အရည်အသွေးကောင်း ကြက်သွန်နီတစ်ပိဿာလျှင် မြန်မာငွေကျပ်(၃၀၀)ဝန်းကျင်သာ ဈေးရရှိနေ

07/09/2020 10:30 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကြက်သွန်နီဈေးနှုန်းများ ကျဆင်းပြီး၊ အရည်အသွေးကောင်းကြက်သွန်နီ တစ်ပိဿာလျှင် မြန်မာငွေ ကျပ် (၃၀၀) ဝန်းကျင်သာ ဈေးရရှိနေကြောင်း ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်နေသည့် ကြက်သွန်နီစိုက်တောင်သူများက ပြောသည်။

ဈေးထိုးကျလို့ တောင်သူတွေဒုက္ခရောက်ကြတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ကို ဈေးကျနေတာ။ ပြည်ပပို့လို့မရ၊ ပြည်တွင်းသုံးစွဲမှုနဲ့မမျှတော့ ပိုလျှံနေတာ။ ပွဲရုံတွေကလည်း ကြက်သွန်နီဈေးကွက်က မကောင်းတော့ ကောင်းကောင်းမဝယ်တော့ဘူး။ ကြက်သွန်ပွဲစားတွေက အရောင်လှ၊ ပစ္စည်းကောင်း (အရည်အသွေးကောင်း) ကြက်သွန်နီကိုတောင် တစ်ပိဿာကို သုံးရာသုံးဆယ်ကျပ် (၃၃၀ ကျပ်) ပဲ ပေးတယ်။ ပုံမှန်ဆို အခုလိုအချိန်တွေက ကြက်သွန်နီဈေးတက်ရမယ့်အချိန်ပါ။ အရင်နှစ်တွေက ဇွန်လ၊ ဇူလိုင်လတွေမှာဆို ကြက်သွန်နီဈေး တစ်ပိဿာကို ထောင့်ငါးရာ (၁,၅၀၀ ကျပ်) အထိ ဈေးရခဲ့တယ်။

ဟု စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်မှ ကြက်သွန်နီစီးပွားဖြစ်စိုက်ပျိုးသူ ဦးကျော် က ပြောသည်။

    တောင်သူများစိုက်ပျိုးသည့် ကြက်သွန်နီများမှာ ဒေသအလိုက် မတ်လ၊ ဧပြီလကုန်၊ မေလဆန်းကာလများ၌ ထွက်ရှိသည်။ ထိုသို့ ထွက်ရှိလာသည့် ကြက်သွန်နီများကို ဈေးကွက်တင်ပို့နိုင်ရန် သိုလှောင်ထားကြရာ ယခုနှစ်တွင် မိုးနည်းသဖြင့် အပူလွန်ကဲပြီး ပျက်စီးဆုံးရှုံးမှုများလည်း ကြုံတွေ့ရကြောင်း သိရသည်။

ကြက်သွန်နီထွက်နှုန်းက မနည်းခဲ့ပါဘူး။ ထွက်လာတဲ့ ကြက်သွန်နီတွေသာ ပျက်စီးကုန်တာ။ ဒီနှစ် မိုးနည်းတော့ လှောင်ထားတဲ့ကြက်သွန်နီတွေ ပုပ်ကုန်တယ်။ ကျွန်တော်ကိုယ်တိုင် ပိဿာ ၂၅၀၀ ကျော် ပျက်စီးသွားတယ်။ ဘေးခြံတွေဆိုလည်း ပိဿာ ၄၀၀၀, ၅၀၀၀ ပျက်စီးတဲ့သူတွေ ရှိတယ်။ ကျွန်တော်တို့ဒေသမှာ အခုထိတောင် မိုးက သိပ်မကောင်းသေးဘူး။ နည်းနည်းပဲ ရွာသေးတယ်။ ရာသီဥတုက အပူချိန်များတော့ လှောင်ထားသမျှ အဖတ်မတင်ဘဲ ပုပ်ကုန်တာပါ။

ဟု ဦးကျော် က ဆက်လက်ပြောသည်။

    မြန်မာနိုင်ငံတွင် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း စသည့် ဒေသများ၌ ကြက်သွန်နီ အများဆုံးစိုက်ပျိုးထုတ်လုပ်နေကြပြီး COVID-19 ကာလ၌ ကြက်သွန်နီဈေးနှုန်းများ ကျဆင်းခြင်းကြောင့် ယခုကဲ့သို့ အရှုံးနှင့်ရင်ဆိုင်နေရခြင်း ဖြစ်သည်။

    ယခုကဲ့သို့ ကြက်သွန်နီတစ်ပိဿာလျှင် ငွေကျပ်သုံးရာအထိ ဈေးနှုန်းကျဆင်းခြင်းကြောင့် လာမည့် ကြက်သွန်စိုက်ရာသီချိန်တွင် ကြက်သွန်နီစိုက်ဧကများ လျော့နည်းနိုင်ဖွယ်ရှိကြောင်း သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်