၂၀၁၉ခုနှစ် မတ်လအတွင်း၊ တစ်တန်လျှင် ကျပ်တစ်သိန်းကျော်အထိ မတ်ပဲဈေးနှုန်းများ မြင့်တက်နေကြောင်း မြန်မာနိုင် ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ သိရသည်။
ယခုကဲ့သို့ မတ်ပဲဈေးများ မြင့်တက်လာရခြင်းမှာ ပြည်တွင်း၌ မတ်ပဲကုန်ကြမ်းများ လက်ကျန်နည်းပါးနေခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။
“အဓိက ပြည်တွင်းလက်ကျန်နည်းနေတာရယ်၊ တောင်သူဘက်က နောက်ကျတော့ ပစ္စည်းအဝင်နည်းတာလည်းပါတယ်။ ပစ္စည်းအစိုက်နည်းတာလည်း ပါတယ်။ ပစ္စည်းအဝင်နည်းတဲ့အပေါ်မှာ လှောင်တဲ့ လူတွေလည်း ဝင်လာတာပေါ့။ ပြည် တွင်းမှာတင် ဝယ်လိုအားများတာပေါ့။ တစ်တန်ကို တစ်သိန်းကျော်လောက် ပြန်တက်လာတယ်”ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောသည်။
၂၀၁၉ ခုနှစ်အတွင်း မတ်ပဲပေါက်ဈေးများကို နှိုင်းယှဉ်ကြည့်ပါက ဇန်နဝါရီလတွင် မတ်ပဲတစ်တန်လျှင် (၅၇၀၀၀၀) ကျပ် ရရှိခဲ့ပြီး၊ မတ်လ၌ မတ်ပဲတစ်တန်လျှင် (၆၈၅၀၀၀) ကျပ်အထိ မြင့်တက်လာခြင်း ဖြစ်သည်။
မတ်လအတွင်း ပဲစဉ်းငုံဈေးနှုန်းများအနေဖြင့် ၂၀၁၇ အမျိုးအစား ပဲစဉ်းငုံတစ်တန်လျှင် (၇၀၅၀၀၀) ကျပ်ရှိပြီး၊ ၂၀၁၉ အမျိုးအစား ပဲစဉ်းငုံတစ်တန်ကို ၈၀၁၀၀၀ ကျပ်ရှိကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ သိရသည်။
တိုးတိုးခိုင် (ABM)
Farm Link Co.,Ltd
ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more