ငါးသစ်တုံးငါး

06/07/2020 11:30 AM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ငါးသစ်တုံးငါး(goby fish)များမှာ ရေချိုပိုင်းတွင် အများဆုံးတွေ့ရှိရပြီး မြစ်၊ ချောင်း၊ အင်းအိုင်၊ ချောင်းမြောင်းများတွင်ရရှိတတ်ကြပါသည်။ မြန်မာနိုင်ငံအပြင် အိန္ဒိယ၊ အင်ဒိုနီးရှား စသည့်နိုင်ငံများတွင်လည်း တွေ့ရှိရပါသည်။ ငါးသစ်တုံးငါးလေးများမှာ သူတို့၏အစာအဖြစ် ကျောရိုးမဲ့ရေသတ္တဝါငယ်များ၊ ငါးငယ်များကို စားတတ်ကြပါသည်။

ငါးသစ်တုံးဟုခေါ်ကြသော်လည်း သစ်တုံးလို မာမာချာချာ ကြီးကြီးမားမားငါးမျိုးစိတ်များ မဟုတ်ကြပါ။ ငါးအငယ်စားလေးများဖြစ်ကြပြီး မိုးတွင်ကာလ ဩဂုတ်၊ စက်တင်ဘာလလောက်တွင် ငါးသစ်တုံးလေးတွေ ပေါ်သည့်အချိန်ဖြစ်ပေသည်။

ဒေသခံများမှာ ငါးသစ်တုံးငါးကို ဆီပြန်၊ အကြွပ်ကြော်၊ ထောင်းကြော်၊ အိုးကပ်ပင်စိမ်းအုပ် စသည်ဖြင့် ပြုလုပ်စားသုံးကြပါသည်။ ငါးသစ်တုံးငါးလေးများသည် အရိုးပါဝါးစား၍ရသော ငါးလေးများဖြစ်၍ ငါးသစ်တုံးငါးလေးများကို စားပေးခြင်းဖြင့် အရိုးပွရောဂါမဖြစ်အောင်လည်း ကြိုတင်ကာကွယ်ပေးနိုင်ပါသည်။

ငါးသစ်တုံးငါးအိုးကပ်ပင်စိမ်းအုပ်ဟင်းမှာ လူကြိုက်များပြီး ဒေသခံများ နှစ်ခြိုက်စွာ ချက်စားတတ်ကြပါသည်။ ငါးသစ်တုံးမှာ ငါးသေးသော်လည်း ချက်ရသည့်ပညာမှာ မသေးလှပေ။ ချက်နည်းမှာ - ငါးသစ်တုံးငါးကို နနွင်း၊ ဆား၊ အရသာမှုန့်ဖြင့် နယ်ထားပြီး ကြက်သွန်ဖြူ/နီ၊ နနွင်းမှုန့်နှင့် အရောင်တင်မှုန့်နဲနဲစီထည့်ပြီး ဆီသတ်ရပါသည်။ ကြက်သွန်နဲနဲလိပ်လာပါက ငါးထည့်ပါသည်။ ငါးကို စထည့်ချိန်မှာပဲ ကောင်းကောင်းမွှေပေးရပါသည်။

ခဏခဏမွှေလျှင်ငါးကြေတတ်၍ဖြစ်သည်။ နောက်ပိုင်း ဟင်းအိုးမတူးရအောင်လှုပ်လှုပ်ပေးရပါသည်။ ရေမထည့်ပါ။ ငါးကအရည်တွေခန်းလာပြီး ဆီပြန်ကာ ခြောက်လာပြီဆိုလျှင် ငါးလေးအိုးကပ်ဟင်းကျက်ပါပြီ။ ဟင်းအိုးချကာနီးမှ ပင်စိမ်းရွက်လေးခြွေပြီး ထည့်ပါသည်။ အဓိကအချက်မှာ ငါးလတ်ဆတ်မှ ငါးလေးတွေမကြေဘဲ အကောင်လိုက်လေးများအတိုင်း ဖြစ်ပါမည်။ ဆီနည်းလျှင်လည်း အိုးကပ်ပြီး တူးတာဖြစ်တတ်ပါသည်။ ငါးသေးသော်ငြား ပညာမသေးလှပေ။ ငါးသစ်တုံးအိုးကပ်ဟင်းကို ပိုမိုဆွဲဆောင်စေတဲ့အချက်မှာ ပင်စိမ်းအုပ်သည့် ရနံ့လေးပင်ဖြစ်ပါသည်။

တစ်သက် မမုန်းရလေအောင် ငါးသစ်တုံး ချက်ကျွေးမယ် မောင်" ဟူသော ကဗျာအဖွဲ့အနွဲ့လေးနှင့်လည်း ငါးသစ်တုံးငါး၏ စွဲမက်ဖွယ်အရသာရှိပုံကို တင်စားထားကြပြန်သည်။

ငါးသစ်တုံးငါးကို -

Phylum (မျိုးပေါင်းစု) - Chordata

Class (အမျိုးအစား) - Actinopterygii

Order (မျိုးစဥ်) - Gobiiformes

Family (မျိုးရင်း) - Oxudercidae

Genus (မျိုးစု) - Stigmatogobius

Species (မျိုးစိတ်) - Stigmatogobius Sadanundio

ဟူ၍ ဖြစ်ပါသည်။

ပင်လယ်ပြာ(ငါးဦးစီး)

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်