စိုစွတ်တဲ့ရာသီအတွင်း ဆိတ်များကို စီမံခန့်ခွဲအုပ်ချုပ်သည့်နည်းစနစ်

26/05/2022 11:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

 ဆိတ်များသည် စားကျက်နှင့် ခြံလှောင်မွေးမြူသည့်စနစ်ကို မျှတအောင် ပေါင်းစပ်မွေးမြူရခြင်း ဖြစ်သည်။ ခြံစည်းရိုးခတ်၍ ထိန်းချုပ်လွှတ်ကြောင်းခြင်း အပေါ်တွင် လိုအပ်သည့်အစာနုများ ဖြည့်စွက် ကျွေးခြင်းဖြစ်သည်။ ကြိုးချည်၍ လွှတ်ကျောင်းခြင်းအစား ခြံစည်းရိုးခတ်၍ လွှတ်ကျောင်းမွေးမြူခြင်း က ပို၍ကောင်းသည်။ ကြိုးချည်၍ လွှတ်ကျောင်းသည့်အခါ လည်ပင်းညှစ်ထားသည့် ပုံစံမျိုးမဖြစ်စေရန် ဂရုပြုရမည်။

မိုးရာသီအတွင်းတွင် ဆိတ်များကို အောက်ပါနည်းလမ်းများအတိုင်းဂရုပြု၍ စီမံအုပ်ချုပ်ရမည်။

 

(၁) အရိပ်နှင့်သောက်ရေရရှိရမည့်အပြင် လိုအပ်ပါက မိုးရေမစိုစေရန် အကာကွယ်များ ပံ့ပိုးထားရမည်။

 

(၂) လတ်ဆက်ပြီး မြက်အမျိုးမျိုးစားနိုင်ရန်အတွက် ကြိုးချည်၍ လွှတ်ကျောင်းသောဆိတ်အား နေရာ ရွှေ့ချည်ပေးရန် လိုအပ်ပါသည်။

 

(၃) မိုးရာသီကာလများအတွင်း စားကျက်တွင် အစားရှာစားသည့်အချိန် ကန့်သတ်ချက်များရှိရမည်။

 

(၄) ကပ်ပါးပိုးများ စိုစွတ်သည့် မြက်ပင်များပေါ်တွင် ရှင်သန်နေထိုင်ကာ ဆိတ်တွေကို အလွယ်တကူ ကူးစက်စေနိုင်တဲ့အတွက် မွှားတွယ်ကပ်တတ်သည့် ဒေသတွင် တစ်ပတ်လျှင် ၂ကြိမ် ပိုးသတ် ဆေးဖျန်းခြင်း သို့မဟုတ် နှစ်ပေးခြင်းများပြုလုပ်ရန် လိုအပ်မည်။

 

(၅) မိုးရွာသည့် အချိန်တွင်ဆိတ်များအား အမိုးအကာအောက်တွင်ထားပြီး မိုးမရွာမှ ပြန်လည် လွှတ်ကျောင်းရပါမည်။

 

(၆) စားကျက်တွင် အစာစားရန်အချိန်လုံလောက်မှုမရှိပါက မြက်ခြောက်နှင့် အစာစိမ်းများကို ယူ ကျွေးရန်လိုအပ်သည်။

Ref; စိုက်ပျိုးပညာပေးရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ထုတ်ဝေသော ခေတ်မီမွေးမြူရေး နည်းပညာများစာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။

 ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်