ဆိတ်အရှင်စျေးကွက်စံချိန်တင်မြင့်တက်... တစ်ပိဿာ ကျပ် ၂၃၀၀၀ ကျော်အထိရှိနေ

10/12/2025 15:00 PM တွင် AMIA AMIA မှ ရေးသား

ပြည်တွင်းမွေးမြူရေးကဏ္ဍမှာ ဆိတ်အရှင်ရောင်းစျေးကွက် ​စံချိန်တင်မြင့်တက်လာပြီး တစ်ပိဿာကို ၂၄၀၀၀ဝန်းကျင်အထိ ​စျေးရှိလာတယ်လို့ ဈေးကွက်အတွင်းစုံစမ်းသိရှိရပါတယ်။

အညာဒေသ ဆိတ်မွေးမြူရေး စျေးကွက်မှာ အလေးချိန် ၁၀ ပိဿာ အထက်ရှိတဲ့  ဆိတ်အရှင် (အမ) က တစ်ပိဿာ ၁၈၀၀၀ ကျပ် ဝန်းကျင် စျေးရှိပြီး  ပေါင်ချိန်နဲ့ဆိုပါက တစ်ပေါင်ကို ၅၀၀၀ မှ ၆၀၀၀ ကျပ်အတွင်း စျေးရှိနေတယ်လို့ သိရပါတယ်။

ဆိတ်အရှင် ( အထီး) ကတော့ ပိဿာချိန် ၁၅ ပိဿာအထက်ရှိပါက  တစ်ပိဿာကို  ၂၃၀၀၀ ကျပ်အထက် စျေးရှိပြီး ပေါင်ချိန်နဲ့ဆိုပါက တစ်ပေါင်ကို ၆၅၀၀ မှ ၇၀၀၀ ဝန်းကျင်အထိ ရှိလာနေတာ ဖြစ်တယ်လို့ သိရပါတယ်။

"အခု ဆိတ် စျေးကွက်က မြင့်နေတာပေါ့။ ကျွန်တော်က ဆိတ်မ ဆိုရင် တစ်ပိဿာ ၅၀၀၀ နဲ့ရောင်းတယ်။ ဆိတ်ထီးဆိုရင် တစ်ပိဿာ ၆၅၀၀ ရောင်းတယ်။ တခြားရောင်းသူတွေက ဒီထက်စျေးနှုန်း မြင့်တာလည်းရှိတယ် " လို့ အညာဒေသရှိ ဆိတ်ရောင်းဝယ်ရေးလုပ်ကိုင်သူ ကိုကျော်က ပြောပါတယ်။

ဆိတ်အရှင်ရောင်းစျေးက နေရာဒေသ အကွာအဝေးပေါ်လိုက်ပြီး စျေးနှုန်း ကွာခြားမှုရှိပေမယ့် အနိမ့်ဆုံး ရောင်းစျေးကတစ်ပိဿာကို ၅၀၀၀ကျပ် ဖြစ်တယ်လို့သိရပါတယ်။

လက်ရှိမှာ ဆိတ်အရှင်ကို ပြည်ပက ဝယ်လိုအား ရှိနေတဲ့အပြင် ပြည်တွင်းစားသုံးမှုလည်းရှိလာတာကြောင့်  ဆိတ်စျေးကွက် မြင့်တက်လာတာ ဖြစ်တယ် လို့သိရပါတယ်။ ပြည်တွင်းမွေးမြူရေး ကဏ္ဍမှာလည်း နယ်မြေအခြေအနေအရ ဆိတ်မွေးမြူရေး လုပ်ကိုင်သူ လျော့ကျလာတဲ့ အခြေအနေတွေကြောင့် ရောင်းလိုအားနည်းပြီး ဝယ်လိုအားများတဲ့အတွက် ဆိတ်အရှင်စျေးကွက် မြင့်တက်လာနေတာဖြစ်တယ်လို့သိရပါတယ်။

" ဆိတ်အရှင်က ပြည်ပ ပို့တာရှိတယ် ။ အခုက အသားစားမှုလည်း များလာတယ် ။ အသားစျေးလည်း တက်တော့ ​အရှင်ဖမ်းစျေးလည်း တက်တာပေါ့။ ဆိတ်ထီးရော အမရော အကုန်အဝယ်လိုက်တယ်  " လို့ သူကထပ်မံပြောပါတယ်။

ဆိတ်ကိုတော့ အညာဒေသဖြစ်တဲ့ မကွေးတိုင်း၊ မန္တလေးတိုင်းတို့မှာ အဓိက လုပ်ကိုင်သူများပြီး ကျန်တဲ့ စစ်ကိုင်း၊ ပဲခူးတိုင်းနဲ့ အခြား ပြည်နယ်နဲ့ တိုင်းဒေသကြီးမှာတော့ ဒေသအလိုက် မွေးမြူမှုရှိကြပါတယ်။ ဆိတ်တွေဟာ နွေရာသီမှာ ရောဂါကင်းပြီး ကြီးထွားမှုနှုန်းကောင်းကာ မိုးရာသီမှာ တော့  ရောဂါဖြစ်ပွားမှုရှိပြီး ကြီးထွားမှုနှုန်းလည်း နှေးတယ်လို့သိရပါတယ်။

ချစ်ခွန်းချို(AMIA)

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်