Global Social Benefit Institute (GSBI) Boost Program သင်တန်းဖိတ်ခေါ်ခြင်း

27/03/2017 16:51 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

 

စီးပွါးရေးလုပ်ငန်းတစ်ခု စတင်ထားပြီး ဘယ်ကိုသွားရမလဲ ဆိုတာအတွက် စဉ်းစားရခက်နေပါလား?
 
ကိုယ့်စီးပွါးရေးဟာ ကိုယ့်အတွက် အကျိုးအမြတ်သာမက လူမှုအသိုင်းအဝိုင်းကိုပါ အခုထက်ပို အကျိုးပြုစေလိုပါလား?
 
ဒါဆိုရင်တော့ သင့်အတွက်ဒီသင်တန်းက ရောက်လာပါပြီ
 
Global Social Benefit Institute (GSBI) Boost Program ဆိုတာ အမေရိကန်နိုင်ငံ မှ နာမည်ကြီး တက္ကသိုလ်တစ်ခုဖြစ်တဲ့ Miller Center for Social Enterprise ရဲ့ အောင်မြင်သော အစီအစဉ်တစ်ခုဖြစ်ပါတယ်။
 
ဒီ သုံးရက်တာ သင်တန်းဟာ တည်ထောင်ကာစလုပ်ငန်းများအတွက် အချိန်တိုအတွင်း စီးပွါးရေးဆိုင်ရာစီမံခန့်ခွဲမှုတွေကို နားလည်သဘောပေါက်သွားဖို့ ရည်ရွယ်ပါတယ်။ ဒီသင်တန်းမှာ ရေရှည်တည်တံ့တဲ့ စီးပွါးရေးအစီအစဉ်တွေ အတူတကွရေးဆွဲကြမှာ ဖြစ်ပါတယ်။
သင်တန်းပြီးသွားတဲ့အခါမှာလည်း အဖွဲ့ရဲ့ငွေကြေးရေရှည်တည်တံ့နိုင်ဖို့ ရံပုံငွေလျှောက်ထားခြင်းတွေ၊ အခြားသော နိုင်ငံတကာ အရည်အသွေးမြှင့်တင်ခြင်း အစီအစဉ်တွေမှာလည်း ပါဝင်နိုင်မှာ ဖြစ်ပါတယ်။
 
ဒါ့ကြောင့် ဒီလို အခွင့်အရေးကောင်းများစွာပါဝင်တဲ့ ဒီသင်တန်းကို အခုပဲ စာရင်းသွင်းလျှောက်ထားလိုက်ရအောင်
 
Miller center အကြောင်းလေ့လာချင်တယ်ဆိုရင်တော့ http://www.scu-social-entrepreneurship.org/gsbi/ မှာ လေ့လာနိုင်ပါတယ်။ 
 
ဒီပွဲလေးဖြစ်မြောက်ဖို့ ဝိုင်းဝန်းစီစဉ်ပေးသူတွေက ဘယ်သူတွေလဲ
 
ဒီပွဲလေးကို မြန်မာ့ ထန်းညက်ကို ပုံစံပြောင်းစေသူလို့ နာမည်ကြီးတဲ့  Tree Food (Hta -Nyat) အဖွဲ့သားတွေရယ် နဲ့ မြန်မာ့စိုက်ပျိုးရေးကဏ္ဍမှာ တောင်သူတွေကို သတင်းအချက်အလက်နည်းပညာကို သုံးပြီး နည်းပညာမျှဝေပေးတဲ့နေရာမှ ဦးဆောင်နေတဲ့ အစိမ်းရောင်လမ်း စိုက်ပျိုးရေးဖုန်းဆော့ဝဲလ် ပိုင်ရှင် Greenovator အဖွဲ့တို့ပဲ ဖြစ်ပါတယ်။ 
စီစဉ်ကျင်းပသူတွေအကြောင်း ပိုသိချင်ရင်
Greenovator : www.mmgreenovator.com
 
လျှောက်ဖို့ စိတ်ဝင်စားတယ်။ ဘာလုပ်ရမလဲ။
အခုလိုစိတ်ဝင်စားတဲ့အတွက် ကျေးဇူးတင်ပါတယ်။
အရင်ဆုံး သင်တန်းနဲ့ပတ်သက်တဲ့ အရေးကြီးတဲ့ အချက်အလက်တွေပြောပါရစေ။ ဒီသင်တန်းက အမေရိကန်က သင်တန်းဆရာတွေ လာပေးမယ်ဆိုပေမယ့် လုံးဝ  အခမဲ့ သင်တန်းဖြစ်ပါတယ်။ 
 
ဒီ သင်တန်းကို 
နေ့ရက် ။ ။ မေလ ၅ ရက်မှာ ၇ ရက် ထိ 
နေရာ ။ ။ ကမ္ဘောဇဘဏ် သင်တန်းခန်းမ၊ 
ကမ္ဘောဇဘဏ် (တက္ကသိုလ်ရိပ်သာလမ်းဘဏ်ခွဲ)၊ တက္ကသိုလ်ရိပ်သာလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ 
 
သင်တန်းတက်ရောက်မယ်ဆိုရင်တော့ ဧပြီလ (၂၈) ရက်နေ့ နောက်ဆုံးထားပြီး info@greenwaymyanmar.org သို့ လျှောက်ရမှာဖြစ်ပါတယ်။ သင်တန်းလျှောက်လွှာကိုတော့ အောက်ဖော်ပြပါ လင့်ခ်တွေမှာ ရယူနိုင်ပါတယ်။
 
အခြား ပိုသိချင်တာတွေရှိရင် info@greenwaymyanmar.org ကို အီးမေးပေးပို့ မေးမြန်းနိုင်ပါတယ်။
 

ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်