တစ်ပတ်အတွင်း ကမ္ဘာ့ရော်ဘာစျေးကွက် သုံးသပ်ချက်

03/03/2018 16:02 PM တွင် Nyi Thway Nyi Thway မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ပြီးခဲ့တဲ့အပတ်နောက်ဆုံးရက် သောကြာနေ့မှာ TOCOM ကန်ထရိုက်လ အသစ်ပြောင်းသွားတဲ့အကြောင်းကစပါမယ်။ TOCOM က ၆ လ ကြိုအရောင်းအဝယ်ကိုစံအဖြစ်ထားတယ်။ အခုဝယ်လိုက်တဲ့ ရော်ဘာဟာ နောင် ၆ လပြည့်မှ ပစ္စည်းရမှာဖြစ်တယ်။ အခုဆို ဩဂုတ်လမှ ရမှာပေါ့။ ကန်ထရိုက်လ ဩဂုတ်လကို စပြောင်းတဲ့နေ့မှာပဲ ၁.၅ ယန်းတက်ပြီး၊ ၁၈၈.၆ ယန်း/ကီလိုဂရမ်ဈေးနဲ့ ပိတ်ခဲ့တယ်။ ဒီလိုဈေးဦးပေါက်ကောင်းခဲ့လို့ ရှန်ဟိုင်းဈေးကလည်း ခုန်တက်လိုက်တာ ၃၆၅ ယွမ်တောင်ဆိုတော့ "ကန်ထရိုက်တွေ အပြောင်းအလဲမှာ တက်ရိပ်ပြနေတဲ့ ရှန်ဟိုင်းဈေးကွက်နဲ့တော့ ဈေးကတက်ဖို့ အလားအလာကောင်းနေပြီ" လို့ တိုကျိုအခြေစိုက် ပွဲစားကမျှော်လင့်လိုက်ပါတယ်။

တနင်္လာနေ့မှာလည်း ရှန်ဟိုင်းဈေး ဆက်မြင့်တယ်။ ၁၇၅ ယွမ်တက်ပြီးဈေးပိတ်သွားတာ။ တခါ ထိပ်တန်းရေနံတင်ပို့သူ ဆော်ဒီအာရေဗျက သူတို့လည်း အိုပက်နဲ့အတူ ဒီနှစ်လည်း ဆက်ပြီး ရေနံလျှော့ချ ထုတ်လုပ်ပါ့မယ်ဆိုတဲ့ ကတိပေးတဲ့ သတင်းကတက်လာတော့ ရေနံဈေးဟာ ၃ ပတ်အတွင်း အမြင့်ဆုံးကိုရောက်သွားတော့တယ်။ ဒီအချက်နှစ်ခုကြောင့် TOCOM လည်း မနေသာတော့ဘူး။ ၅.၂ ယန်းအတက်နဲ့ ၁၉၃.၈ ယန်းမှာ ပိတ်သွားတယ်။ ဈေးစဖွင့်တဲ့ တနင်္လာနေ့မှာ အားရစရာပေါ့။ 

အင်္ဂါနေ့အတွင်းမှာ ဆက်တက်သေးတယ်။ ၃ ပတ်အတွင်းအမြင့်ဆုံးဈေးကို ရောက်သွားခဲ့တယ်။ အဲဒီမှာ ပုထုဇဉ်ကုန်သည်တွေက အမြတ်ကောင်းရပြီဆိုတော့ အရင်က အနိမ့်ဈေးနဲ့ ဝယ်ထားတာတွေကို ထုတ်ရောင်းပါလေရော။ ဈေးကွက်ရဲ့သဘောတရားအတိုင်း ပစ္စည်းတွေဈေးကွက်အတွင်း များလာပြီဆိုရင် ဈေးကျတော့တာပါပဲ။ အခုတော့ ကျတော့မကျဘူး။ ဈေးပိတ်တော့ တနင်္လာနေ့က အပိတ်ဈေး ၁၉၃.၈ ယန်းအတိုင်း မပြောင်းမလည်း ပိတ်သွားတယ်။ ဈေးအေးသွားတယ်ပေါ့။ ရှန်ဟိုင်းဈေးကလည်း ၁၀ ယွမ်အကျနဲ့ ပိတ်သွားတယ်ဆိုတော့။ သူ့ရဲ့အထောက်အပံ့လည်းမရလိုက်ဘူး။ 

ဗုဒ္ဓဟူးနေ့မှာလည်း TOCOM ရော်ဘာဈေးက ဆက်အေးနေဖို့ အကြောင်းဖန်လာပြန်တယ်။ တရုတ်နဲ့ ဂျပန်တို့ရဲ့ စက်မှုလုပ်ငန်းအချက်အလက်တွေအရ သူတို့စီးပွားရေး နှေးနေမယ်လို့ခန့်မှန်းတယ်။ ဒီတော့ ရေနံဝယ်လိုအား နည်းမယ်။ ဈေးကျမယ်။ တခါ ယန်းငွေကလည်း တက်တယ်။ ဆိုတော့ TOCOM ရော်ဘာဈေးဟာ ၁၉၃.၈ ယန်းဈေးအတိုင်း မတက်မကျနဲ့ ပိတ်သွားပြန်တယ်။ ၃ ရက်တိတိ မတက်မကျ တဈေးတည်းနဲ့ပိတ်ခဲ့တာပေါ့။ ဒါပေမယ့် ဇန်နာဝါရီလလယ်ကနေ ဖေဖော်ဝါရီလလယ်အထိ ကျနေတဲ့ရော်ဘာဈေးဟာ တရုတ်နှစ်သစ်ကူးအားလပ်ရက်အပြီးမှာ ရှန်ဟိုင်းဈေးနာလန်ပြန်ထူလာတော့ ၃ ပုံ ၁ ပုံပြန်တက်လာတယ်လို့ဆိုရမယ်။ ၁၆-၂-၂၀၁၈ သောကြာနေ့ တရုတ် နှစ်ဆန်းတရက်နေ့မှာ ၁၈၁.၅ ယန်း ဈေးပဲရှိတာလေ။ ရှန်ဟိုင်းကလည်း ၁၃၀၃၀ ယွမ်/တန်နဲ့ ပိတ်သွားတယ်ဆိုတော့ သူလည်း ယွမ် ၁၃၀၀၀ ပွိုင့်ကိုကျော်လာပြီလေ။ 

ကြာသပတေးနေ့မှာတော့ ၁၉၃.၈ ယန်းအတိုင်းမနေတော့ပါဘူး။ ၁.၃ ယန်းကျသွားပြီး ၁၉၂.၅ ယန်းဈေးနဲ့ပိတ်သွားတယ်။ အကြောင်းရင်းက ရှန်ဟိုင်းဈေးက စောစောပိုင်း ဈေးရနေတာတွေ အကုန်ခွာချလိုက်တယ်။ ဈေးအပိတ်မှာ ယွမ် ၇၀ ကျသွားတယ်။ ရှန်ဟိုင်းအကျမှာ TOCOM လိုက်ပြီးကျတတ်တာကို။ ပြီးတော့ ဒေါ်လာနဲ့ယှဉ်တဲ့ ယန်းငွေကလည်း တက်နေတာကလည်း တကြောင်းပေါ့။ " ဒီနေ့မှာ TOCOM အနည်းငယ်ကျသွားသော်လည်း၊ ဖေဖော်ဝါရီလလယ်မှာ ယန်း ၁၈၀ အောက် ရောက်သွားပြီးနောက်ပိုင်းမှာ၊ ပြန်ပြီးနာလံထူလာတဲ့ လမ်းကြောင်းအပေါ်ရှိနေတုန်းပဲ လို့ ကျနော်ယုံကြည်တယ်" တဲ့ Rakuten ကုမ္ပဏီမှ ကုန်စည်ဆန်းစစ်သူ ဆတိုးရု ယိုးရှိဒက ပြောပါတယ်။ 

အခုစာရေးနေစဉ် ဒီနေ့ သောကြာ TOCOM ဈေးပိတ်တော့ ၁ ယန်းကျပြီး၊ ၁၉၁.၅ ယန်းဈေးနဲ့ ဈေးပိတ်သွားပြီ။

ရော်ဘာနဲ့ပတ်သက်ပြီး သတင်းတွေက၊ ပထမဆုံး အနေနဲ့ ထိုင်းနိုင်ငံမှာ တောင်သူတွေက သူတို့ကိုရော်ဘာလျှော့ထုတ်ဘို့ တိုက်တွန်းနေမည့်အစား ရော်ဘာကို ဘာတာစနစ်ဖြင့်( ကုန်စည်ဖလှယ်တဲ့စနစ်) နိုင်ငံခြားတိုင်းပြည်တွေကို ရောင်းဘို့ အစိုးရကိုတိုက်တွန်းတဲ့သတင်းပါ။ အိမ်နီးချင်းတိုင်းပြည်တွေဖြစ်တဲ့ ဗီယက်နမ်တို့ ကမ္ဘောဒီးယားတို့ဟာ စစ်လက်နက်ပစ္စည်း၊ ယာဉ်တွေဝယ်ယူရာမှာ ရော်ဘာနဲ့ ဖလှယ်ကြတာကို အတုယူဘို့တိုက်တွန်းကြတာပါ။ 

နောက်သတင်းတခုက ANRPC လို့အတိုကောက်ခေါ်တဲ့ သဘာဝရော်ဘာထုတ်လုပ်သူနိုင်ငံများအသင်းက ဒီနှစ်မှာ သဘာဝရော်ဘာလိုအပ်ချက် ၂.၈% တိုးပြီး တန်ချိန် ၁၃.၃၂၇ သန်းလိုအပ် မည်ဟု မျှော်လင့်တဲ့အကြောင်းပါ။ ၂၀၁၇ တုန်းက ရော်ဘာလိုအပ်ချက်က ၁.၂% တိုးတယ်ဆိုတော့ ဒါဟာ အများကြီးတိုးတယ်ပေါ့။ ဒါပေမယ့် ရော်ဘာအထွက်က ၄.၅% တိုးလာပြီး တန်ချိန် ၁၃.၇၈၄ သန်းထွက်မယ်လို့ခန့်မှန်းထားပြန်တယ်။ ပြီးခဲ့တဲ့ ၂၀၁၇ တုန်းက ၄.၇% တိုးခဲ့တာနဲ့ဆိုရင် ဝ.၂% နည်းနေသေးတယ်။ ဒါက အဓိကအများဆုံးထုတ်လုပ်တဲ့ ထိုင်းက လျှော့ပြီးထုတ်နေလို့သာပါ။ 

နောက်ဆုံးအနေနဲ့ အမေရိကန်ရဲ့ ရော်ဘာကွင်းစက်မှုလုပ်ငန်းမှာ ရာချီတဲ့ အလုပ်အကိုင်တွေ အန္တရာယ်ကြုံနေရတယ်ဆိုတဲ့သတင်းပါ။ အကြောင်းကတော့ တရုတ်၊ ထိုင်းနဲ့ သီရိလင်္ကာတို့လိုအာရှနိုင်ငံတွေက ရော်ဘာကွင်းတွေကို သူတို့ဆီက ပုံမှန်ဈေးအောက် ၆၀% လျှော့ပြီး ဈေးပေါပေါနဲ့ တင်သွင်းနေကြလို့ပါပဲ။ အာကန်ဆောပြည်နယ်မှ ရော်ဘာကွင်းအမျိုးမျိုး ဦးဆောင်ထုတ်လုပ်တဲ့ ကုမ္ပဏီတခုမှ အမေရိကန်ကုန်သွယ်ရေးဝန်ကြီးဌာနကို ဒီအမှိုက်သာသာဈေးနဲ့ တင်သွင်းနေတဲ့ကိစ္စကို စုံစမ်စစ်ဆေးရေးဝင်ပေးဘို့ အသနားခံစာတင်လိုက်ရပါပြီတဲ့။

ကိုညီသွေး

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်