။ ကျွန်တော်က လျှော်ဖြူပင်နဲ့ ဒန့်သလွန်ပင်ကို တွဲစိုက်ထားတာပါ။ အခုတော့ ဒန့်သလွန်ပင်တွေ ဖျက်ပစ်ရတော့မယ်။ တခြားသီးနှံပြောင်းစိုက်ဖို့ စဉ်းစားနေပါတယ်။ ဒန့်သလွန်မှာ အောင်မြင်မှုမရှိတော့ အထိနာခဲ့တယ်။ အခုမှ ဒန့်သလွန်စစိုက်နေတဲ့သူတွေကိုလည်း စာနာမိပါတယ်။

ဟု ၎င်းက ဆက်လက်ပြောသည်။

    ဒန့်သလွန်ပင်ကို နှစ်စဉ် အောက်တိုဘာလ၊ နိုဝင်ဘာလတို့၌ စိုက်ပျိုးနိုင်ပြီး အပင်၏သဘာဝအရ မိုးများ ရေဝပ်ခြင်းကို မနှစ်သက်ကြောင်းသိရသည်။

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်