စီးပွါးရေးလုပ်ငန်းတစ်ခု စတင်ထားပြီး ဘယ်ကိုသွားရမလဲ ဆိုတာအတွက် စဉ်းစားရခက်နေပါလား?
ကိုယ့်စီးပွါးရေးဟာ ကိုယ့်အတွက် အကျိုးအမြတ်သာမက လူမှုအသိုင်းအဝိုင်းကိုပါ အခုထက်ပို အကျိုးပြုစေလိုပါလား?
ဒါဆိုရင်တော့ သင့်အတွက်ဒီသင်တန်းက ရောက်လာပါပြီ
Global Social Benefit Institute (GSBI) Boost Program ဆိုတာ အမေရိကန်နိုင်ငံ မှ နာမည်ကြီး တက္ကသိုလ်တစ်ခုဖြစ်တဲ့ Miller Center for Social Enterprise ရဲ့ အောင်မြင်သော အစီအစဉ်တစ်ခုဖြစ်ပါတယ်။
ဒီ သုံးရက်တာ သင်တန်းဟာ တည်ထောင်ကာစလုပ်ငန်းများအတွက် အချိန်တိုအတွင်း စီးပွါးရေးဆိုင်ရာစီမံခန့်ခွဲမှုတွေကို နားလည်သဘောပေါက်သွားဖို့ ရည်ရွယ်ပါတယ်။ ဒီသင်တန်းမှာ ရေရှည်တည်တံ့တဲ့ စီးပွါးရေးအစီအစဉ်တွေ အတူတကွရေးဆွဲကြမှာ ဖြစ်ပါတယ်။
သင်တန်းပြီးသွားတဲ့အခါမှာလည်း အဖွဲ့ရဲ့ငွေကြေးရေရှည်တည်တံ့နိုင်ဖို့ ရံပုံငွေလျှောက်ထားခြင်းတွေ၊ အခြားသော နိုင်ငံတကာ အရည်အသွေးမြှင့်တင်ခြင်း အစီအစဉ်တွေမှာလည်း ပါဝင်နိုင်မှာ ဖြစ်ပါတယ်။
ဒါ့ကြောင့် ဒီလို အခွင့်အရေးကောင်းများစွာပါဝင်တဲ့ ဒီသင်တန်းကို အခုပဲ စာရင်းသွင်းလျှောက်ထားလိုက်ရအောင်
Miller center အကြောင်းလေ့လာချင်တယ်ဆိုရင်တော့ http://www.scu-social-entrepreneurship.org/gsbi/ မှာ လေ့လာနိုင်ပါတယ်။
ဒီပွဲလေးဖြစ်မြောက်ဖို့ ဝိုင်းဝန်းစီစဉ်ပေးသူတွေက ဘယ်သူတွေလဲ
ဒီပွဲလေးကို မြန်မာ့ ထန်းညက်ကို ပုံစံပြောင်းစေသူလို့ နာမည်ကြီးတဲ့ Tree Food (Hta -Nyat) အဖွဲ့သားတွေရယ် နဲ့ မြန်မာ့စိုက်ပျိုးရေးကဏ္ဍမှာ တောင်သူတွေကို သတင်းအချက်အလက်နည်းပညာကို သုံးပြီး နည်းပညာမျှဝေပေးတဲ့နေရာမှ ဦးဆောင်နေတဲ့ အစိမ်းရောင်လမ်း စိုက်ပျိုးရေးဖုန်းဆော့ဝဲလ် ပိုင်ရှင် Greenovator အဖွဲ့တို့ပဲ ဖြစ်ပါတယ်။
စီစဉ်ကျင်းပသူတွေအကြောင်း ပိုသိချင်ရင်
Greenovator : www.mmgreenovator.com
Tree Food : http://www.mytreefood.com
လျှောက်ဖို့ စိတ်ဝင်စားတယ်။ ဘာလုပ်ရမလဲ။
အခုလိုစိတ်ဝင်စားတဲ့အတွက် ကျေးဇူးတင်ပါတယ်။
အရင်ဆုံး သင်တန်းနဲ့ပတ်သက်တဲ့ အရေးကြီးတဲ့ အချက်အလက်တွေပြောပါရစေ။ ဒီသင်တန်းက အမေရိကန်က သင်တန်းဆရာတွေ လာပေးမယ်ဆိုပေမယ့် လုံးဝ အခမဲ့ သင်တန်းဖြစ်ပါတယ်။
ဒီ သင်တန်းကို
နေ့ရက် ။ ။ မေလ ၅ ရက်မှာ ၇ ရက် ထိ
နေရာ ။ ။ ကမ္ဘောဇဘဏ် သင်တန်းခန်းမ၊
ကမ္ဘောဇဘဏ် (တက္ကသိုလ်ရိပ်သာလမ်းဘဏ်ခွဲ)၊ တက္ကသိုလ်ရိပ်သာလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။
သင်တန်းတက်ရောက်မယ်ဆိုရင်တော့ ဧပြီလ (၂၈) ရက်နေ့ နောက်ဆုံးထားပြီး info@greenwaymyanmar.org သို့ လျှောက်ရမှာဖြစ်ပါတယ်။ သင်တန်းလျှောက်လွှာကိုတော့ အောက်ဖော်ပြပါ လင့်ခ်တွေမှာ ရယူနိုင်ပါတယ်။
အခြား ပိုသိချင်တာတွေရှိရင် info@greenwaymyanmar.org ကို အီးမေးပေးပို့ မေးမြန်းနိုင်ပါတယ်။
Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more
Greenovator